EP 6 (Sehun Version)

2.3K 263 21
                                    

ပတ်စ်ပို့က Check in လုပ်ကတည်းက ရှော့ပင်းမောထဲ သွားပြီးမှ ယူမယ်ဆိုပြီး မေ့လာခဲ့ကြတာဖြစ်လေသည် ၊ ရလာဒ်အနေဖြင့် နှစ်ယောက်လုံး မသင်္ကာမှုနဲ့ ရဲစခန်းကို လိုက်သွားရတာ ဖြစ်လေသည် ။ ရဲစခန်းမှာ ပြောကြ ဆိုကြ မေးကြ မြန်းကြသည်မှာ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ ညနေပိုင်းမှာ ကလေးလေး ခင်မျာ ရေသုံးဘူး ကုန်သည် အထိ အာခြောက်အောင် ဘာသာပြန်ရလေသည် ။ရစ်နိုင်လွန်းသော တရုတ်ရဲတွေပါတကား~ဒီအချိန်မှာ ကျတော့်အနေနဲ့ ဘာသာစကားနားမလည်သည့် ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့သည် ။ ရဲကိုကိုများက ရှောင်လုကိုသာ ဦးတည်ပြီး မေးနေလေသည် ။ မမေးတဲ့ ကောင်တွေကလဲ ဘေးကနေ ကလေးကို မျောက်ပွဲကြီးလို အုံခဲပြီး ကြည့်နေကြလေ၏ ။လုဟန်ဆိုတဲ့ လဒလေးကလဲ ကိုယ့်ကို ဗို့အားတစ်သောင်းနဲ့ ကြည့်နေတာတွေ မမြင်ဘူးလား မသိဘူး ~ဟိုက မေးသမျှကို အာပေါင် အာရင်းသန်သန်ဖြင့် ရှင်းပြနေလိုက်တာများ နားရင်းတွေတောင် အုပ်ပစ်ချင်တယ် ။နောက်ဆုံး ရလာဒ်က ပတ်စပို့ မပြနိုင်ပါက ဒီည အချုပ်ခန်းထဲတွင် အိပ်ရမည် ဆိုသောကြောင့် အကြီးကျယ် ပေါက်ကွဲလေတော့သည် ။ ရဲစခန်းထဲကနေ လုဟန့်အား ဆွဲထုတ်လာရင်း အပြင်ရောက်တော့"လုဟန် ဒီပြသနာမှာအဓိက တာဝန်ရှိတာ ဘယ်သူလဲ??"ကျတော် ပြောတာကို နားမလည်သဖြင့် လုဟန်က ပြူးကြောင်ပြီး ကြည့်နေလို့"ဘာကြည့်တာလဲ အဓိက တာဝန်ရှိတာမင်းလေ ~~ မင်းအသုံးမကျ လို့ ဒီလိုအဖြစ်မျိုးတွေ ဖြစ်ရတာ ။ ငါ ပတ်စပို့ မေ့နေရင် မင်းက သတိပေးရမယ်လေ ။ မင်းက စကားပြန်ဆိုပေမယ့် ဒေသအကြောင်းမသိတဲ့ ငါ့ကို မင်း တာဝန်ယူရမယ်လေ ဒီလမ်းတွေ သွားရင် ဒီလိုတွေ စစ်တတ်တယ် ဆိုတာ မင်း စုံစမ်းထားသင့်တယ် ။ တကယ်လို့ လူရမ်းကားတွေ ရှိတဲ့ အရပ်ဆိုရင် ငါ အသက်ပါသွားမှာပေါ့~ ငါ့ရဲ့ အလုပ်တွေကို မင်းနဲ့ အတူတွဲလုပ်ဖို့တောင် တော်တော် ပြန်စဉ်းစားရတော့မယ် မင်းက ငါ့ကို ကူညီရာ မရောက်ဘူး ဒုက္ခပေးနေတာပဲ "အကုန်ဝိုင်းငမ်းတာကို ခံနေရသလားဆိုတာပါ ပေါင်းပြီး ဒေါသက ထွက်လာသဖြင့် လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ပြောဆိုနေသောကြောင့် လုဟန်ခင်မျာ ဝမ်းနည်းခြင်းကြီးစွာနဲ့ မျက်ရည်ပေါက်ကြီးများ ကျလာပါတော့သည် ။တစ်ခွန်းထက် တစ်ခွန်း ပိုမို ပြင်းထန်လာသော စကားတွေကို လုဟန်တင်မကပဲ စခန်းထဲရှိ ရဲတွေပါ ကွက်ကြည့် ကွက်ကြည့်နဲ့ လန့်ကုန်ပုံရသည် ။ဟာ~~ ရဲတွေ အာရုံပြောင်းအောင် ပိုပြောပြီးသောင်းကျန်းပြပါတယ်ဆိုနေ ကလေးက ထငိုနေတော့ ပို စိတ်တိုသွားသည် ။ သူ့မျက်ရည်တွေကို မြင်ရတာ ရင်ထဲ စူးအောင့်နေတာပါပဲ ။ငိုနေတာမှ ဘာဘီရုပ်ကလေး သံပတ်ပေးသလို တလှုပ်လှုပ် ဖြစ်နေတာကိုက ပို စိတ်တိုမိသည် ။ သူငိုပုံလေးက လူတိုင်းကို တမေ့တမောငေးစေတာက သူ့အပြစ်လေ ~~မငိုစေချင်ဘူး ~~ သူငိုတာကို ချစ်လို့ စခဲ့ပေမယ့် အခုလို သူများနဲ့ ခွဲဝေ မကြည့်နိုင်ပါဘူး"ဘာ ငိုနေတယ် ဟုတ်လား ~~ မင်းအသက် ၂၀ ရှိနေပြီ ငိုနေရအောင် မင်းက ကလေးလား အခြောက်လား ~~" မျက်ရည်များ ပေါက်ပေါက် ကျနေသော လုဟန့်ရဲ့ ပုခုံးကို ဆုပ်ကိုင်လာ လှုပ်ရမ်းရင်း"ငါ ဒီလောက်လေးပြောတာနဲ့ မင်းက မခံနိုင်ဘူးလား ။ အခု မင်းဟာက ကလေးကစားနေတာ မဟုတ်ဘူး နှစ်နိုင်ငံ အရေးနဲ့ ပတ်သတ်နေတာ ငါ အဖမ်းခံရလို့ ကောင်းကျိုးမရှိဘူး ၊ မင်းတာဝန်သိစွာနဲ့ ဖြေရှင်းပါ ။ ဒီလောက်မှ အရည်ချင်းမရှိရင်လဲ အလုပ်ထွက်လိုက်တော့ ရှန့်ဟိုင်းကို လိုက်မလာခဲ့နဲ့တော့ "ကိုယ်ပြောလိုက်တဲ့ စကားက တော်တော်လေး တာသွားပုံရသည် ။ ကလေးက မျက်ရည်တွေသုတ် မျက်နှာကြောတွေ တင်းကာ ကျတော့်ကို စူးစူးရဲရဲ ကြည့်ပြီး"ဒီကိစ္စကို ကျတော် ရအောင် ဖြေရှင်းပေမယ် စောင့်ကြည့်နေလိုက်ပါ " ပြောပြီး လုဟန် ရဲစခန်းထဲ ဝင်သွားလေသည် ၊ ရဲကိုကိုတို့အား အယ်ဂယိုတွေ နည်းမျိုးစုံသုံး ငိုပြရင်း နောက်ဆုံးတော့ ပတ်စ်ပို့ ဓါတ်ပုံပြနိုင်ရင် ရပြီဟု ပြောလာလေသည် ။ ထို့ကြောင့် ဟိုတယ်အား ချက်ချင်းပင် အဆက်သွယ်လုပ်ကာ ဆဲဟွန်းရဲ့ ပတ်စ်ပို့ကို ပို့ခိုင်းရလေသည် ။ဟိုတယ်က မေးလ်ပို့လိုက်သော ပက်စ်ပို့အား စစ်ကြည့်ခြင်း မဆုံးနိုင်သော မေးခွန်းများကို ဖြေကြားရခြင်းတို့ကြောင့် ရှန့်ဟိုင်းပြန်မယ့် လေယာဉ်လဲ လွတ်ကာ အချိန်က ည ၁၁နာရီအထိပင်ရောက်သွားလေတော့သည် ။ ကားဂိတ်မရှိသော ကြားမြို့ ဖြစ်သောကြောင့် ယောင်လည်လည်နှင့် ဖြစ်နေကြရာ ရဲကိုကိုတို့ လိုက်ပို့သော တည်းခိုခန်းမှာ ညအိပ်ပြီး မနက်၆နာရီကြမှ ခရီးဆက်ရန် ဖန်လာတော့သည် ။ တည်းခိုခန်းကလည်း ကံဆိုးစွာ တစ်ခန်းထဲ ကျန်တော့သလို ကျန်တဲ့ အခန်းကလဲ ကုတင်တွေ တန်းစီထားသော လူ ၁၀ယောက်ဆန့် အခန်းဟောင်းကြီး ဖြစ်လေသည် ။ ထို့အပြင် မီးကလဲ ကျတော်တို့ ဝင်မှ ကျွမ်းသွားလေရာ တည်းခိုခန်းက လူတွေက လဲစရာ မီးလုံး အဆင်သင့်မရှိဟု ပြောကာ ဖယောင်းတိုင် တစ်တိုင်သာ လာပေးသွားလေသည် ။ဘဝမှာ စိတ်အပင်ပန်းရဆုံး နဲ့ ရင်အခုံရဆုံး အခြေနေကို ပြပါဆိုလျှင်ဒီနေ့ပဲ ဖြစ်လိမ့်မည် ။ ရေပူလဲမရှိသလို စောင်တွေကလဲမှိုနံ့တွေ ထွက်နေပေမယ့် အခန်းထဲမှာ ကလေးရှိနေတယ် ~~ကျတော် နေပျော်ပါတယ်မှောင်မှောင်ကြီးထဲမှာ ထိုင်ကာ စီးကရက်သောက်ပြီး ရင်ခုန်သံတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာတော့ ကလေးက ကျောလေးတွေ တုန်လို့ ရှိုက်နေတာ ကို အမှောင်ထဲကနေ မြင်ဖြစ်အောင် မြင်လိုက်ရသည် ။ ကျတော် ပြောတာ ဆိုတရတွေ လွန်သွားမှန်းသိသလို သူ့ အရွယ်ကလေးနဲ့ ဒီလိုအဖြစ်မျိုးတွေ ကြုံရတော့ ကြောက်ရှာမှပဲပေါ့ ။ ဆဲဟွန်းတွေးရင်း စိတ်မကောင်း ဖြစ်မိသွားသည် ။သို့ပေမယ့် သွားချော့လိုက်ရင် စိတ်ပျော့ပြီး ပိုငိုနေမှဖြင့် ဒီလူစိတ်ထိန်းဖို့ ပိုခက်ပေလိမ့်မည် ။"လုဟန် မအိပ်သေးဘူးလား တစ်လှုပ်လှုပ်နဲ့ အိပ်တော့ မနက် ၆နာရီ မထနိုင်ရင် မင်းကို ငါ ထားခဲ့မှာ ~~" အမှောင်ထဲမှာ သူလေး အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်သွားသည် အထိ ထိုင်စောင့်ကြည့်နေခဲ့တာ ဆေးလိပ်တောင် တစ်ဘူးလုံး ကုန်ခါနီးနေလေပေသည် ။ ခြေလက်သန့်စင်ပြီး