EP 15 (Sehun Version)

923 143 27
                                    

စားပြီးသောက်ပြီး အဆီရစ်ကာ ဧည့်ခန်းထဲတွင် TV ထိုင်ကြည့်ကာ အဆီရစ်နေသော ကောင်လေးကို ဆဲဟွန်း အူယားနေပါပီ" လုဟန် ငါ အပြင်သွားမလို့ လိုက်ခဲ့မလား ""မလိုက်တော့ဘူး Hyung ကျတော် တစ်ကိုယ်လုံးလဲ ဖောယောင်နေတာ မလိုက်ချင်ဘူး ""မင်း အဲ့လို ပျင်းနေလို့လဲ လူက တဖြည်းဖြည်းဝလာပြီ အဲ့မှာ ထိုင်နေလို့ သွေးလေမလျှောက်ပဲ ဖောင်းကားနေတာ "" အဲ့လို မဟုတ်ပါဘူး တကယ်ကို အရက်နာကျနေတဲ့ ရုပ်ကြီးနဲ့ အပြင်မထွက်ချင်လို့ပါ ""အံမယ် ဘယ်တုန်းကလဲ စမတ်ကျနေလို့လဲ မရဘူး လိုက်ရမှာ နောက်ရက်တွေအတွက် စားစရာမရှိဘူး ဈေးလဲ သွားရဦးမယ် ၊ အခုချက်ချင်းထ ၁၀မိနစ်အချိန်ပေးမယ် အမြန်လုပ်ခဲ့ "လေသံမာမာတဲ့ အော်လိုက်သောကြောင့် TV ရှေ့က အမြန်ထကာ အပေါ်ကို ဝုန်းဒိုင်းကျဲနေအောင်တက်ပြီး အကျီလဲပြီး ဆင်းလာတော့ မြင်ရတာ အချိုးမပြေပြန် ။ အတွင်းပိုင်းတွေ ပေါ်လွန်းသော တီရှပ်လက်ပြတ်ကို အောက်က ရက်ပါ ဒီဇိုင်း ဘောင်ဘီအပွကို ဝတ်ကာ ဆံပင်ကိုလဲ မဖီးပဲ ကျောပိုးအိတ်ကို ဖြစ်သလို ကောက်ယူလာပုံပေါ်နေသော်လည်း အင်မတန်ပင် ချစ်ဖို့ကောင်းလွန်းတာကြောင့် စိတ်အလိုမကျ ဖြစ်ရပြန်သည် ။ဖြစ်နိုင်ရင် မိုးကာ အုပ်ပြီးတောင် ခေါ်သွားလိုက်ချင်သေးတလမ်းလုံး ဘာစကားမှ မပြောဖြစ်ပေမယ့် ဒင်းကတော့ ကတောင် ကတောင်နဲ့ ပြုံးပြုံးကြီး ချက်တင် ထိုင်ပြီး လိုက်လာလေသည် ။ Shopping mall ရောက်တာတောင် မသိနိုင်အောင် ပြောနေလို့ သူ့ ဖုန်းကို တချက်လှမ်းကြည့်လိုက်တော် ပြောနေတာက TAO ဖြစ်လို့ စိတ်အေးသွားရပြန်သည်။"ကဲ~ဆင်းပါတော့ ဆရာသမား တခါတည်းကို င့ါမှာ ဒရိုင်ဘာကြီးကြလို့ ဘေးကနေ ထိုင်လာပြီး ဘာမှ အကူညီမရဘူး ပါကင်ထိုးတာတောင် ကြည့်ပေးဖော်မရဘူး "ဒီရှော့ပင်းမောလ်က ပါးပါးရဲ့ ရှယ်ယာတွေ ပါသလို သူ့ကလဲ VVIP Diamond Member ဖြစ်နေတော့ ဒီမှာပဲ ဝယ့်ဖစ်တာ များပါတယ် ။ အကျီတွေက ဒီဇိုင်းတွေ တုံးကုန်ပြီ ဖြစ်လို့ ဝယ်ကောင်းကောင်းနဲ့ ဝယ်နေရင်းနဲ့မှ ကလေးကို လှမ်းကြည့်လိုက်တော့ ထိုင်နေတဲ့ နေရာမှာ မတွေ့တော့ ရင်တွေ ထိတ်ခနဲ့ ဖြစ်သွားသည် ။ အရောင်းစာရေးမ ပြနေလက်စဖြစ်တဲ့ အကျီကို ပစ်ချပြီး ကလေးထိုင်နေတဲ့ နေရာကို ဝုန်းကနဲ့ ရောက်သွားမှ မလှမ်းမကန်းမှာ ဦးထုပ်ရွေးနေတာကို တွေ့မှ ရင်အေးသွားရတော့သည် ။ဦးထုပ်ခရေဇီ ဖြစ်လို့ ကြည့်လိုက်သမျှ အကုန်လိုချင်နေသဖြင့် ဝေခွဲနရဖြစ်နေပုံရသည် ။ ဘေးမှာကလဲ အရောင်းဝန်ထမ်းကောင်မလေး ၂ယောက်ရှိနေသည် ။"မောင်လေးရေ ဒီအနီလေးရေ ဘယ်လိုလဲ အသားလေးက ဖြူတော့ အရမ်းလိုက်သည် ""အဖြူလေးလဲ ဆောင်းကြည့်ပါဦး ~~အောမော အောမော ချစ်ဖို့ကောင်းလိုက်တာ "ခေါင်းကုတ်ပြီး ရွေးရခက်နေသည်ကို ဦးထုတ်တွေကို ကိုယ်တိုင် ကိုယ်ကျ ဆောင်းပေးကာ မှန်ရှေ့ကို အတင်းဆွဲခေါ်သွားသော အရောင်းမမတွေကြောင့် ယက်ကန် ယက်ကန်နဲ့ ပါသွားလေသည် ။မရတော့ဘူး သည်းခံတဲ့ အတိုင်းတာ လွန်သွားပြီ။ ငါ့ရဲ့ ကလေးကို ဒီလို ပိုင်စိုးပိုင်နဲ့ လုပ်တာ မကြိုက်ပါဘူး ။အရောင်းမမ တစ်ယောက်က ဆောင်းပေးမလို့ လုပ်နေတဲ့ ဦးထုပ်ကို ဆဲဟွန်းက ဆွဲယူကာ"မင်းတို့ အားလုံး သွားတော့ "ဆဲဟွန်းရဲ့ ခပ်မာမာ စကားကြောင့် မမ နှစ်ယောက် ဦးထုပ်တွေကို ဆဲဟွန်းလက်ထဲ ထည့်ပြီး ခပ်ရို့ရို့လေး ထွက်သွားသည် ။"ဒီ ဦးထုပ်လေး တစ်လုံးရွေးနေတာကို မပြီးနိုင် မစီးနိုင်တော့ဘူး ၊ ဘာတွေများ ခက်နေလို့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်နေရတာလဲ ~~ရော့ ဒီအနက်ရောင်ပဲယူ သွားမယ် "ကိုယ့် ပစ္စည်းတွေနဲ့ တစ်ပါတည်း သူ့ ဦးထုပ်ဖိုးက ပေါင်းရှင်းပေးလိုက်သည် ။" Hyung ဦးထုပ်ဖိုးကို ကျတော် ပေးမလို့ပါဆို "" လျှာမရှည်နဲ့ လုဟန် ငါက ဒီ ရှော့ပင်းမောလ်ရဲ့ VVIP Discount တွေ အများကြီးရတယ် ။ မင်းဆိုရင် တစ်ပြားမှ လျှော့မှာ မဟုတ်ဘူး"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျသလောက်ကို ကျတော် ပြန်ပေးပါ့မယ် "" မပေးနဲ့တော့ နောက်ရက်မှ ညစာကျွေး "ညစာကျွေးဆိုတော့ မျက်နှာလေး အိုသွားလိုက်တာ ~ အဲ့ဒီ လုဟန်ဆိုတဲ့ ကပ်စေးကုပ်လေးက ဘုရားစူး သဌေးသားပါပေ ။ဘရမ်းဆိုတာလဲ သူစိတ်မဝင်စားပေ ။ပိုက်ဆံလဲ ဟော့ဟော့ရမ်းရမ်းမသုံး သူလစာတောင် သူကုန်အောင် သုံးရဲ့လားမသိဘူး ။အိမ်မှာကလဲ ကလေးက သူပဲ ဆိုတော့ Hung တွေရော ကိုယ်ကိုယ်တိုင်ကပါ မုန့်တွေ ရေခဲသေတ္တာအပြည့်ထည့်ပေးထားတော့ သူလေး ပိုက်ဆံတောင် သုံးပုံမရပေ ။ လစာတောင် မကုန်မှတော့ သူ့အိမ်က ထည့်ပေးလိုက်တဲ့ Black Card လဲ မှိုတက်နေလောက်ပြီ ။ရှော့ပင်စင်တာ အောက်က Mart ထဲကို နှစ်ယောက်သား ဆင်းလာခဲ့လေသည် ။ ဈေးတွန်းလှည်းကို ယူကာ အစားသောက်တန်းဖက် ထွက်လာခဲ့သည် ။ တွန်းလှည်းမြင်ရင် မနေနိုင်သော အကျင့်ကြောင့် တွန်းလှည့် အခြေကို ခြေထောက်တင်ကာ စီးလာခဲ့သောကောင်လေးက ဆဲဟွန်း လှညိ့ကြည့်ရင် သူ မသိသလို သူမဟုတ်သလို သရုပ်ဆောင်နေတာက နားရင်း အုပ်ချင်စရာပေ ။ခေါက်ဆွဲတန်းဘက်ရောက်တော့ ပဲခေါက်ဆွဲတွေ ဆွဲထည့်သမျှ ဆဲဟွန်းက အကုန်ပြန်ထုတ်သည်"Hyung ကျတော် စားချင်လို့ပါဆိုနေ ~~"" အိမ်မှာ ဆယ်ထုပ်လောက်ကျန်သေးတယ် ဒီလောက်ဆို စားပါလိမ့် အများကြီး မစားရဘူး ရောဂါရမယ် " ပြောလိုက်ရင်း ရုတ်တရက် နောက်လှည့်ကာ တွန်းလှည်းကို ရှေ့ကနေ ဆွဲရင်း ခေါက်ဆွဲတန်းဘက်ကို ပြန်လှည့်သည် ။"ခေါက်ဆွဲစားချင် ရင် ပါစတာ လုပ်ကျွေးမယ် "ပြသနာက နောက်ကနေ တွန်းလှည့်ပေါ် ခြေထောက်တင်ကာ စီးလာသော လုဟန်က တွန်းလှည်းပေါ် မတ်တပ်ရပ်လျှက်ပင် ဆဲဟွန်းဆွဲတဲ့ ဘက်ကို ပါသွားခြင်းဖြစ်သည် ။ ဘေးက လူတွေကတော့ ကျတော်တို့ နှစ်ယောက်အား ဆော့နေသည် မှတ်ကာ ပြုံးစိစိ လုပ်သွားကြသည် ။"Hyung ရပ်ဦး ကျတော် ဆင်းမလို့ ""မရပ်ပါဘူး မင်း အဲ့လို စီးချင်နေတာ မဟုတ်လား ငါဆွဲခဲ့တော့ မင်းတောင် သက်သာသေး "ကိုယ်က မင်းလုပ်ချင်တာ အသေးလေးကိုတောင် ဖြည့်စည်းပေးချင်နေတာပါ ကလေးရယ် ။ချပ် ~~ချပ် ~~ချပ်ဟင် ~~ဘာလဲ ဖလပ်ရှ် မီးအလင်းရောင်နဲ့ အတူ ချပ်ခနဲ့ ထွက်လာသော အသံကြားရာသို့ လှည့်ကြည့်လိုက်သော