EP 26

3.3K 423 33
                                    

Zawgyi Version 

စားပြီးသောက်ပြီး အဆီရစ်ကာ ဧည့်ခန်းထဲတွင် TV ထိုင်ကြည့်ကာ အဆီရစ်နေသော ကျတော့ကို ဆဲဟွန်းက ကြည့်မရပုံပေါ်နေလေသည် ။

" လုဟန် ငါ အပြင်သွားမလို့ လိုက်ခဲ့မလား "

"မလိုက်တော့ဘူး Hyung ကျတော် တစ်ကိုယ်လုံးလဲ ဖောယောင်နေတာ မလိုက်ချင်ဘူး "

"မင်း အဲ့လို ပျင်းနေလို့လဲ လူက တဖြည်းဖြည်းဝလာပြီ အဲ့မှာ ထိုင်နေလို့ သွေးလေမလျှောက်ပဲ ဖောင်းကားနေတာ "

" အဲ့လို မဟုတ်ပါဘူး တကယ်ကို အရက်နာကျနေတဲ့ ရုပ်ကြီးနဲ့ အပြင်မထွက်ချင်လို့ပါ "

"အံမယ် ဘယ်တုန်းကလဲ စမတ်ကျနေလို့လဲ မရဘူး လိုက်ရမှာ နောက်ရက်တွေအတွက် စားစရာမရှိဘူး ဈေးလဲ သွားရဦးမယ် ၊ အခုချက်ချင်းထ ၁၀မိနစ်အချိန်ပေးမယ် အမြန်လုပ်ခဲ့ "

လေသံတွေက တဖြည်းဖြည်းမာလာပြီ ဖြစ်သောကြောင့် TV ရှေ့က အမြန်ထကာ အပေါ်ကို ၀ုန်းဒိုင်းကျဲနေအောင်တက်ပြီး အကျီလဲလိုက်ရသည် ။ တီရှပ်လက်ပြတ်ကို အောက်က ရက်ပါ ဒီဇိုင်း ဘောင်ဘီအပွကို ၀တ်ကာ ပြန်ဆင်းလာလိုက်သည် ။ဆံပင်ကိုလဲ ဖီးမနေတော့ပဲ ကျောပိုးအိတ်ကို ဖြစ်သလို ကောက်လွယ်လာသဖြင့် အောက်မှာ စောင့်နေသော ကြောင်ရှာသီးတောင့်ကြီးက ဘောင်းဘီအိတ်ထဲ လက်နှစ်ဘက်ထည့်ကာ နှာခေါင်းရှုံ့ ကာ မျက်မှောင်ကြီး ကုတ်ပြီး ကြည့်နေလေသည် ။ သိနေတယ်လေ စမတ်ကျနေတဲ့ သူ့ရဲ့ဘေးမှာ စုတ်တီးစုတ်ပဲ့ပါလာမယ့် အရေးကို ကြိုတွေးပြီး ဂိုက်ပဲ့နေတာ ဖြစ်မှာပေါ့ ။ မတတ်နိုင်ဘူး မကျေနပ်ရင် ထားခဲ့လိုက်ပေါ့ သက်တောင် သက်သာသေး ~~

တလမ်းလုံး ဘာစကားမှ မပြောဘဲ မျက်နှာကြီး တည်တည်ကြီးနဲ့ ကားမောင်းလာသဖြင့် ကျတော်လဲအခြေနေကို ကြည့်ပြီး နှုတ်ဆိတ်နေလိုက်သည် ။ ကတောင် ဆိုတဲ့ မက်ဆေ့လေး တက်လာလို့ ကြည့်လိုက်တော့ TAO

ဘေဂျင်းပြန်ပြီး ခရပ်ရှ် ကြီးနဲ့ ပျော်မြူးနေသော ပုံတွေကို ပို့လာသဖြင့် သောက်မြင်ကပ်ကပ်နဲ့ ထိုင် နှိပ်ကွပ်နေလိုက်သည် ။ ပန်ဒါကောင်ကို နှိပ်ကွပ်ရင်း အပြန်လှန် မက်ဆေ့ တွေ ပို့လာလိုက်တာ ရှော့ပင်းစင်တာ ရောက်လာတာတောင် မသိလိုက်ပေ ။

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now