ကုတင်ဘက်ကို ပြန်လာတော့ ကလေးက မှောက်ရက်အိပ်ပြီး စောင်တွေ ကန်ချထားတာတွေ့ရသည် ။မှောက်အိပ်နေသော ကလေးကို အသက်ရှုကြပ်မှာ စိုးလို့ အသာယာနေရာလေး ပက်လက်လှန်ပေးကာ စောင်ကို သေချာခြုံပေးလိုက်သည် ။မျက်စိနားထိ ဝေ့ကျနေသော ဆံပင်ပျော့ပျော့လေးတွေကို သပ်တင်ပေးလိုက်တော့ နှဖူးပြင်ပြေပြေဖွေးဖွေးလေးနဲ့ ကလေးက ညမီးမှိန်မှိန်အောက်မှာ ချစ်စာ အရုပ်ကလေး တစ်ရုပ်နှယ်ပါအူးယားလွန်းလို့ ဖျစ်ညစ်ပစ်ချင်တဲ့ စိတ်ကို ထိမ်းကာ နှဖူးပြင် ဖွေးဖွေးလေးအား ငုံ့ကာ နမ်းမိတော့ ရင်အစုံက တဒုံးဒုံး လှုပ်ခပ်လို့ နေပါသည် ။ဆဲဟွန်း ကိုယ့်ဘာသာကိုယ် ဘာအပြူမူတွေ လုပ်မိမှန်းကို နားမလည်နိုင်လာက်အောင်ပါပေ ။တညလုံး ရင်တွေ တလှပ်လှပ်နဲ့ တော်တော်နဲ့ အိပ်မပျော်သဖြင့် ကလေးရှိရာဘက်ကို မျက်နှာမူကာ ကြည့်ရင်းနဲ့ မှေးခနဲ့ အိပ်ပျော်ပြီး ပြန်နိုးချိန်မှာတော့ မနက် ၅နာရီထိုးနေပြီ ။ ကလေးက စောင်တွေ ကန်ချ ထားပြန်သဖြင့် ကုတင်ပေါ်မှာ လူတခြား စောင်တခြား ကားယားလေးနဲ့ပေါ့ ။စောစောစီးစီး သူ့ပုံစံလေးကို ရီချင်သွားကာ ဓါတ်ပုံလေး တစ်ပုံ မထင်မှတ်ပဲ ရိုက်ယူထားမိလိုက်တာတော့ သူလေး အပြစ်မတင်လောက်ပါဘူးလေ ~~မနက်အစောဖြစ်လို့ အခန်းက အေးစိမ့်စိမ့်နဲ့ စောင်က တခြားဖြစ်နေတော့ ချမ်းနေသည့်ထင်သည် ။ ကလေးငယ်က တလှုပ်လှုပ်နဲ့ ကွေးကာ ပုံစံပြောင်း လိုက်တော့ စောင်ကို ပြန်ခြုံပေးရန် ရည်ရွယ်လိုက်သည် ။ ကလေးစောင်လေးက လူနဲ့ ကင်းကွာနေတော့ အေးစက်စက်ကြီး ဖြစ်နေသဖြင့် ကိုယ်ခြုံလက်စ လူငွေ့နဲ့ နွေးနေသော စောင်လေးနဲ့ လဲခြုံပေးလိုက်သည် ။ငါးခွဲလောက်ကြတော့ ကားဂိတ်ကို ပို့မယ့် ရဲတွေ ရောက်လာပေမယ့် ကလေးက မထသေးတော့ မနှိုးရက်ပေ ။ သူလေး မနေ့က စိတ်ရော လူပါ ပင်ပန်းထားတာဆိုတော့ ပို အိပ်စေချင်သေးသည် ။မနက် ၆နာရီ မတ်တင်းနေပြီ မနည်းကုန်းရုံးထလာပုံရသော ကလေးက အခန်းအပြင်ထွက် ဆေးလိပ်သောက်နေသော ကျတော့နားကို ရောက်လာသည် ။ ဌက်သိုက်လို့ ရှုပ်ပွနေသော ဆံပင်တွေကို သပ်တင်ပေးချင်မိသော