EP 12 (Sehun Version)

1.1K 128 5
                                    

တစ်ရက်နားလိုက်တော့ အားတော်တော်ပြည့်သွားပုံရပြီး ရုံးလာမည်ဆိုသောကြောင့် ဟိုတယ်ကိုပဲ လာခိုင်းရင်း လတ်တလော လူလိုအပ်နေတာလေး သူ့ကိုပဲ ခိုင်းဖို့ ကြံလိုက်သည် ။"Win Win ထွက်သွားတာသိတယ်နော် Luhan ""ဟုတ်ကဲ့ သိပါတယ် ""အဲ့ဒါ Baekhyung က စာရင်းတွေ မနိုင်ဘူးဖြစ်နေတယ် အဲ့ဒါ မင်းတို့ ကျောင်းကပဲ စကားပြန်တစ်ယောက်လောက် ရှာပေးပါဦး ""ဟုတ်ကဲ့ ကျတော် စုံစမ်းလိုက်ပါ့မယ် ""အေး တတ်နိုင်သလောက်အမြန်စုံစမ်း နောက်သုံးရက် ရှန့်ဟိုင်းမပြန်ခင် ငါကိုယ်တိုင် အင်တာဗျူးမယ် ""ဟုတ်ကဲ့ကျတော် ဒီနေ့ပဲ ဆက်သွယ်ကြည့်လိုက်ပါ့မယ် ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ရတယ်နော""ဖြစ်နိုင်ရင် မိန်းကလေး ချောချောလေးဆို ပိုကောင်းတယ် ။ မိန်းကလေးရမယ်ဆိုရင် မင်းနဲ့ နေရာလဲပစ်မယ် "တမင်ကို မျက်စေ့တည့်တည့်ကြည့်ပြီးပြောလိုက်တော့ မျက်စိပျက် မျက်နှာပျက်ဖြစ်သွားခြင်းအားဖြင့် ကိုယ့်အပေါ် ခံစားချက်လေးရှိနေလောက်ပြီ ။ထပ်ပြီး သူလေးရဲ့စိတ်ကို စမ်းသပ်ချင်တာနဲ့ အလုပ်လိုတဲ့ သူတွေက ၆ယောက်လောက် ထွက်လာတော့ဂCV form ကို မေးလ်နဲ့ ပို့ခိုင်းကာ CV တွေကို ကြည့်ပြီး နှစ်စောင်ထဲသော ယောကျားလေးအစောင်ကို ဖယ်လိုက်ပြီး ကျန်တဲ့ ကောင်မလေး ၄ယောက်ကို အင်တာဗျူးခေါ်လေသည်ယောက်ကျားတွေချည်းရှိတဲ့ စက်ရုံမှာ စကီလေးတွေရှိတော့ အမောပြေတာပေါ့~~ ဆိုပြီး ထည့်လိုက်တော့ နှုတ်ခမ်းမဲ့ရွဲ့ကာ ဆောင့်ကြီးအောင့်ကြီးနဲ့ စားပွဲပေါ်က စာရွက်တွေဆွဲယူပြီး ထွက်သွားလေရဲ့ညနေပိုင်း ၅နာရီမှာ သူခေါ်တဲ့ ကောင်မလေး ၄ယောက်ကို ချိန်းပြီးအင်တာဗျူးဖြစ်ပေမယ့် မလှမ်းမကမ်းကနေ ဂျိုတွေပေး မျက်စောင်းတွေထိုးနေသော ကောင်လေးကြောင့် ကောင်မလေးတွေ ဖြူသလားမဲသလားတောင် မသိမထားမိတော့ပေ"လုဟန် ~~နောက်ဆုံးဗျူးတဲ့ ကောင်မလေး မဆိုးဘူးနော် ""ဘာအဆင်ပြေတာလဲ ~~ကိုရီးယားစကားပြန်လုပ်မယ့်သူကို ကျတော်ကဘေးကနေ ထပ် စကားပြန်ပေးရတဲ့ တစ်ယောက်လား ?" ဘောက်စပ်စပ်နဲ့ မေးလိုက်တာလေးက ဆွဲဖက်မွှေ့ရမ်းပစ်ချင်စရာလေး" မင်းကလဲ စကားက ကြာရင်တက်သွားမှပဲ ။မင်းတောင် စရောက်တုန်းက တက်လို့လား အခုမှ သွက်သွားတာများ "" Hyung က စကားပြန်ခေါ်မှာလား မယ်ရွေးမှာလား ""နှစ်ခုလုံးပဲ ""အဲ့ဒါဆို ပထမဆုံးတစ်ယောက်ကို ရွေးလိုက် ""လာရွဲ့နေတာလား ဖက်တီးမကို လေးလေးပင်ပင် နဲ့ အဆင်မပြေဘူး "" သူက စကားတော်တော်လေး တတ်တယ် ဝတာကတော့ Hyung ရယ် ကြာလို့ ဝိတ်ကျရင် လှသွားမှာပါ ဟိုကလေးမက လူကသာ ကြည့်ကောင်းတာ မျက်လုံးတွေက ဂနာမငြိမ်ဘူး အလုပ်မြဲမယ့်ပုံလဲ မပေါ်ဘူး ပြီးတော့ ကျတော် Baekhyung Hyung ကို ဖုန်းဆက်ပြီးသွားပြီး လုဟန်အဆင်မပြေတဲ့သူ မရွေးနဲ့ လို့ပြောလိုက်တယ် ""အံမာ လာလာချည်သေးတယ် မင်းကသူဌေးလား ငါက သူဌေးလား ""ဒါပေမယ့် ဝန်ထမ်းက ကျတော် တာဝန်ယူပြီး ရှာပေးရတာလေ ။ တစ်ခုခုဖြစ်ရင် သူဌေးဖြစ်တဲ့ ခင်များတို့က ကျတော့ခေါင်းပေါ်လွှဲချကြမှာ ကျတော်မကြိုက်ရင် တာဝန်လဲ မယူနိုင်ဘူး ""မိကျောင်းမသား ~~အလုပ်လေးတစ်ရက်နားလိုက်တာ အတတ်ကောင်းတွေခိုးများသင်ခဲ့လေသလား မသိဘူး ၊ ဟေ့ကောင် နောက်ထပ် လူထပ်ရှာ ဒီနေ့လူတွေ Cancel"ကတ်ကတ်လန်အောင် ပြန်ပြောနေသော ကောင်လေးကို စိတ်မထိမ်းနိုင်ရင် ဖက်နမ်းမိမှာစိုးလို့ စကားစ မြန်မြန်ဖြတ်လိုက်ရသည် ။နောက်ရက်ကြတော့ CV form တစ်ထပ်ကြီးစားပွဲပေါ်ရောက်လာပြန်သည် ။ ဘယ်လိုများရှာလိုက်လေသလဲတော့ မသိဘူး ~~ လျောက်တဲ့သူတော့ အများသားနေပါဦး ပထမဆုံးယူလိုက်တဲ့ Form က သူ့သူငယ်ချင်း ပန်ဒါကောင်လေး ပါလား"လုဟန် လာဦး ~~" ဆဲဟွန်း အခန်းထဲမှာ CV form တွေ ထားပြီး ပြန်ထွက်သွားသော လုဟန်ကို ပြန်ခေါ်လိုက်သည် ။" ဒါက မင်းသူငယ်ချင်းမဟုတ်လား "TAO ရဲ့ ဖောင်ကို ထောင်ပြလိုက်တော့"ဟုတ်ပါတယ် Hyung ~အဆင်မပြေရင် ဖယ်လိုက်ပါ ရပါတယ် ""ငါ သူ့ကို ဗျူးမယ် ခေါ်လိုက်ပါ ""ဗျာ~~"မှန်းထားတာနဲ့ လွှဲချော်လိုက်ပုံမို့လို့ ထင်ပါရဲ့ အာမေဒိတ်တွေတောင် ထွက်လို့သူလေးလဲ အဖော်ရအောင် ဆဲဟွန်း TAO ကိုပဲ ခေါ်လိုက်တော့သည် ။ TAO ကလည်း