Zawgyi Version
"ဟေ့လူ ခင်များကြီး ဘာလုပ်တာလဲ~~လွှတ် လွတ် "
"မင်း ပါးစပ်ပိတ်ထားလိုက်စမ်း ရှောင်လု ၊ရုန်းနေရင် ငါ ကြမ်းပြင်ပေါ်လွှတ်ချပစ်မှာနော် " ဆဲဟွန်းက ခပ်တင်းတင်းဆိုကာ အော်ငေါက်လိုက်သည် ။ တကယ်ကြီး ပစ်ချမယ့် ပုံလုပ်နေသောကြောင့် လုဟန် ငြိမ်ငြိမ်နေလိုက်ရသည် ။ ပွေ့ ထားခံရတာ အသာနာမှာထက်သော သာပါတယ်လေ ~~
ဆဲဟွန်းပွေ့ ခေါ်လာသော စောင်ထုပ်လေးအတိုင်း ကွေးကွေးလေး ပါလာသော လုဟန်ကို မွေ့ ယာပေါ် သို့ ပစ်ချလိုက်လေသည် ။
" အွတ်"
"ကဲ အိပ်တော့ ၊ နောက်တစ်ခါ ပြောစကား နားမထောင်ရင် ဒီထက်ပိုဆိုးတာ လာမယ် "
"ဒါပေမယ့်လည်း ပွေ့ ခေါ်ဖို့အထိတော့ မလိုဘူးထင်တာပဲ ကျတော် ကလေးမဟုတ်ဘူးဗျ " မကျေမနပ်နဲ့ အတွန့်တက်လိုက်မိတော့
"အေး ကလေးဆိုရင် ငါ့ကိုကြောက်ပြီး စကားနားထောင်ရင် ထောင်လိမ့်မယ် မင်းကတော့ ကလေးမဟုတ်တော့ ငါ့ကို ကလန်ကဆန်လုပ်ပြီး နားမထောင်ဘူးလေ "
"ဘောလုံးပွဲက ပြီးဖို့ ၁၀မိနစ်ပဲ လိုတော့တာကို ပြီးတော့ ကျတော့ အကြိုက်ဆုံးအသင်းကန်တဲ့ ပွဲဗျ " မကျေမနပ်နဲ့ ကုတင်ပေါ်ထိုင်ကာ ပွစိပွစိရွတ်နေမိတော့ ဆဲဟွန်းက ရုတ်တရက်ကြီး ထဆွဲကာ အိပ်ယာပေါ်လှဲချလိုက်လေသည် ။
"HYUNG ~~~~~" ရုတ်တရက်မို့ လန့်သွားကာ အော်လိုက်မိတော့ လှဲနေတဲ့ အပေါ်ကနေ အုပ်မိုးကာ နဖူးကို စမ်းရင်း
"လူကဖြင့် ကိုယ်ပူချင်နေပြီ အဲ့ဒါကို ဘောလုံးပွဲ ဆက်ကြည့်ချင်သေးတာလား ၊ နေမကောင်းဖြစ်ရင် မင့်အကောင်တွေက ဆေးလာကုမပေးဘူး သိလား လုဟန်"
"အမလေး ကိုယ်တိုင်ကိုယ်ကျ ဆေးလာကုပေးရင် လုဟန်တို့ အတောင့်လိုက် အသက်ထွက်သွားမှာ "
" တော်တော့ ပါးစပ်ပိတ်လိုက်တော့ ငါလဲ အိပ်တော့မယ် "
"အိပ်ပေါ့ ခင်ဗျားအိပ်မှ ကျတော် ပြန်ထကြည့်မယ် "
"ဘာ~~~ထရဲ ထကြည့်စမ်း " ပြောရင်းဆိုရင်း ဆဲဟွန်းက နောက်ကနေပြီး ကျတော့ကို ခွကာ ရင်ခွင်ထဲထည့်ပြီး တင်းကြပ်စွာ ဖက်လိုက်သည် ။
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်