ကျတော်တို့ ဘက်ရှိရာကို မျက်နှာမူပြီး ဖုန်းကိုကိုင်ပြီး ရပ်နေသော ကောင်မလေး နှစ်ယောက်တွန်းလှည်း အစီးကောင်းတာ ကောင်မလေး နှစ်ယောက်က ဓါတ်ပုံတွေ ခိုးရိုက်မှ ရပ်လိုက်ကြတဲ့ ကျတော်တို့ အဖြစ်ပါ ~~"သွားပြီ တွန်းလှည်းဖျက်စီးတာကို ဓါတ်ပုံရိုက်ပြီး ရုံးခန်းကို တိုင်မလို့ထင်တယ် "ဆဲဟွန်းက ဓါတ်ပုံရိုက်နေတဲ့ ကောင်မလေး နှစ်ယောက်ဘက်ကို ပြေးသွားလိုက်သည် ။သူတို့နဲ့ စကားအခြေတင်ပြောပြီး လိုချင်တာလေးတောင်းခဲ့ကာ ပြန်လှည့်လာတော့" Hyung ကျတော်တို့ စင်တာပိုင် ပစ်စည်းဖျက်စီးမှုနဲ့ လျော်ရတော့မှာလား ~~""အာ~~ဘာတွေ ပြောနေတာလဲ မလျော်ရပါဘူး ""အဲ့ဒါဆိုရင် သူတိုက ဘာလို့ ဓါတ်ပုံရိုက်တာလဲ""သူတို့က Fujoshi တွေ ဆောင်းပါးအတွက် ဓါတ်ပုံလိုနေလို့ ရိုက်လိုက်တာတဲ့ "" Fujoshi ဆိုတာဘာလဲ ဘာလို့ သူတို့ ဆောင်းပါး အတွက် ကျတော်တို့ ကို ရိုက်တာလဲ"ရိုးလိုက်တဲ့ ကလေး Fujoshi တောင် မသိရှာဘူး ။ အေးလေ မသိတာလဲ ခပ်ကောင်းကောင်းပါပဲ" သြော် ~~Fujoshi ဆိုတာ စာရေးဆရာကို ခေါ်တာပဲ သူတို့က မိသားစု မေတ္တာဘွဲ့တွေကို ရေးတာ အဲ့လိုတွေ ရှိတယ် ""အဲ့ဒါဆိုရင် Hyung နဲ့ ကျတော့်ပုံကို ညီအစ်ကိုဇာတ်လမ်းမှာ သုံးမလို့ ပေါ့ "" အေး~~အဲ့လိုပြောတာပဲ "" Hyung Ph no တောင်းခဲ့တယ် မဟုတ်လား ~ ဆောင်းပါးထွက်လာရင် လက်ဆောင်တောင်းရအောင် ကျတော်တို့ ပုံသုံးထားတာ ဆိုတော့ အလကားပေးလောက်ပါတယ် "" အမ် ~မတောင်း ~~မတောင်းခဲ့ပါဘူး ""အဲ့ဒါဆို ခုနက ဖုန်းတွေ တကိုင်ကိုင်နဲ့ ဘာလုပ်နေတာလဲ "" အဲ့ဒါက သူက ငါ့ ဖုန်းနံပါတ်ကို တောင်းလို့ ပေးတာ ၊ငါ က မင်းတို့ တရုတ်ဖုန်းနံပတ်တွေ အလွတ်မှ မရတာ အဲ့ဒီတော့ ဖုန်းကို ပြန်ကြည့်ရတာပေါ့ ~~ငါလိုလူက ဖုန်းနံပါတ်တောင်းစရာလား "လုဟန် မဲ့ရွဲ့သွားတာ မြင်တော့ စိတ်ထဲ အရမ်းရီချင်သွားသည် ။ကောင်မလေးတွေဆီက ကူးခဲ့တဲ့ ဓါတ်ပုံလေးက အသက် ဝင်လွန်းလို့ အိမ်ကြမှ Laptop screen မှာ တင်ထားမယ်လို့ တွေးလိုက်မိသည် ။Mart