Ep 5

4.1K 385 11
                                    


Zawgyi Version 

ထိုနေ့က လုဟန် အိပ်ယာ စောစော ထဖြစ်ခဲ့ပါသည် ။ အိပ်ယာပြောင်းတာရော စိတ်လှုပ်ရှားနေတာရောပေါင်းပြီး ညကလဲ တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့သလို ဖုန်းနဲ့ Alarm Repeat လုပ်ထားတော့ မနက် ၆နာရီကတည်းက နိုးနေလေတော့သည် ။ ရေမိုးချိုး ပြင်ဆင်ပြီး အောက်ထပ်ကို မယောင်မလည်နဲ့ ဆင်းလာတော့ မီးဖိုးချောင်ထဲက အာဂျူးမား က ၀မ်းသာအားရနဲ့ လှမ်းခေါ်ပြီး ဟင်းတွေ မြည်းခိုင်းသည် ။ လုဟန်လဲ တလက်စထဲ သူ အစပ်မစားနိုင်ကြောင်း ဟင်းရည် မပါရင် မစားတတ်ကြောင်း ပြောရင်း မြည်းရင်း လက်စုံကြလို့နေသည် ။ ၇ နာရီလောက်ကြတော့ မင်ဆော့ နိုးလာပြီး ည၀တ် အကျီနှင့်ပင် ထမင်းစားပွဲမှာ လာထိုင်လေသည် ။ မင်ဆော့ လာထိုင်သည် နှင့် အာဂျူးမားနဲ့ ကောင်မလေးတွေက ထမင်းဝိုင်း စပြင်သည် ။ ၅မိနစ်လောက် ကြာတော့ Baekhyung , Chanyol Hyung တို့ အိပ်ချင်မူးတူးနဲ့ ရောက်လာကာ ထမင်းဝိုင်းမှာဝင်ထိုင်လိုက်ကြတော့ လုဟန်ပါ အတူတူ လိုက်ထိုင်လိုက်သည် ။ Baekhyung ကတော့ မျက်စိမဖွင့်ဘဲ ထမင်းတွေကို တူနဲ့ ကော်စားနေလေရဲ့ ။

Minseok Hyung က အာဂျူးမားတို့ ကို ကြည့်ပြီး ဆဲဟွန်းရော ဟု မေးလေရာ ~~ကောင်မလေးတွေက တစ်ယောက်နဲ့ တစ်ယောက် တွန်းရင်း တိုက်ရင်း အပေါ်ထပ်ကို မေးငေါ့နေလေကြသည် ၊ မင်ဆော့က ထို အချင်းရာကို ကြည့်ရင်း လုဟန်ဘက်ကို လှည့်ကာ ..

Xiao Lu ရေ  မင်း Hyung ကတော့ အမြဲတမ်း နှိုးရတယ် ... မင်ဆော့က ပြုံးပြုံးလေးပြောရင်း

ကောင်မလေးတွေကို မေးငေါ့ပြလေသည် ။ ကောင်မလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နှစ်ယောက်သား အပူးလိုက် အပေါ်တက်သွားသည် ၊ ခဏကြာတော့ တံခါးကို ၀ုန်းခနဲ့ ဆောင့်ပိတ်သံတွေ နဲ့ အတူ  ခေါင်းစုတ်ဖွားနဲ့ ဆဲဟွန်းက ဆင်းလာသည် ။  စူပုတ်ကာ တလောကလုံးက သူ့လုပ်စာထိုင်စားနေနေရတဲ့ ရုပ်နဲ့ ဆဲဟွန်းက အိပ်ရာထ ဖရိုဖရဲတောင်မှ ချေမိုးကာ စမတ်ကျနေသည်မှာ အမှန်ပင် ။ ထိုင်ခုံက လုဟန်လေးမှာပဲ ရှိတော့တဲ့ အတွက် ဘေးနားမှာ ၀င်ထိုင်ကာ လုဟန်ဘက်ကို မျက်စောင်းထိုး ကြည့်လေသည် ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