EP 7 (Sehun Version)

2K 262 41
                                    

ဇတ်ကြီးလည်လိမ်ပြီးမျက်နှာလေး နီရဲကာ ရှက်နေသော ကလေးကို တစ်ခုခု ဆွဲလုပ်ချင်မိသွားလို့ ရှေ့က အမြန်သွားလိုက်မိပေမယ့် နောက်ကနေ ပွစိပွစိပြောကာ လိုက်လာလိုက်တာကြောင့် သိချင်စိတ်နဲ့ ရုတ်တရက် တုံ့ခနဲ့ရပ်လိုက်တော့ ကလေးက ဆဲဟွန်းနောက်ကနေ နောက်ကျောကို ဝင်တိုက်မိလေသည် ။အ ~~" ကဲ ကြည့်ကြည့် လုဟန် မင်းဟာလေ တစ်ခုမဟုတ်တစ်ခုက ဖြစ်နေတော့တာပဲ , Toilet ဘယ်မှာလဲ သွားမေးစမ်း "စတော်ဘယ်ရီမျက်နှာလေးနဲ့ မျက်လုံးလေး ဟိုဟိုဒီဒီ ဝေ့ကြည့်ကာ ဘယ်ဘက်ခြမ်းကို လက်ညှိုးညွှန်ပြရင်း ~~"ဟိုမှာလေ Toilet လို့ရေးထားတယ်လေ "ရွှမ်းလဲ့လဲ့မျက်လုံးလေးတွေနဲ့ လက်ညှိုးလေးတစ်ထောင်ထောင် လုပ်နေပုံက ရင်ခွင်ထဲဆွဲညှစ်ပစ်ချင်စရာကောင်းနေသည်မို့ ဖမ်းဆွဲဖို့ မသိလိုက်မသိခင်မှာပဲ မြောက်တက်လာသော လက်ကို direction ပြောင်းကာ"ငါ တရုတ်စာတတ်ရင် မင်းကို လူရာတောင်သွင်းပြီးမေးမနေဘူး " ရှေ့တည့်တည့်ရှိ သမင်လေးရဲ့ နားထင်ကို လက်ညှိုးနဲ့ ထိုးကာ ထိုးကာ အံကြိတ်ပြောဆိုရင်း ထွက်သွားလေသည် ။ သူ့ကိုလုပ်လို့ နောက်ကနေ မိမိကို လက်တွေနဲ့ ထိုးမယ့်ပုံရွယ်လိုက် ခြေထောက်နဲ့ ကန်ယောင်ပြုလိုက်နဲ့ ကျန်ခဲ့သည့် ကလေးရဲ့ ပုံရိပ်က မျက်နှာချင်းဆိုင်က ဆိုင်ရဲ့ မှန်နံရံမှာ ပုံရိပ်အဖြစ်ပေါ်နေတော့ တော်တော်လေး ရီချင်သွားခဲ့ရပြန်သည် ။တစ်ယောက်ထဲ အမူယာမျိုးစုံဖြစ်နေသော ကလေးကို အနီးနားက လူတွေက ခေါင်းလေးတစ်ခါခါနဲ့ သနားစွာကြည့်နေကြောင်းတော့ သူမသိလိုက်ပေ ~~ဒါပေမယ့် ထိုနေ့ကတော့ ကျတော်တို့ ချောချောမောမောနဲ့ ရှန့်ဟိုင်းကို ပြန်ရောက်သွားပါတယ် ~~Chanbaek Hyung တို့က ကားတစ်စီးဝယ်လိုက်လို့ Minseok Hyung, ကလေး နဲ့ ကျွန်တော်က တစ်စီး သွားရလို့ အရင်ကလို မကြပ်တော့ပါဘူး ။ Baekhyung Hyung ရဲ့ စကားပြန် Win Win က စကောလာရလို့ ကိုရီးယားကို သွားရမှာဖြစ်လို့ အလုပ်ထွက်တော့မှာဆိုလို့ ကလေးက သူတာဝန်ယူထားတဲ့ စာရင်းတွေပါ တာဝန်ယူနေရပြန်ပါရော ။ Lucas ဆိုတာက ကိုရီးယားစကားကို ထမင်းစားရေသောက်သာ တတ်သည့်အတွက် စာရင်းတွေပါ တွဲလုပ်ရင်း စကားပြန်လဲ သူပဲ ပြေးလုပ်နေရသဖြင့် ကိုယ့်မှာ သူလေးပင်ပန်းမှာ စိုးလို့ ဘေဂျင်းက ပြန်လာကတည်းက ဘာမှကို သိပ်မခိုင်းဖြစ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရလေသည် ။တရုတ်က ကုန်သည်တစ်ချို့ ရောက်နေလို့ ကလေးနဲ့ Minseok Hyung တို့ ဆွေးနွေးဘာသာပြန်လုပ်နေကြလို့ တမနက်ခင်းလုံး စက်ရုံထဲပတ်ကာ အလုပ်လုပ်နေရင်း