EP 4 (Sehun Version)

2.2K 280 26
                                    

ရုတ်တရက် ဆန်လွန်းတဲ့ ခရီးကို ကျတော်နဲ့ Luhan အဝတ်တထည် ကိုယ်တစ်ခုနဲ့ ဘေဂျင်းကို ရောက်လာကြသည် ။ ကလေးကတော့ ကိုယ့်မွေးရပ် ကိုယ့်အိမ်ပြန်ရလို့ ပျော်နေပုံရသည် ။ဘေဂျင်းရောက်တာနဲ့ လေဆိပ်ကနေ ပြသနာဖြစ်ရာ စက်ရုံသို့ တန်းသွားပြီး ဖြေရှင်းရသည် ။ 

လာမယ် သိထားသော ကလေး မာမားက ဖုန်းတဂွမ်ဂွမ် ဆက်တာကိုလဲ သူလေးခင်များ မကိုင်အားပေ ။ ညနေစောင်းတော့မှ နေ့လည်စာရယ် ညစာရယ် ပေါင်းပြီး စားဖြစ်သည် ။တစ်နေ့လုံး ဘာသာပြန်ခြင်းနှင့် ကိုယ်ခိုင်းသမျှ ကို မညီးမညူလုပ်ပေးနေတဲ့ သူလေးက ပင်ပန်းနေပြီထင်သည် ။မျက်နှာလေးတောင် ညိုးငယ်ငယ်လေးဖြစ်လို့ပါ ။ အလုပ်ဇောကပ်နေတာနဲ့ အလုပ်ကိစ္စသာ ပြောဖြစ်ပေမယ့် အခုလို အားတဲ့ အချိန်မှာတော့ ဘယ်က စကား စရမလဲ ဖြစ်နေသည် ။ကလေးကြည့်ရတာလဲ ထမင်းကိုသာ ငုံ့စားနေပြီး ကျတော်ကိုရှိန်နေပုံရသည် ။ဟင်းတွေတောင် သေချာထည့်မစားပဲ တချက်ချက် ကျတော့ဘက်ကို မျက်လုံးလေးလှန်ကာ ခိုးကြည့်လာပုံလေးက အသဲယားစရာပင် ။ ဒီအတိုင်းသာ ထိုင်ကြည့်နေမယ် ဆိုရင် အိုဆဲဟွန်းတို့ ထမင်းငတ်လိမ့်မည် ။ လူကြီးပီပီ ကိုယ်ကပဲ စကားစရမယ့် အခြေနေဆိုတော့"Hotel အခန်းယူပြီးပြီလား " ရုတ်တရက် ထမေးလိုက်တော့ သူလေး လန့်သွားပုံရပြီး ကြောင်တက်တက်နဲ့ ပြူးကြည့်လာသည် ။ဗျာ~~"Hotel အခန်းလုပ်ပြီးပီလားလို့ မေးတာ မလုပ်ရင် ငါက လမ်းဘေးအိပ်ရမှာလား ? " ကျတော် နည်းနည်းလေး ရင်းနှီးမလားဆိုပြီး အရွှန်းဖောက်ဖို့ ကြိုးစားလိုက်ပေမယ့် ပြောလေ့ပြောထ မရှိတော့ အသံက ထောင့်ထောင့်ကြီး ထွက်သွားသည် ။ သူလေးကတော့ ကိုယ့်ရဲ့ အပြောမှာ ဆက်ခနဲ့ တုန်သွားတာကို မြင်ရတော့ စိတ်မကောင်းပေ ~ကိုယ်က ကြောက်ဖို့ ကောင်းနေပြီလား" ဟို~~ကျတော် မစီစဉ်ရသေးဘူးဗျ အခု စီစဉ်လိုက်ပါ့မယ် "ပြောပြောဆိုဆိုနု့ စားလက်စကို ရပ်ရင်း စက်ရုံနဲ့ အနီးဆုံး ဟိုတယ်ကို ရှာရင်း ဘွတ်ကင်လုပ်နေပုံရသည် ။ ကျတော်လိုချင်တာ သူထမင်းမစားပဲ ဟိုတယ်ရှာဖို့မှ မဟုတ်တာ ။သူနဲ့ စကားပြောချင်လို့ စကားခေါ်တာလေ ။ဟိုတယ်ဆိုတာမျိုးက ကျတော် ကိုယ့်ဘာသာ လုပ်စရာမှ မလိုတာ HR department က လုပ်ပေးတာပဲလေ ။"ကျတော် Superior ပဲ လုပ်ထားလိုက်ပါတယ် Sehun Hyung နံမည်နဲ့ "အံမယ် ဒင်းလေးက အိမ်ပြန်အိပ်မယ့် ဆိုတဲ့ သဘောနဲ့ အခန်းကို တစ်ယောက်စာပဲ လုပ်လိုက်ပုံရသည် ။ရုတ်တရတ် သူ့ကို စချင်တဲ့ စိတ်တွေ ပေါ်လာကာ"Family room လုပ်ပြီးတော့ ကုတင် အကြီးနဲ့ အသေး ထည့်ခိုင်းလိုက် , ငါ ကုတင်သေးရင် မအိပ်တတ်ဘူး " ခေါက်ဆွဲစားရင်း မကြည့်ပဲ ပြောလိုက်သည် ။ ကြည့်မိရင် သူဖြစ်သွားတဲ့ မျက်နှာကို ကိုယ့်မှာ ရီချင်နေဦးမှာ"အခန်းကျယ်တာ ကြိုက်ရင် Deluxe ကို ကျတော် King size bed လုပ်ခိုင်းလိုက်ပါ့မယ် ""ဟေ့ကောင် လျှာမရှည်နဲ့ ငါ မင်းနဲ့ အတူကပ်မအိပ်နိုင်ဘူး ""ဗျာ~~ဟိုဟာလေ ကျတော်က အိမ်ပြန်အိပ်လိုက်ပါ့မယ် Hyung တစ်ယောက်ထဲ ဆို Deluxe က အဆင်ပြေမှာပါ ""ဘာ~~Luhan မင်းကိုမင်း အပျော်ခရီးထွက်လာတယ်များ မှတ်နေလား အလုပ်ကိစ္စနဲ့ လာတာဟ ၊ မင်း အိမ်ပြန်နေတုန်း ငါ့မှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့ရင် မင်း ဘယ်လိုလုပ်မှာလဲ ။ စကားပြန် တစ်ယောက်က ဘာတစ်လုံးမှ နားမလည်တဲ့ အလုပ်ရှင်ကို ပစ်ထားခဲ့မယ် ဆိုတာ အလုပ်တော့ သိပ်မဟုတ်သလိုပဲ ။ အလုပ်ကိစ္စနဲ့ခရီးထွက်လာတယ် ဆိုကတည်းက ၂၄နာရီ တာဝန်ရှိတယ် ဆိုတာ မင်းနားမလည်ဘူးလား "စတာလွန်သွားပြီး ထိုကလေးလေး မျက်နှာက နီရဲကာ ငိုချင်စိတ်ပေါက်သွားပုံနဲ့ လှုပ်လှုပ်ရှားရှားလေး ဖြစ်သွားတာလေးက ချစ်ဖို့ကောင်းလွန်းနေသည် ။ ငိုရိပ်တွေပေါ်နေသော သမင်မျက်လုံးလေးတွေက အင်မတန်လှလွန်းသည် ။ ငိုလိုက်ပါလား ကလေး ~~ မင်းငိုရင် အရမ်းချစ်ဖို့ ကောင်းမှာပဲ ။ ကိုယ် ချစ်ဖို့ကောင်းတဲ့ မင်းလေးကို ချော့ချင်လိုက်တာ"မ မဟုတ်ပါဘူး Hyung ကျတော် နားလည်ပါတယ် ကျတော် ဟိုတယ်ကို Family room ယူဖို့ ဖုန်းပြန်ဆက်လိုက်ပါမယ် "ဟိုတယ်ကို ဖုန်းတွေပြန်ခေါ်ကာ Family room ကို ပြန်ယူလိုက်ကာ လိုအပ်တာများကို ပြန်ပြောနေလိုက်နဲ့ အလုပ်တွေ များသွားတဲ့ သူလေးကို သဘောကျလွန်းစွာနဲ့ပဲ ထိုင်ခုံပေါ်မှီကာ ဆေးလိပ်ကို