Ep 14

3.3K 378 39
                                    

Zawgyi Version 

ဘုရား ~~ဘုရား ~~~ ဘေးနားလေးက ကြောင်ကြီး အဲ့လေ ကြောင်ရှာသီးကြီးနိုးသွားမှာစိုးလို့ သူ့ရင်ခွင်ထဲကနေ အသာယာ လှိမ့်ကာ လှိမ့်ကာ ထွက်ပြီး စောင်ပုံထဲက ထွက်မယ် ကြံလိုက်တော့ စောင်က ကိုယ့်ဘက်ကို ဆွဲသလိုပါလာသဖြင့် ဆဲဟွန်းနိုးသွားလေသည် ~~

သေလိုက်ပါတော့ လုဟန် ~~အတောင့်လိုက်သာ သေလိုက်တော့

သူက တလှုပ်လှုပ်နဲ့ တဖြည်းဖြည်း ကုတင်စွန်းရောက်နေသော ကျတော့ကို ခေါင်းထောင်ကြည့်ရင်း

"နိုးရင်လဲ အေးဆေးမနေဘူး ကုတင်ပေါ်ဆော့မနေနဲ့ လုဟန်"

"ဗျာ ~~" ဘယ်နှယ့်ဗျာ ဒီအရွယ်ကြီးက ဆော့မလား စဉ်းစားကြည့်ပါဦး

"ဟေ့ကောင် ~ဗျာတွေ ဘာတွေ လုပ်မနေနဲ့ အငြိမ်မနေတတ်ရင်လဲ နိုးရင် ကုတင်ပေါ်က ဆင်းတော့ တကတည်းမှပဲ တညလုံး ကြောင်တွေ လိုပဲ လူကိုလာပြီး တိုးဝှေ့အိပ်နေတာ ကောင်းကောင်းကို မအိပ်ရဘူး "

ငင့် ~~ငါ သိတတ်စကတည်းက တိုးဝှေ့အိပ်စရာ ဘေးနားမှာ လူမရှိတဲ့ သီးသန့် အခန်းမှာပဲ နေခဲ့တာပါ  ~
တွေးရင်းနဲ့ စူပုတ်ပုတ် ဖြစ်နေသော လုဟန်ကို ဆဲဟွန်း မျက်မှောင်ကျုံ့ ကြည့်ကာ

"အိပ်မှာဖြင့်လဲ အိပ်လေကွာ အခုမှ ၆နာရီပဲ ရှိသေးတာ မင်းက တညနေလုံး တစ်ညလုံး အိပ်ထားတော့ မအိပ်ချင်ပေမယ့်လဲ ငါ့မှာတော့ တညလုံး မင်းက အငြိမ်မနေလို့ အေးဆေး မအိပ်ရသေးဘူး ဆက်အိပ်ဦးမယ် ၈နာရီကြမှ နှိုးတော့ " ပြောရင်းနဲ့ တဘက်ကို လှည့်ကာ စောင်းအိပ်သွားသည် ။

ဪ~~သူကတော့ ဘယ်လိုမှ မဖြစ်သလိုပါပဲလား ၊ ဒါပေမယ့် ငါက ဘာကိစ္စကတုန်ကရင်တွေဖြစ်နေရတာလဲ ...ဟူး
လုဟန် ကိုယ့်ဘာသာပြန်အားပေးရင်း လက်သီးလေးဆုပ်ကာ ဆဲဟွန်းနဲ့ ခပ်လှမ်းလှမ်းမှာ အသာယာလှဲအိပ်လိုက်သည် ။ဆက်ခနဲ့ ပြန်နိုးလာတော့ ၇နာရီခွဲနေပြီ ~ဒါကြောင့် ထလိုက်ပြီး ဘေးက လူကြီးကို ကြည့်လိုက်တော့ အိပ်လိုက်တာမှ တုတ်တုတ်မှ မလှုပ်ပေ , အိပ်တာတောင်မှ အချေပို့စ် နဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တစောင်းအနေထားကို လက်ကလဲ ပိုက်လို့ အိပ်နေသည် ။ကိုယ်တွေလို ပြဲကားလဲ မအိပ် တွန့်လိမ်ကွေးကောက်လဲ မအိပ် သွားရည်တွေလဲ ကျမနေပေ 😬

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now