Ep 38

3.3K 422 63
                                    

"ကိုယ့် ခလေးလေး ဘာလုပ်နေလဲဟင် "Phone screen မှာ ပေါ်လာသော ဆဲဟွန်းHyung ပုံရိပ်က အရမ်းကို ရှင်းသန့်နေလွန်းသဖြင့် နှာခေါင်းရှုံ့လိုက်မိသည် ။" ဒီမှာလေ Baekhyung Hyung က သူ့ဘဲကြီးနဲ့ စိတ်ဆိုးပြီး မှားကုန်တဲ့ စာရင်းတွေကို ရှင်းခိုင်းနေလို့လေ "မျက်နှာခြင်းဆိုင် စားပွဲမှာ ထိုင်ပြီး ကွန်ပြူတာထဲ ခေါင်းထိုးနေတဲ့ Baekhyung Hyung က ခေါင်းထောင်ကာ မျက်မှန်ပေါ်ကျော်ကာ ဂျိုကြည့်လာကြည့်နေသည် ။ ကြည့်လဲ ကြည့်ပေါ့ ကျတော့ ကိုကို က ကျတော် ပင်ပန်းမှာ စိုးလို့ အပိုလုပ်တွေ မခိုင်းပါနဲ့လို့ မှာထားတာ တိုင်ပြောပစ်လိုက်မှာပေါ့" ဟာ ~~ Hyung ကလဲ ကိုယ့်အလုပ်ကို နိုင်အောင် လုပ်ပါဆိုနေ ကျတော့ ခလေးလေး ပင်ပန်းတော့မှာပဲ " Video call ထဲကနေ လှမ်းအော်နေသော ဆဲဟွန်း အသံကို ကြားတော့Baekhyung က ကတ်ကတ်လန်အောင် ထအော်သည် ။" ဟေ့ကောင် သောက်ပိုတွေ ပြောမနေနဲ့ အလုပ်လဲ မခိုင်းရသလို တနေ့တနေ့ သူဂျီကျတာ ခံနေရတာနဲ့ အလုပ်ထုတ်ချင်နေပြီ ""ဟာ ထုတ်လို့ ရမလား Xiao Lu. လေးက ကျတော် တစ်ယောက်ထဲ အတွက် သီးသန့် ဝန်ထမ်း ကျတော်ပဲ သုံးခွင့်ရှိသလို ကျတော်ပဲ ခိုင်းခွင့်ရှိတာ "ထုံးစံအတိုင်း ကျတော့ အတွက်နဲ့ သူတို့ နှစ်ယောက် စကားများကြပေဦးမယ် ။ ဆဲဟွန်းမရှိတော့ အလုပ်မလုပ်ချင်တော့ သဖြင့် အလုပ်ထွက်ကာ အိမ်ပြန်ဖို့ လုပ်သော ကျတော့ကို အထွက်မခံခဲ့သလို သူခတ္တ ခရီးသွားနေခိုက် နေမြဲအတိုင်း အလုပ်မှာနေပါဟုပြောကာ သူကိုရီးယားမှ ရံဖန် ရံခါ လှမ်းခိုင်းသော အလုပ်လေး တစ်ခု နှစ်ခုကို အယောင်ပြလုပ်ကာ သူအားတိုင်း Video call ထိုင်ခေါ်သမျှကို ချက်ခြင်း ဖြေရသော အလုပ်ကို ပင်တိုင်လုပ်နေရသည်မှာ သုံးလပင် ပြည့်ခဲ့လေပြီရန်ဖြစ်လို့ အားရတော့ ကျတော့ ဘက်ကို လှည့်လာပြန်သည် ။"ကလေး ကိုယ် တက်ခိုင်းတဲ့ သင်တန်း စုံစမ်းပြီးပြီလား ""မစုံစမ်းရသေးဘူး ""ဟာ ကလေးရာ~~ ဘာလို့ ပြောစကားကို နားမထောင်ရတာလဲ ကလေး ဒီသင်တန်းကနေ Diploma ရပြီးမှ ကျောင်းဆက်တက်ဖို့ ကိုရီးယားလာလို့ ရမှာလေ "" ကိုကို ကျတော့ဆီ လာလို့ မရဘူးလားဟင် " တစ်နေ့ကို ဆယ်ခါက်ထက် မနည်း ပြောဖြစ်ကြတဲ့ Video call တိုင်းမှာ အမြဲတူညီတဲ့ အဖြေပဲ ထွက်လာမှာ သိပေမယ့်လဲ အမှတ်မရှိ ပြန်မေးမိလိုက်ပါသည် ။" ကိုယ့်အလုပ်တွေက အကုန် ကိုရီးယားမှာ အခြေချထားတာလေ ခလေးရယ် ကိုယ်လဲ လာချင်တာပေါ့ "အလွတ်ရနေပါပီ သူ့ရဲ့ များပြားလှတဲ့ တာဝန်တွေကို ရွတ်ပြမယ် ပြီးရင် ကျတော့ကို ကိုရီးယားလာဖို့ ဆွယ်ပါမယ် ။ ကျတော်လဲ သွားချင်တာပေါ့ ~~ ဒါပေမယ့် ချစ်သူက ကျတော့ဆီ လာလိုက်လို့ရော မရနိုင်ဘူးလား ။ စစပြန်ခြင်း တစ်ပတ်ကဆို အဆက်သွယ်တောင် သိပ်မရပါဘူး ကိုကို့ရဲ့ အဖေ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရတာတွေရော CEO လွှဲပြောင်းပွဲတွေရောကြောင့် ကျတော်အိပ်ခါနီးမှ တစ်ခါတရံ ဖုန်းလာပါသည် ။ကြာတော့လဲ အလွမ်းဒဏ်ကို မခံစားနိုင်တာရော မချစ်တော့ဘူးလားဆိုတဲ့ သံသယတွေနဲ့ လူက ပျော့ခွေနှုန်းဖက်ကာ ဘေဂျင်းအိမ်ကို ပြန်ပါရစေဆိုပြီး Xiumin Hyung ဆီမှာ ထွက်စာ တင်လိုက်တော့မှ ကိုရီးယားကနေ ဝုန်းဒိုင်းတွေကျဲကာ သူ့ဆီလာဖို့ ခေါ်ပါသည် ။မာမားတို့က ကျတော့ကို ကိုရီးယားကို မသွားစေချင်ပဲ သူတို့ အနားမှာ နေစေချင်တဲ့ အခါ ကျတော် နှစ်ဘက်ကြား ဗျာများရပါတော့သည် ။ ထိုနေ့ကစပြီး ဆဲဟွန်းက ကျတော့ကို ကိုရီးယား မလာမဖြစ် လာရအောင် နည်းအမျိုးမျိုးကြံဆောင်နေပါတော့သည် ။ သူ့ရဲ့ နည်းလမ်းက စကော်လာရပြီး ကျတော် မဖြစ်မနေ ကိုရီးယားကို ကျောင်းလာတတ်ရမယ့် အနေထားမျိုး ဖန်တီးစေတာပါ ။"မင့်လူကြီးက မမိုက်ပါဘူး သူတကယ်ချစ်ရင် မင်းဆီ သူကိုယ်တိုင်လာရမှာပေါ့ " ဆိုတဲ့ TAO ရဲ့စကားက နားထဲ တဝဲလည်လည်ပါ ~ သူလူကြီး Kris က ရှန့်ဟိုင်းက လစာကောင်းနေတဲ့ အလုပ်ကိုတောင် ထွက်ပစ်လိုက်ပြီး သူ့ချစ်သူ ပန်ဒါနားနေရအောင် ဘေဂျင်းကို ပြောင်းလိုက်တော့ သူက ပြောအားရှိနေတယ်လေ"ကိုယ့် ခလေးလေး ဘာတွေ မှိုင်နေတာလဲ ဒီညနေ သင်တန်းသွားစုံစမ်းလိုက်တော့နော် ~~ဒါမှ မဟုတ် ကိုကို ဖုန်းဆက်ပြီး အပ်ပေးရမလား "" နေပါစေ ကိုကို ကျတော် သွားလိုက်ပါ့မယ် ရုံးဆင်းတာနဲ့ ""တစ်ယောက်ထဲ မသွားရဘူးနော် Hyung တွေကို လိုက်ပို့ခိုင်း ဟုတ်ပြီလား "အင်းပါ ~~~ ကျတော် လေးပင်စွာ ခေါင်းညိမ့်လိုက်တော့ သွားစွယ်လေးများပေါ်အောင် ပြုံးရင်းကျေနပ်သွားသော ကြောင်ရှာသီးတောင့်ကြီးပါ"အဲ့ဒါဆို ကိုယ့်ကို ချစ်တယ်ပြော ""ငင့် ~~" ဘာမှလဲ မဆိုင်သလို ဘာမှလဲ အဆက်စပ်မရှိပဲ သတိရရင် ရသလိုကောက်ပြောခိုင်းသော