Lucas က ပြာယီးပြာယာဖြင့် စက်ရုံထဲဝင်လာကာ ပြောလိုက်သောစကားကြောင့် ဆဲဟွန်းလက်ထဲက ဖိုင်တွေတောင် ဘယ်နားချလို့ ချခဲ့မှန်းမသိအပြေးထွက်လာခဲ့သည် ။"Sehun Hyung ~Luhan ခိုက်မိလို့ ဂိတ်ပေါက်ဝမှာ ~~ဘာကြောင့်ခိုက်မိလဲ ဘယ်နားခိုက်မိလဲ မမေးမိသလို Lucas စကားလဲ ဆုံးအောင်နားထောင်မိသလား မသိတော့ပဲ တဟုတ်ထိုးပြေးလာမိလိုက်တာ ဂိတ်ပေါက်နားမှာ ထိုင်နေသော ကလေးရဲ့ မျက်ရည်လည်ရွှဲပုံရိပ်က ရင်ထဲကို နင့်ခနဲ့ ဆောင့်ကန်လိုက်သလိုပါပဲ ။ လုံခြုံရေးတွေက တံခါးနဲ့ ညပ်သွားတာပြောတာကို နားလည်လိုက်ပေမယ့် အရင်ဆုံး ခိုက်မိအောင် နေတဲ့ ကောင်လေးကို ဒေါသအရမ်းထွက်သွားမိသည် ။ခြေမတံခါးညပ်မိသောကြောင့် ခြေသဲခွံလန်ကာ သွးတွေ စိုရွှဲနေသော ခြေထောက်အား အနားမှာရှိတဲ့ ရေကန်က ရေနဲ့ လောင်းကာ သွေးတွေကို သေချာပြောင်အောင် ဆေးပေးလိုက်သည် ။ ထို့နောက် ပြာယာပြာယာနဲ့ ဆင်းလာသော Baekhyung Hyung အား တစ်ဘက်တွဲစေကာ ရုံးခန်းထဲ ခေါ်သွားသည် ။စက်ရုံထဲမှာအဆင်သင့်ထားရှိတဲ့ ဆေးသတ္တာကို ပြေးယူကာ ရုံးခန်းထဲ အမြန်သွားကာ ဒင်းလေးကို ဆေးကုပေးဖို့ ပြင်လေသည် ။ ထိုင်ခုံပေါ်မှာ ကြုံ့ကြုံ့လေးထိုင်ကာ သူ့ခြေမသူကြည့်ကာ မျက်ရည်တွေ ဝဲနေသော ကလေးကို ကြည့်ရင်း ရင်နာလာကာ ဘာကိုမကျေနပ်လို့ မကျေနပ်မှန်းမသိဖြစ်ရပြန်သည် ။အနာပေါ်ကို ဘီတာဒင်းဆေးရည်ကို လောင်းထည့်တော့ အရမ်းစပ်လို့ အော်မိတဲ့အခါ ~~ ထိန်းထားတဲ့ ဒေါသက ပိုတိုးလာကာ"အေး ~~အော်မနေနဲ့ နမော်နမဲ့နိုင်တာကို ဖြစ်ပြီပေါ့ သူ့ဘာသာ သူ့လမ်းကြောင်းပေါ်လိမ့်နေတဲ့ တခါးပေါ် ခြေထောက်သွားထိုးခံရလောက်အောင် ဘာတွေများ စပ်စလူးခပ် အတွေးလွန်နေရတာလဲမှ မသိတာ" ဆေးလဲ ထည့် ပတ်တီးလဲ စီးရင်း ပြောမိလိုက်တော့ ကလေးက အော်ငိုချလိုက်သည်"ကျွတ် ~ လုဟန် ငါမင်းကို ဒါတွေမကြိုက်တာပဲ ~~ယောက်ကျားမဟုတ်ဘူးလား ဒါလေးဖြစ်တာ ငိုစရာလား " ဆဲဟွန်းက မျက်ခုံးနှစ်ခု ထိစပ်လုနီးပါး မျက်မှောင်တွေ ကြုံ့ကာ ထပ်ပြောလေသည် ။ဒါတွေကို မကြိုက်တာ ဘာလို့ပြော့ညံ့နေတာလဲ ရှောင်လု ~မင်းမျက်ဝန်းတွေမှာ မျက်ရည်တွေ ကို မတွေ့ချင်ဘူး ။ မင်းရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတစ်စုံက တလောကလုံးက လူတွေကို မင်းခြေရင်းလို့ ဝပ်ဆင်းစေလောက်အောင် အင်အားကြီးမားလွန်းတယ်ဆိုတာ မင်းမသိလေရော့လား~~ကိုယ် မမြင်ချင်ဘူး မင်းမျက်ရည်တွေ ~~ မင်းကို ကိုယ့်အပြင်တစ်ခြားသူတွေ ခံစားတာ မကြိုက်ဘူး ကလေး ~~~" ဟီး အီး ~~ မဟုတ်ပါဘူး Hyung ရဲ့ ကျတော် ဒီနေ့လစာတွေလဲ လုပ်ရမှာဆိုတော့ မမှီမှာစိုးလို့ အမြန်လုပ်လိုက်မိတာပါ ~~ဟင့် ဟင့် " ပလုံးပထွေး ပြောလဲပြော ရှိုက်ကာ ရှိုက်ကာ ငိုနေသော ကလေးကြောင့် ဆဲဟွန်းက ဘာဆက်ပြောရမှန်းမသိတော့ပေ ။Minseok က ပုခုံးကို ပုတ်ကာ ~~"ဆဲဟွန်းရယ် ကလေး သနားပါတယ် မဆူပါနဲ့တော့ ""ကဲကဲ ရှောင်လုလေး ဒီနေ့ အိမ်ပြန်နားလိုက်တော့ တစ်ယောင်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ် သွားသွား ~~"တစ်ရုံးလုံးရဲ့ အချစ်တော် ရှောင်လုလေးအား အိမ်ပြန်ပို့ရန် ရုံးကားနဲ့ စီစဉ်ကြ အောက်ကို လိုက်ပို့ရန် လာခေါ်ကြသူများနှင့် ရုံးခန်းလးထဲ ရှုပ်ရှက်ခတ်သွားသည် ။လုဟန်ကို ဝန်ထမ်းများက အောက်ကိုခေါ်သွားတော့ Baek နဲ့ Minseok က ဆဲဟွန်းအား လှည့်ကြည့်ကာ"Marknae ရာ မင်းကလေးကို သိပ်မအော်ပါနဲ့လား ဟိုက ငယ်ငယ်လေးရှိသေးတာ အလုပ်လဲ ခုမှ စလုပ်ဖူးတဲ့ နုနုနယ်နယ်လေး "ကိုင်ထားသော ပတ်တီးလိတ်အား ပစ်ချကာ ထရပ်ရင်း"အဲ့ဒါ Hyung တို့ကြောင့် ""ဟမ် ဘာဆိုင်လို့လဲ ""လုဟန့်ကို ကျတော်ပဲ သုံးမယ်လို့ ပြောထားပြီးသားကို ဘာကိစ္စခေါ်ခေါ်ခိုင်းနေကြတာလဲ အခုအလုပ်တွေမနိုင်တော့ ဖြစ်ပြီလေ ~~အဲ့ဒီတော့ နောက်ရက်က စပြီး မခေါ်နဲ့ ကိုယ့်ပြသနာ ကိုယ်ရှင်းကြ ""အိ ~~""ကျတော်ရုံးဆင်းနှင့်ပြီ လုဟန်ကို လိုက်ပို့မလို့ Minseok Hyung ကိုယ့်ဘာသာပြန်ခဲ့တော့ "Baekhyung နဲ့ Minseok တို့မှာ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့လေတော့သည် ။ အောက်ောက်တော့ ကလေးကို ခေါ်ကာ ကားနဲ့ အိမ်ပြန်လာခဲ့လိုက်သည် ။ ဘေးနားက ကလေးပေါက်စကတော့ အငိုအရှိန်မသေသေးပဲ ရှိုက်သံ တချက်ချက် ထွက်ကာ ပါလာလေသည် ။အိမ်ရောက်တော့ ကားပေါ်က ဆင်းမယ်လုပ်တော့ လုဟန့်ခြေထောက်က သွေးကျဖောင်းကားကာ ယောင်ကိုင်းလို့ပင်နေလေရာ ခြေထောက်ကို မနည်းထောက်နေရသည် ။ဒါဏ်ရာရတာ ခြေမဆိုပေမယ့် တကယ်တမ်းကြတော့ ခြေဖဝါးတစ်ခုလုံး ညပ်သွားတာ ဖြစ်လေသည် ။ ခြေတစ်လှမ်းချလိုက်တိုင်း နာကျင်နေလို့ ထင်ပါရဲ့ခြေထောက်လေးကို ဖွကာ ဖွကာ သွားနေသော ကလေးကို မကြည့်ရက်စွာနဲ့ပဲ ပွေ့ချီလိုက်တော့ ကလေးက ရင်ခွင်ထဲကနေ မျက်လုံးလေးပြုးကျယ်ကာ ကြည့်လာသည် ။" ကြည့်မနေနဲ့ ညရောက်တဲ့ အထိ အခန်းထဲမရောက်လိုက်မှာ စိုးလို့ " ~~~~ဟုတ်တယ် ~~ကြည့်မနေပါနဲ့ မင်းကို ကိုယ်ဖက်နမ်းမိတော့မယ် ပြီးတော့ ရင်ခွင်ထဲကနေ ထုတ်မပေးချင်လောက်အောင် မင်းက ဘာကောင်လေးမို့လို့ ပြုစားနေရတာလဲ ရှောင်လုဟန်ရေ~~TBC 🔜🔜🔜ခင်ညားလေးတို့ သာသာပြန်လာပြီနော်~~ဟွင်းဟွင်းအားဆေးလေးတိုက်ဦးအရမ်းပင်ပန်းနေလို့

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now