စိတ်ပြေနပြေ သောက်ရင်း ငေးကြည့်နေမိသည် ။ ဖုန်းဆက် ပီးလို့ သူ့ကို အကျိုးကြောင်းပြောတဲ့ အခါ ~"အေး နောက်ခါ အလုပ်ကိစ္စကို ခေါင်းထဲမှာ ပထမ ဦးစားပေး စဉ်းစားထား , ပြီးရင် သွားမယ် " ပြောရင်းဆိုရင်း ဝိတ်တာကို လှမ်းခေါ်ကာ ပိုက်ဆံရှင်းရန် လုပ်နေသော သူ့အား တလှည့် ပန်းကန်ထဲက အရာမယွင်းသေးသော သူ့ရဲ့ ခေါက်ဆွဲပန်းကန်အား ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်တာလေး တွေ့တော့လဲ စိတ်မကောင်းလိုက်တာ ။ဟိုတယ်ရောက်တော့Check in ဝင်ပြီးတာနဲ့ ဆဲဟွန်းက အောက်ထပ်က ရှော့ပင်းမောမှာ ဈေးဝယ်မယ် ဆိုပြီး လုဟန်ကို ဆွဲခေါ်လာရသေးသည် ။ ကျတော်ကတော့ ဗိုက်တွေ ပြည့်သွားပေမယ့် သူလေးခင်များ ကိုယ် နှိပ်စက်လိုက်တာနဲ့ ခေါက်ဆွဲတောင် ကုန်အောင် မစားနိုင်ခဲ့တာ သိလေတော့ သူကြိုက်နိုး ကြိုက်ရာလေးတွေကို ခြင်းတောင်းထဲ ကောက်ထည့်လိုက်သည် ။ နောက်က ကောင်လေးကတော့ ခြေထောက်တွေ တရွတ်ဆွဲကာ အိပဲ အိပဲ့ လိုက်လာပုံလေးက ပြေးရိုက်ချင်စရာလေးပါ ။သူလေးပုံက ဘာနဲ့ တူလဲ ဆိုတော့ ကလေးလေးတွေ လိုတာမရတော့ ငိုတော့မယ့်ပုံနဲ့ အခုပဲ မျက်လုံးရွဲကြီးတွေကနေ မျက်ရည်တွေ ထွက်လာတော့မယ့်ပုံလေးဖြစ်နေတာပါ ။ တချို့ ကလေးတွေ ရှိပါတယ် ~~ စိတ်ဆိုးလို့ ငိုရင် အရမ်းချစ်ဖို့ ကောင်းတာမျိုးပေါ့ အဲ့လိုကလေးမျိုးဆိုရင် မငိုငိုအောင် စချင်မိတတ်ကြတယ် မဟုတ်လား ။ တဗြဲဗြဲ နဲ့ ထငိုတော့မှာ ပါးတွေပိတ်နမ်းပြီး ရင်ခွင်ထဲ ပွေ့ပိုက်ဖက်ပြီး ချော့ရတာ ကြည်နူးမှု တမျိုးပဲ မဟုတ်ပေလားဝယ်ပြီး ပိုက်ဆံရှင်းတော့ အထုပ်က နှစ်ထုတ် ~စူပုတ်နေသော ကောင်လေးကို သယ်ခိုင်းတော့ သူက ကျတော့နောက်ကနေ အိပ်ကို မနိုင်မနင်းသယ်ရင်း ပြေးလိုက်လာလေသည် ။ အိပ်က သိပ်မလေးပေမယ့် သူလေး လက်ဖဝါး သွေးခြေဥမှာတော့ စိုးရိမ်မိတော့ ကိုယ့်ကိုယ်ကို စိတ်ပျက်စွာ ဓါတ်လှေကားထဲမှာ ကျွတ် ခနဲ့ မြည်တမ်းမိတော့ သူလေးက ခေါင်းမော့ကြည့်လာခဲ့သည် ။ အထင်မလွဲပါနဲ့ ကလေးငယ်အခန်းထဲ ရောက်တော့သူ့က ကုတင်အကြီးနဲ့ သာ အိပ်တတ်သည်ဟု ပြောထားသောကြောင့် ဘေးက တစ်ယောက်အိပ် ကုတင်ပေါ်သာ လွယ်အိပ်ကို ပစ်တင်ပြီး