တစ်ခါတည်း Shanghai လိုက်ပါလေဆိပ်ရောက်တော့ ~ TAO အဘွားကလေယာဉ်ချိန်မှားပြီး ကားကို နောက်ကျမှ လွှတ်လိုက်သဖြင့် စောင့်နေရာကနေ"Tao က အဘွားအိမ်က လာကြိုမယ် မဟုတ်လား ? ""ဟုတ် လာကြိုမှာ Sehun Hyung ""အဲ့ဒါဆိုရင် ကိုယ်တို့ သွားတော့မယ် လာ သွားမယ် Luhan "Sehun က ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည် ။ Tao က မရဲတရဲနဲ့"ဟို ~~Sehun Hyung ကျတော့်အိမ်က လာကြိုတဲ့ ကားနဲ့ သွားရအောင် ပြီးတော့လေ လုဟန်ကို ကျတော်နဲ့ပဲ အတူတူနေခိုင်းမလို့ ""ဘာ~~~ ဘယ်သူ့ခွင့်ပြုချက်နဲ့ သွားမှာလဲ " ရုတ်တရက်ကြီး ကြားလိုက်မိတော့ဆဲဟွန်းထအော်မိလိုက်တာကြောင့် ပန်ဒါရော လုဟန်ပါ မျက်လုံးလေး ကလယ် ကလယ် ဖြစ်သွားရသည် ။"ဟို ~~ဒီလိုပါ Tao ဆိုတာ ငယ်ငယ်က ပေါင်းလာပြီး သူ့အဖွားနဲ့ လဲ မိသားစုတွေ ဖြစ်နေလို့ ကျတော် အဲ့ဒီမှာ ပြောင်းနေမလားလို့ပါ "လုဟန်က အသည်းသန် လက်ကလေးကာကာ ရှင်းပြလေသည် ။"လုဟန် ~မင်းကို ဘယ်သူက ခွင့်ပြုတယ် ပြောလို့လဲ မသွားရဘူး "လုဟန်နဲ့ Tao တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး အကြံအိုက်နေခိုက်"Tao အိမ်က လာကြိုမယ် ဆိုတော့ မစောင့်တော့ဘူး မနက်ဖြန် ရုံးကို ၈ခွဲ အရောက်လာခဲ့ " မျက်နှာထိ မျက်နှာထားနဲ့ ပြောကာ ကြောင်တောင်တောင်နဲ့ Tao ဘေးနားမှာ ရပ်နေသော လုဟန်ရဲ့လက်ကို စောင့်ဆွဲရင်း"လာ သွားမယ် နောက်ကျနေပြီ Taxi မရဘဲနေမယ် " ဆိုပြောပြီး ထွက်လာခဲ့လေသည် ။ ဆဲဟွန်းဆွဲခေါ်ရာနောက်ကို ယက်ကန် ယက်ကန် ပါသွားသော လုဟန်ကို ကြည့်ရင်းနဲ့ Tao တစ်ယောက် ခေါင်းကုတ်ကာ ကျန်ခဲ့လေတော့သည် ။ဘယ်နှယ့်ဗျာ ခွဲနေမယ်တဲ့ ~~တွေးတောင် မတွေးမိဘူးစတွေ့ကတည်းက စပြီး သေတဲ့အထိ ကိုယ့်အနားပဲ ထားဖို့ ရည်ရွယ်ထားတဲ့ ကောင်လေးပါနော် ~~TBC 🔜🔜🔜ထုံးစံအတိုင်း မအားပြန်ဘူး ။ အလုပ်တွေက တစ်ယောက်ထဲ နဲ့ ၅မျိုးလောက် လုပ်နေရလို့ ဒီဘက်ကို မလှည့်နိုင်တာပါ ။ အမြဲ update ပေးချင်နေတာတော့ စိတ်ရင်းနဲ့ပါ

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now