လူကြီးပါ ။ သူကတော့ သူ့ကိုယ်သူ အမြဲ Confidence ရှိစွာနဲ့ပဲ ဘယ်တော့မှ မေးခွန်းမမေးပါ ။ အမြဲ သေချာစွာပဲ အဖြေကိုပဲ ဆိုခိုင်းတတ်သော ပေါက်တူးကြီးပဲ ဖြစ်ပါသည် ။ ဒီပေါက်တူးကြီး ကိုယ့်ဘက်ကိုယ်တူးပြီး ယက်သမျှထဲ ကျေကျေနပ်နပ်ကြီး လှိမ့်ဝင်နေမိတာလဲ ကျတော်ပါပဲ ။ စတွေ့ကတည်းက ကြောက်ခဲ့ရ လွှမ်းမိုးနိုင်လွန်းသော သူကြီးက ခုထိလဲ ကျတော့ကို သူလိုချင်တဲ့ ပုံစံ ထုဆစ်လောင်းနေဆဲပါ ။ ကျတော်ဆိုသည်မှာလဲ ဆဲဟွန်းထုဆစ်လောင်းထဲ ပုံစံခွက်ထဲ သေသပ်စွာ အသားကျနေတော့လဲ စေခိုင်းသမျှ လိုက်လုပ်ရဦးမည်ပေါ့"ချစ်တယ် ကိုကို ကျတော် အရမ်းလဲ လွမ်းနေပြီ "မျက်ရည်လေး ဝဲကာ ဆိုပြလိုက်တော့ ဆဲဟွန်းက လှုပ်လှုပ်ရှားရှား နေမထိ ထိုင်မသာ ဖြစ်သွားဦးမည် ။"ကလေးရယ် ကိုကိုလည်း လွမ်းလွန်းလို့ အခုလို အားတိုင်း မျက်နှာလေးကြည့် အလွမ်းဖြေနေရတာပေါ့ နည်းနည်းပဲ သည်းခံလိုက်ပါဦးနော် ~~ကိုယ်တို့ အတူတူရှိဖို့ ကြိုးစားလိုက်ဦးမယ် "ချစ်သူက ဆိုလာတော့ ကြေနပ်နှစ်သက်မှုတွေနဲ့ အပြုံးလေးတွေ ဝေဖြာရပြန်သည် ။" ကလေး ရီနေတာလေးက ချစ်ဖို့ကောင်းလိုက်တာ ကိုယ် ကလေးနှုတ်ခမ်းလေးတွေ နမ်းချင်လိုက်တာ "Screen ထဲကနေ နှုတ်ခမ်းစူကာ ရှေ့တိုးလာသော ချစ်သူကို ရှေ့တိုးကာ နမ်းဖို့ ကြိုးစားနေစဉ် လက်ထဲက ဖုန်းကို ဆက်ခနဲ့ ဆွဲယူသွားခြင်းခံရလေသည် ။" CHANYEOL Hyung!!!!!!!!!!!!!!!!""တော်ရုံ ro ကြကွာ တနေ့တနေ့ ရုံးခန်းထဲမှာ မြင်ရတာ သောက်ညင်ကို ကပ်နေပြီ "" Chanyeol Hyung အဲ့လို မရိုတတ်လို့ Baekhyung Hyung နဲ့ အမြဲရန်ဖြစ်နေတာ""ဘာကွ"ပြောချင်တာ အနိုင်ပိုင်းပြောရင်း Hyung လက်ထဲက ဖုန်းကို ဆွဲလုယူရင်း စက်ရုံဘက်ကိုပြေးဆင်းလာခဲ့သည် ။ Chanyeol Hyung က Baekhyung Hyung ကို ချော့ဖို့ အလိုက်သိစွာ နေရာဖယ်ပေးရဦးမည်လေ ~~ကျတော်ကလား???ကျတော်ကတော့ ကိုကိုနဲ့ မပြီးဆုံးသေးတဲ့ အနမ်းတွေကို ဆက်ရဦးမယ်လေ ခင်ညားလေးတို့ရဲ့ ~~TBC or Endဘာကြည့်နေတာလဲ ~~ ဆက်ရမှာလား ပြီးရမှာလားပြောသွားလေဗျာCover မှာ သာသာ အခွက်ပြောင်ပြီး ကိုယ့်ပုံကိုယ် ထည့်ထားတယ်လမ်းတွေ့ရင်ခေါ်နော် ~ဒီသာသာ ဘာတွေရေးမှန်းမသိဘူးလို့တော့ ဖောင်းမထုရဘူး

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Hikayelerin yaşadığı yer. Şimdi keşfedin