နွမ်းနယ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရတော့"ဟေ့ကောင် ~~အံမာ သူက နားဖို့တောင် လုပ်နေတယ် ဒီမှာ ဝယ်လာတဲ့ ဟာတွေ လာစီပြီး အအေးတွေ ရေခဲသေတ္တာထဲ လာသိမ်းဦးဟ " အော်လိုက်တော့ ဝုန်းခနဲ့ ထလာသည် ။ နှုတ်ခမ်းလေးက ရှေ့ကို တစ်ထောင်လောက် ချွန်ထွက်နေတဲ့ ပုံစံလေးနဲ့ စားပွဲပေါ်က အိပ်တွေကို ဆွဲယူမွှေနှောက်နေပြန်သည် ။အတန်ကြာအောင် ရေချိုးပြီး ပြန်ထွက်လာသည့်တိုင်အောင် ဒင်းလေးက စားပွဲပေါ်က အထုတ်ကို မကျေမနပ် စောင်းငန်းငန်း စိုက်ကြည့်နေတုန်းပင် ~ ကိုယ်ကြီး ထွက်လာတာ မြင်မှ ကမန်းကတမ်းထကာ ဝယ်လာတာတွေကို စီထားဖို့ ပြင်နေတာ့သည် ။ပါးစပ်ကလဲ ပွစိပွစိ ပြောရင်း ရေခဲသေတ္တာထဲ ဘီယာဘူးတွေ ထည့်ကာ စီနေသဖြင့် ဘာတွေ ပြောနေလဲ ကြားရမလားဆိုပြီး အနားကပ်ကာ သူစီထားတဲ့ ထဲက ဘီယာဘူးကို ဆွဲယူလိုက်တော့ မျက်စောင်းနုနုလေးက ဒိုင်းခနဲ့ ရောက်လာသည် ။သဘောကျလိုက်တာ ဒီကောင်ပေါက်စလေးကို ~~ ကိုယ့်အောက် အငယ်မရှိပဲ ကြီးပြင်းလာခဲ့ရလို့လားမသိ အငယ်တွေ နဲ့ မဆက်ဆံတတ်ပေမယ့် ဒီကလေးကတော့ တနေကုန် ထိုင်ကလိချင်နေမိသည့် အရုပ်ကလေးနဲ့ တူလွန်းသည် ။"Snacks နဲ့ ချောကလတ်ဘူးက မင်းအတွက် ဝယ်လာတာ ,ဘာမှ မစားရသေးဘူး မဟုတ်လား ""ဗျာ ~~ဟို ကျတော် ~~ရပါတယ် မဆာပါဘူး ""ဘာမဆာတာလဲ အဲ့ချောကလတ်နဲ့ မုန့် မကုန်မခြင်း မင်းအဲ့ဒီ စားပွဲပေါ်က မထနဲ့ "ဒီလိုမှ မပြောရင် စားမယ့်ပုံမမြင်တော့လဲ ခြိမ်းခြောက်လိုက်ရပြန်သည် ။ လုဟန်က သိပ်ကျေနပ်ပုံမရသော အကြည့်တွေနဲ့ ကြည့်လာတော့ စူးစူးရဲရဲ အကြည့်တချက် ပြန်ကြည့်ပေးလိုက်တော့ ပါးစပ်လေး ရွဲ့ကာ မုန့်တွေသာ ပလုပ်ပလောင်း ထိုင်စားနေလေသည် ။ ကိုယ်ကတော့ ဆေးလိပ် တစ်ဖက် ဘီယာဘူး တစ်ဖက်နှင့် ဧည့်ခန်းမှာ အေးရာ အေးကြောင်း TV ထိုင်ကြည့်နေလေသည် အဲ့လေ လုဟန် ထိုင်ကြည့်နေလေသည်ပေါ့ ။ လုဟန် စားပြီးတော့ အမှိုက်ပုံးထဲကို အမှိုက်ပစ် ရှင်းလင်းပြီးတော့ ~~" စားပြီးရင် မင်းအိမ်ပြန်တော့ "" ဗျာ ~~~""အိမ်ပြန်လို့ ပြောနေတယ်လေ ~~ဘာလဲ မပြန်ချင်လို့လား ဒီမှာပဲ အိပ်ချင်နေတာလား "" အဲ မဟုတ်ပါဘူး