Ep 33

3.5K 502 57
                                    

အတင်းကြပ် အိပ်ခိုင်းလို့သာ အခန်းထဲ တက်လာပြီး အိပ်လိုက်ရတယ် ကျတော် အိပ်ပျော်လား ~~ပျော်လွန်းလို့ အိပ်မပျော်ပါဘူး ။ ဟိုလှိမ့် ဒီလှိမ့်နဲ့ ရင်တွေလဲ တလှပ်လှပ်နဲ့ အရမ်းကိုနေရခက်လွန်းပါတယ် ။အိုဆဲဟွန်းရဲ့ ဆူပူကြိမ်းမောင်းမှုတွေ ဂရုစိုက်မှုတွေထဲကို လုံးဝပျော်ဝင်နစ်မြှပ်နေမှန်း အခုမှပင် ကိုယ့်ကိုယ်ကို ရှင်းရှင်းလင်းလင်း သိရတော့သည် ။ဒီလိုခံစားချက်တွေက အချစ်သာဆိုရင်ကျတော် ဆဲဟွန်းကြီးကို ချစ်နေမိပြီလားကျတော် ဆဲဟွန်းကို ချစ်လို့ ရပါသလားကျတော်က ဆန်းနမ်ဂျာ စစ်စစ်လေ ~မိန်းမယူမှာ ယောက်ျားယူမှာမှ မဟုတ်တာဒါပေမယ့် ဆဲဟွန်းကို ကျတော့်ရဲ့ ဘဝထဲကနေ အတွေးလေးနဲ့ ခဏဖယ်ထားလိုက်ရုံနဲ့ ကျတော့ ရင်တွေ တဆစ်ဆစ်နဲ့ နာကျင်လာရသည် ။ Nancy နဲ့ အခန်းထဲက ထွက်လာပုံက မျက်စိထဲ မြင်လာတော့ ရင်တွေ ပူလောင်ကာ မျက်ရည်က ပေါက်ခနဲ့ ကျလာသည် ။ ဆဲဟွန်းက ကျတော် မဟုတ်တဲ့ တခြားတစ်ယောက်ကို ဂရုစိုက်နေတာတွေက အရင် ရင်နာရလွန်းသည် ။ အတွေးထဲမှာ ဆဲဟွန်းက ကျတော့ကို ရက်စက်စွာ လစ်လျူရှုပြီး အဝေးကို ထွက်သွားသည်ဟု ရောက်တက်ရာရာ မျှော်မှန်းတွေးနေရင်း ရင်ထဲကနေ တလှိုက်လှိုက်နဲ့ မျက်ရည်က အတိုင်းဆ မရှိကျလာသည် ။"ဒေါက် ဒေါက် ဒေါက် ~~လုဟန် အိပ်ပြီလား "တံခါးခေါက်သံ ခပ်တိုးတိုးကြားရပေမယ့် ကျတော် အိပ်ယာက မထဖြစ်ပါ ။ကိုယ်ဖန်တီးထားတဲ့ အတွေးထဲမှာ ဆဲဟွန်းက ရက်စက်လွန်းလို့ ကျတော် မျက်နှာချင်း မဆိုင်ရဲပါ .... ကျတော့ကို တံခါးလာခေါက်ပြီး ရက်စက်တော့မှာလားလို့ တွေးမိနေလေသည် ။တကယ်လို့ ရက်စက်ခဲ့သည် ရှိသော်လည်း ကျတော် ဒီနေ့လေးတော့ ရင်ထဲမှာ သိမ်းထားပါရစေ ~~"အာ~~~ အတွေးတွေကလဲ ဘာမှန်းကို မသိဘူး တကယ်ကို မဖြစ်လာတာတွေကို အဆုံးစွန်ထိ တွေးချပစ်လိုက်တာပဲ~~ စိတ်ရှုပ်လိုက်တာ " လုဟန် ပွစိပွစိ ရေရွတ်ရင်း မျက်ရည်သုတ်ကာ စောင်ကို ခေါင်းမြီးခြုံလိုက်သည် ။ ခေါင်းမြှီးခြုံထဲကနေ ကြားလိုက်ရတာက တခါးဖွင့်သံ ~~~ကလစ်ဆဲဟွန်းကြီး ဝင်လာပါလား ~~ခြေသံတွေက ကုတင်နားနီးလာတာနဲ့ အမျှ လူက ရင်တွေ တဒိန်းဒိန်းနဲ့ ခုန်လာလေသည် ။ ခေါင်းမြှီးခြုံထားသော စောင်ကို လက်တစ်ဘက်နဲ့ တင်းတင်းဆုပ်ကာ အခုန်မြန်နေသော ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ဖိထားလိုက်ရသည် ။"ဟာ ဒီကောင်လေး စောင်ကို ခေါင်းမြှီးခြုံထားပြန်ပြီ အသက်ရှုတော့ ကြပ်တော့မှာပဲ "နေပါဦး ခြုံထားပြန်ပြီဆိုတော့ ကျတော် အမြဲခြုံထားတတ်တာ သူက ဘယ်လိုသိတာလဲ ၊ အမြဲတမ်း အခန်းထဲ ဝင်လာလို့လား ~~တွေးရင်းနဲ့ ဆဲဟွန်းက ကုတင်ဘေးမှာ လာရပ်လိုက်သည်ကို ခံစားလိုက်မိသည် ။ ဆဲဟွန်းကြီးက စောင်ကို ဆွဲလှန်တော့မှာ အသေချာ သိနေသော စိတ်ကြောင့် တင်းတင်းဆုပ်ထားသော လက်ကို ဖြေလျော့လိုက်ကာ အသာလေး မျက်စိကို မှိတ်ထားလိုက်သည် ။ ထင်တဲ့ အတိုင်းပင် ဆဲဟွန်းက စောင်ကို ဆွဲကာ ပုခုံးပေါ်မှာ အသေချာ ခြုံပေးသည် ။ထို့နောက် ~~ထို့နောက်~~ဘာသံမှ မကြားသလို ဘာလှုပ်ရှားမှုမှလဲ မရှိသလို ၂မိနစ်လောက် ငြိမ်နေလို့ ရင်တွေက အတိုင်းဆမရှိ လှုပ်ရှားနေခိုက် ~~နွေးခနဲ့ အိဝင်သွားသော ပါးတစ်ဖက်နေပါဦး ကြောင်ရှာသီးကြီးက ငါ့ကို နမ်းလိုက်တာလား ~~မျက်စိမှိတ်ထားပေမယ့် ဝုန်းဒိုင်းကျဲနေသော ရင်အစုံက ထိန်းချုပ်လို့ မရတော့ပေ ။ မနေနိုင်လို့ မျက်စိဖွင့်လိုက်တော့ ကြောင်ရှာသီးကြီးက တံခါးပေါက်ဝပင် ရောက်နေလေပေသည် ။"Hyung ~~" အော်ခေါ်ချင်မိသည် ~အော်ခေါ်ပြီး ပြေးဖက်ကာ"Hyung ကျတော့်ကို ချစ်လား" လို့ မေးလိုက်ချင်သည် ။သို့ပေမယ့် လက်တွေ့မှာတော့ လူက မလှုပ်မယှက်နဲ့ ကုတင်ပေါ်မှာ ရှော့ခ်ရနေခဲ့သည် ။Hyung လဲ ကျတော့်ကို ချစ်နေပြီလား~~ ကျတော် အရမ်းသိချင်နေမိပြီ ။ ကုတင်ပေါ်ကနေ ခုန်ချကာ အခန်းထဲ ခေါက်တုံ့ခေါက်ပြန်နှင့် တစ်နာရီလောက် ဂနာမညိမ်ခြင်းနှင့်အတူ အတွေးတွေများလာခဲ့သည် ။"ဟုတ်တယ် ~~ သွားမယ် ~~~ သွားပြီး မေးမယ် ~ ဒီအဖြေကို ဒီနေ့သိရမှ ဖြစ်မယ် , ဆဲဟွန်းကြီးမပြောရင် ငါက အရင် ဖွင့်ပြောပစ်မယ် " စိတ်ဆုံးဖြတ်တုန်းရှိသေးတယ် လူက အခန်းတံခါးကို ဖွင့်ကာ မျက်နှာချင်းဆိုင်မှ ဆဲဟွန်းအခန်းကို တံခါး သွားခေါက်နေခဲ့ပြီသုံးကြိမ်လောက် ခေါက်လိုက်ချိန်မှာတော့ ဆဲဟွန်းက အခန်းတံခါးကို ဆွဲဖွင့်လာခဲ့သည် ။ရေချိုးပြီးစဖြစ်ပုံရသော ဆဲဟွန်းကြီးက ညအိပ်ဝတ်စုံ ဝမ်းဆက်ကို ဝတ်ကာ ဆံပင်တွေကလဲ မစိုမခြောက်နဲ့ အရမ်းကို ကြည့်လို့ကောင်းနေသည် ။ ဆဲဟွန်းက တံခါးဝမှာ ရပ်နေသော ကျတော့ကို တွေ့တော့ အံ့သြသွားတဲ့ ပုံဖြင့်" Luhan တရေးနိုးလာတာလား ဘာဖြစ်လို့လဲ "ညဝတ်ဘောင်းဘီအရှည်အောက်က တစ်စွန်းတစ ပေါ်နေသော ဆဲဟွန်းရဲ့ ခြေဖဝါးဖြူဖြူလေးတွေကို ငုံ့ကြည့်နေရာကနေ လက်သီးဆုပ်ပြီး အားတင်းကာ မော့ကြည့်ရင်း"ဟို ကျတော် မေးစရာရှိလို့ ""ဟင် ~~ရှောင်လု မျက်လုံးတွေလဲ ဖောင်းအစ်ပြီးရဲနေပြီ နှာသံတွေလဲ ပေါက်နေပြီ ဖျားပီမဟုတ်လား "အမ် သူပြောမှပဲ ကိုယ့် နှဖူးကိုယ် ပြန်စမ်းမိတော့ အပူငွေ့လေးနည်းနည်းရှိနေသလို မျက်လုံးနီ နှာသံပေါက်နေတာကတော့ ခုနက သောင်စဉ်ရေမရ အတွေးတွေနဲ့ ငိုချင်းချမိထားတာကိုး~~ တကယ်တမ်း မျက်နှာခြင်းဆိုင်မိတော့ လူက လက်တွေ တုန်က ဆက်မပြောနိုင်တော့ ချောလဲ ရောထိုင်ကာ ခေါင်းငြိမ့်ပြလိုက်သည် ။"လာ~~လာ~~ ဆေးထက်သောက်ရမယ် " ဆဲဟွန်းက ကျတော့လက်ကို ဆွဲကာ အခန်းထဲ သွင်းလိုက်သည် ။ လူကမှ ရင်တွေ ခုန်နေပါတယ် ဆိုနေ သူလက်ဆွဲပြီး အခန်းထဲ သွင်းလိုက်တော့ ကတုန်ကရင်ပါ ဖြစ်လာသည် ။ ဆဲဟွန်းကကျတော့ကို ကုတင်ပေါ်ထိုင်ခိုင်းကာ သူ့ရဲ့ လက်ဖဝါးနှစ်ဖက်ကြားထဲ မျက်နှာကိုဆွဲယူကာ ကိုယ်ပူမပူ စမ်းနေသည် ။အရမ်းကို နီးကပ်လွန်းသလို စိုးရိမ်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ဆဲဟွန်းကို မြင်ရတော့ ဘာကြောင့်မှန်းမသိပဲ လူက အရမ်းဝမ်းနည်းလာကာ မျက်ရည်က ပေါက်ခနဲ့ ကျလာသည် ။"လုဟန် မငိုရဘူးလေ ~~ Hyung ဆေးတိုက်မယ်နော် သောက်ပြီးရင် သက်သာသွားမှာပါ "တသွင်သွင်ကျနေတဲ့ မျက်ရည်တွေကို လက်မနဲ့ ဖယ်ကာ သုတ်ပေးနေသော ဆဲဟွန်းကြောင့် လူက ပိုပြီးငိုချင်လာကာ ရှိုက်သံများပင် ထွက်လာခဲ့သည် ။"ဟောဗျာ ~~ မငိုရဘူးလေ နေမကောင်းဖြစ်ရင် အားငယ်တတ်တာ Hyung သိပါတယ် မငိုရဘူးလေ ခေါင်းကိုက်မယ် တိတ်တိတ် ""Hyung ကျတော့ကို မဆူပါနဲ့ " ငိုရင်း ရှိုက်ရင်း ထွက်သွားသော စကားတစ်ခွန်းကို ဆဲဟွန်းက ကြားပြီး ကျတော့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည် ။" ဘာတွေပြောနေတာလဲ ကလေးရာ~~ Hyung ကလေးကို ဆူနေတာ မဟုတ်ဘူး စိတ်ပူလို့ပြောတာ "ရေချိုးပြီးစ Lavender Shower Gel အနံလေး သင်းနေတဲ့ ဆဲဟွန်း ရင်ခွင်ကြီးက အရမ်းလုံခြုံကာ နွေးထွေးလွန်းလှသည် ။ ဆဲဟွန်းက ကျတော့ကို ၅ မိနစ်လောက် ငြိမ်သက်စွာ ဖက်ထားပြီးတော့ ပုခုံးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး မျက်လုံးခြင်းဆိုင်ကြည့်ကာ ~~" Hyung ဆေးတိုက်မယ်နော် ~ မငိုနဲ့တော့ ဆေးသောက်ပြီး ဒီနေ့ Hyung နဲ့ပဲ အတူအိပ်လိုက်တော့ "ကျတော် ခေါင်းငြိမ့်မိလား မငြိမ့်မိလား မသိပေမယ့် ဆဲဟွန်းရဲ့ အကြည့်တွေက နွေးထွေးလွန်းသလို တဘဝလုံးစာအတွက် ကျတော် ယုံကြည်လိုက်ချင်မိတော့သည် ။ဆဲဟွန်းတိုက်သော ဆေးတွေ သောက်ပီး ဆဲဟွန်းကုတင်ပေါ်မှာပဲ လှဲအိပ်လိုက်သည် ။စိတ်ချလုံခြုံမှုကြောင့်လား မပြောတတ်~~ အောက်ထပ်ကို သောက်ရေသွားခပ်သော ဆဲဟွန်းမပြန်လာခင်မှာပင် လူက မျက်လုံးတွေ မှေးစင်းလာကာ အိပ်စက်ခြင်းက အနိုင်ယူသွားသည် ။ ညပိုင်း တရေးနိုးလို့ နိုးတစ်ဝက် အိပ်တစ်ဝက်အခြေနေမှာတော့ လူကို ဆဲဟွန်းက ရင်ခွင်ထဲ မှာ ဖက်ထားတာကို ခံစားမိပေမယ့် ကျေနပ်စွာနဲ့ပဲ ဒီအခြေနေကို သက်ဝင်ခံစားရင်း ထပ်မံပြီး အိပ်စက်ခြင်းဆီသို့ ~~မာမားရယ် ~~ ဆဲဟွန်းရင်ခွင်ကြီးကနွေးလိုက်တာ ကျတော် တသက်လုံး ဝင်နေချင်မိအောင်ပါပဲTBC 🔜🔜🔜Hi~~ခင်ညားလေးတို့ သာသာပြန်လာပြီနော်1st internal exam ကတော့ ပီးသွားပြီ ။ခင်ညားလေးတို့ ဝိုင်းဆုတောင်းပေးလို့လား မသိဘူး ဖြေခဲ့တာ စိတ်ကျေနပ်ပါတယ် (Aရချင်တယ်ဆိုရင် လောဘကြီးတယ် ပြောရမလား😜)ရိုပေးကြပါ ရိုပေးကြပါဆိုလို့ တေးတေးလေး ရိုထားတယ် ။ဒီအပိုင်း ရေးရတာ သိပ်တော့ အားမရဘူး ။ ကွန်းမန့်လေးတွေ ပေးသွားဦး ~~ ဒါမှ ဆက်ဒိတ်ချင်စိတ်ပေါက်မှာ"

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