လက်ကို အိပ်ထောင်ထဲ အတင်းထိုးထည့်ရင်း"နိုးပြီလား သွားရအောင် ~~ ကားဂိတ်လိုက်ပို့ဖို့ လာကြိုတဲ့ ဆိုင်ကယ်ရောက်နေတယ် မင်းမထသေးလို့ စောင့်ခိုင်းထားတယ် ~~ "အပြင်ထွက်လိုက်တော့ ရဲကိုကိုတို့ စီစဉ်ပေးသည့် ဆိုင်ကယ်က တစ်စီးတည်းပါ ~~လူက နှစ်ယောက်ဖြစ်သည့်အတွက် တစ်ခြားတစ်စီးရှာရန် လုပ်သောလည်း အဆင်မပြေသောကြောင့် တစ်စီးတည်းကို ၃ယောက်စီးရန် ပြင်ရလေတော့သည် ၊ နောက်ဆုံးက စီးရင် ပြင်သော ကလေးအား ဆဲဟွန်းက ခပ်မြန်မြန်ပင် အလယ်မှာဆွဲတင်ကာ သူက နောက်ကနေ ခွထိုင်လိုက်သည် ။"လူကောင်သေးသေးလေးနဲ့ နောက်ထိုင်လို့ ပြုတ်ကျခဲ့လို ကျခဲ့မှန်းတောင် သိမှာ မဟုတ်ဘူး ~~" ရှေ့က မောင်းနေတဲ့ သူနဲ့ သူလေး ရင်ခြင်းသွားအပ်မိမှာ စိုးလို့ တစ်လမ်းလုံး နောက်ကနေ သိုင်းမဖက်ရုံတမယ် ပုခုံးကို ကိုင်လာသောကြောင့် သူ့ရင်ခွင်ထဲ အလုံးစုံ ဝင်နေရသည်မှာ ကလေးက တော်တော်ပင်နေရခက်ပုံရပြီး သက်ပြင်းတွေ လှိမ့်ချနေပေမယ့် မသိချင်ယောင်သာ ဆောင်ထားလိုက်ရသည် ။ကားဂိတ်ရောက်တော့ ကားက စောင့်ရမည် ဖြစ်ကာ လူစီးကားသီးသန့်မဟုတ်ပဲ ရွာထဲက လူတွေနဲ့ အတူတူ တွဲစီးရမည့် လိုင်းကားပုံစံမျိုးဖြစ်နေလေသည် ။ ကားဂိတ်မှာ ကားစောင့်နေရင်း ကလေးဘေးနားမှာ လွယ်အိတ်ကို ချပြီး ဘေးပတ်ဝန်ကျင်ကို လှည့်ကြည့်မယ်ပြောကာ ထွက်သွားသည် ။သွားစရာ ဆိုတာထက် တလမ်းလုံး ရင်ခွင်ထဲမှာ နေခဲ့ရလို့ ကျတော့ကို ခုချိန်ထိ မျက်နှာချင်းမဆိုင် ကြက်ကြီး လည်လိမ်ထားသလို ရှက်ပြီး မျက်နှာလွှဲနေတဲ့ သူလေး နေရထိုင်ရ အဆင်ပြေအောင် ရှောင်ပေးခြင်းပါ ။ ။ ကားလာသည် အထိ သူ့ကို ထိုင်ကြည့်နေတာ စာအုပ်တအုပ်ထဲ ဘာတွေ ဒီလောက်တောင် သဲကြီးမဲကြီး ထိုင်ရေးနေသလဲ ဆိုတာများ နောက်က ကိုယ်ရောက်လာတာကို သူ မသိနိုင်အောင်ပါပဲ ~~ ဘာရေးနေတာလဲ မေးလိုက်တော့ သူ့လေးက လန့်ဖြတ်ပြီး လက်ထဲက စာအုပ်တောင် ပြုတ်ကျသွားရလေသည် "ဘာများ လန့်စရာပါလို့လဲ~~ ထ ကားလာနေပြီ "တရုတ်လို နားမလည်တာ တော်တော်လေး ဆိုးရွားသည် ။ ဒင်းလေး ရည်းစာစာတွေများ ရေးနေလေသလားကားကတော့ ငါးပိသိပ် ငါးချဉ်သိပ်ကာ လိုက်ရပြီး ကျတော်တို့က နောက်ဆုံးတန်းမှာ နေရာရလေသည် ။ နောက်ဆုံးတန်းမှာ ငါးယောက်ထိုင်ရပြီး ဆဲဟွန်းက ပြတင်းပေါက်ဘေးနားမှာနေရာကြိုဦးလိုက်သဖြင့် ကလေး ကတော့ ကျတော့ ဘေးနားမှာပေါ့ ခုံတန်းမှာ လူက ၅ယောက်ပြည့်အောင် ထိုင်ရမှာလေ ။ ကားထွက်ပြီး ဆယ်မိနစ်လောက်နေတော့ ကလေးက ကျတော့ ဘက်ကို မသိလိုက်မသိဘာသာ လိုက်ယိမ်းနေသဖြင့် ကြည့်လိုက်တော့ အရက်သမားလို လူက ထိကပါး ရိကပါး လုပ်နေတာကို တွေ့ရသည် ။ ကလေးကို သေချာ ဂရုမစိုက်ဘဲ နားကြပ်တပ် မျက်စိမှိတ်လာသည့် ကိုယ့်ကိုယ်ကို ဆဲချင်မိသွားပြန်နေခိုက် အရက်သမားလိုလူက ကလေးရဲ့ ရင်ခွင်ထဲ ကျတော့ မတက် ခေါင်းစိုက်လာစဖြင့် ကျတော် ရင်ခွင်ထဲ အမြန်ပင် ဆွဲပွေ့လိုက်ရသည် ၊ကျတော့်ရဲ့ ဆွဲယူမှုကြောင့် အရက်သမားကြီး ဟန်ချက်ပျက် ယိုင်နဲ့သွားကာ ပြန်မတ်သွားလေသည် ။"လုဟန် ဒီဘက်လာထိုင်စမ်း ~~~"ဗျာ ~~ သူ့ မှာလဲ ကိုယ်နဲ့ တွေ့မှ ဗျာ ရပေါင်း များနေပြီ ၊စိတ်မြန်လက်မြန်ရှိစွာ ကလေးကို ဆွဲကာ ပြတင်းပေါက်ဘေး ကို ပစ်သွင်းလိုက်ပြီး နေရာချိန်းလိုက်တော့မှ အရက်သမားကြီးက မျက်လုံးပဲ ပြူးသွားသလို ထောင်မတ်လို နေသည်မှာ လှုပ်ကို မလှုပ်တော့ပေ ။ပြတင်းပေါက်ဘေး ရောက်သွားသဖြင့် လမ်းတစ်လျှောက် ရှုခင်းကြည့်ရင်း အိပ်ငိုက်ကာ ပြတင်းမှန်နဲ့ ခေါင်းတိုက်နေသော ကလေးခေါင်းကို ပုခုံးပေါ်တင်ပေးရင် ယဉ်ရပ်နားစခန်းအထိ ရောက်လာခဲ့သည် အထိ ကလေးက မနိုးသေးပေ ။ ၂နာရီ နီးပါးကြာအောင် ပုခုံးပေါ်ကို သူလေးခေါင်းကို တင်လာရတော့ လက်တွေလဲ ကျင်လာသဖြင့် အနည်းငယ် လှုပ်မိတော် သူလေးက နိုးလာပြီး ကျတော်ကို ပြူးကြောင်ကြောင်လေး ကြည့်နေပြန်သဖြင့် ~~နိုးရင် ထတော့ ကားနားတုန်း တစ်ခုခု ဆင်းစားရအောင် ~~~အိပ်ချင်မူးတူး ပြူးကြောင်ကြောင်ပုံစံလေးကအစ ဖမ်းစားနိုင်အောင် မင်းက ဘာကောင်လေးလဲ လုဟန်ရေTBC🔜🔜🔜တခုခုတော့ ပြောသွားပေး

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now