ကျတော် ပြန်မှာ ကျေးဇူးတင်ပါတယ် ဗျ " လုဟန် ပြောပြောဆိုဆို ကုတင်ပေါ်က လွယ်အိတ်နဲ့ ဦးထုပ်ကို ဆွဲကာ ပြန်ဖို့လုပ်တော့"နေဦး ~~ " အံမာ ဘယ်ကတည်းက ပြန်ချင်နေတာလဲ မသိဘူး ။ဒီလိုပြန်လို့ ရမလား" မင်းအိမ်ကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက် အခု ဆက် "သူ့ မာမားကို ဖုန်းခေါ်ကာ လာခေါ်ခိုင်းပုံရပြီး ဖုန်းဆက်ပြီးတော့ သူ့ကို ခေါင်းငုံ့နှုတ်ဆက်ကာ ပြန်ဖို့ပြင်တော့ ~~"နေစမ်းပါဦး ~ မင်းအိမ်က အခုရောက်နေပြီ မို့လို့ ပြန်ဖို့ လုပ်နေတာလား ""မဟုတ်ပါဘူးဗျ ~ကျတော် Lobby ထဲကနေ စောင့်မလို့ပါ ""မသွားရဘူး အိမ်ပြန်တယ် ဆိုပြီး ငါမသိအောင် တခြားနေရာတွေ ရောက်နေလို့ ငါ့တာဝန် မကင်းဘူး ဖြစ်နေမယ် ၊မင်းအိမ်က ကားရောက်ကြောင်း ဖုန်းဆက်မှ အခန်းထဲက ထွက် "ဘယ်နှယ့် Lobby မှာ စောင့်ခိုင်းစရာလား Lobby မှာ တရုတ်ကောင်တွေ တသိုက်ကြီး စကားတွေ ပြောနေတာ တွေ့ခဲ့တယ်လေ ။ကလေးကို ထိကပါး ရိကပါး လုပ်နေမှဖြင့်အိမ်က ရောက်တယ် ဆိုတာကို receptions က အကြောင်းကြားတော့ အင်မတန်ကို ပျော်ရွှင်သွားပုံရကာ ဝရုံးသုန်းကား နှုတ်ဆက်ကာ ပြေးထွက်သွားသောကောင်လေးဟော~~ မနက်ဖြန် ဘယ်အချိန်လာမှာလဲတောင် မပြောလိုက်ရဘူး ။ မက်ဆေ့ပဲ ပို့လိုက်ပါ့မယ် ~~ -ဪ နေပါဦး အသံလေးကြားချင်တာ ဖုန်းပဲ ဆက်လိုက်မယ်" လုဟန် ~မင်းက အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်ပါလား ဟင် ??" ကိုယ်ပြောလိုက်ပေမယ့် အသံတိတ်နေတော့တွေ့ရတော့ ဒင်းလေး ပါးစပ်အဟောင်းသား ဖြစ်နေမှာ မြင်ယောင်မိရင်း ရီချင်စိတ်ကို ထိမ်းကာ"မင်းမနက်ဖြန် ဘယ်ချိန်လာရမလဲ ဆိုတာ ငါ့ကို မေးသွားလား ပြော ""အာ ဟုတ်ပါရဲ့ တောင်းပန်ပါတယ် ကျတော် ဘယ်အချိန် လာခဲ့ရမလဲ ဗျ ""မနက်ဖြန် ကိုးနာရီ အတိ ရောက်အောင်လာခဲ့ " ပြောပြီးတာနဲ့ ဖုန်းတန်းချ ကာ အားရပါးရ ရီချပစ်လိုက်တော့သည် ။တသက်လုံး မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်မိလောက်အောင် ပြုစားနိုင်လွန်းတဲ့ လုဟန်ရေ မင်းက ဘာကောင်လေးလဲကွာTBC🔜🔜🔜

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