ထဲက ထွက်လာပြီး လုဟန်မှာ အထုတ်တစ်ပွေ့တစ်ပိုက် ဖြစ်နေသော်လည်း ဟိုဟိုဒီဒီ လမ်းသလားနေသော ဆဲဟွန်းကြောင့် ကြာတော့ သူသွားရာနောက်ကို မလိုက်နိုင်တော့ပေ ~ စိတ်လေလေနဲ့ Mall ထဲက promotion area မှာ ရှိတဲ့ ခုံတန်းလေးမှာ အထုတ်တွေ ချပြီး ထိုင်ချလေတော့သည် ။Promotion area မှာ lollipop ရောင်းသော ဆိုင်လေးက promotion လုပ်နေသည် ထင်သည် ။mini game လေးတွေ ဆော့ကာ နိုင်ပါက candy ဘူးလေးတွေ lollipop လေးတွေ လက်ဆောင်ပေးနေလေသည် ။လုဟန် ထိုင်ကြည့်နေလို့ ဆဲဟွန်းလဲ လိုတာတွေ ထပ်ဝယ်ရအောင် ဟိုဟိုဒီဒီ ဝင်ကြည့်နေလိုက်သည် ။ဆိုင်ထဲမှာ ပစ္စည်းတွေ ရွေးနေတုန်း ဂိမ်းဘက်ခြမ်းကနေ လုဟန်ဆိုတဲ့ အသံကြားလို့ လှမ်းကြည့်လိုက်တော့ ဒင်းလေးက ထိုင်နေတဲ့ နေရာမှာ မရှိပဲ ကောင်မလေးနဲ့ ပွဲ အလည်မှာ ပြုံးပြုံးကြီး ဒါတ်ပုံ ရိုက်ခံနေသည် ။MC ခိုင်းသမျှကို အူကြောင်ကြောင်နှင့် လုပ်ရင်း ပရိတ်သတ်ဖက် ဝေ့ကြည့်လိုက်တော့ လက်ပိုက်ကာ ပေစောင်းစောင်းကြည့်နေတဲ့ ကိုယ့်ကို မြင်တော့ မျက်စပစ်ပြီး ထွက်လာခဲ့ဖို့ ခေါ်လိုက်လေသည် ။ အရေးထဲ MC က အတင်းဆွဲကာ နောက်တစ်ပွဲပါခိုင်းနေသဖြင့် တောင်းပန်နေစဉ် ဆဲဟွန်းက ပွဲထဲ ဝင်လာပြီး လုဟန် လက်ကို စောင့်ဆွဲကာ ~ ဆောရီးပါ ကျတော်တို့ သွားစရာလေးရှိလို့ ဟုပြောကာ ဆွဲခေါ်လာလေသည် ။ဆဲဟွန်းက လုဟန်ရဲ့ လက်ကိုဆွဲကာ ခုံတန်းပေါ်တင်ထားတဲ့ အစားသောက်ထုပ်ကို ဆွဲယူရင်း ကားပါကင် အပြင်ဘက်ကို ထွက်ခဲ့လေသည် ။"Luhan Ge Luhan Ge"လှည့်ကြည့်လိုက်တော့ ခုနက သူနဲ့ ဂိမ်းအတူကစားတဲ့ ကောင်မလေး" Ge ပြန်တော့မလို့လား လက်ဆောင်ရတာတွေ ယူသွားဦးလေ " ကျင်းကျင်းက candy ဘူးလေးပေးတာကို ဆဲဟွန်းက ကြားဖြတ်ယူလိုက်သည် ။"ကျေးဇူးပဲ ကလေးမ သူက ပန်းနာရင်ကြပ်ရှိလို့ ချိုချဉ်တွေ အဲ့လောက် အများကြီးနဲ့ သိပ်မတည့်ဘူး " ပြောပြီး ချိုချဉ်ဘူးကို အိတ်ထဲ ကောက်ထည့်လိုက်သည် ။ ကောင်မလေးက ဆဲဟွန်းကို မရဲတရဲလေး ကြည့်ကာ ~~"အဲ့ဒါဆို Ge lollipop လေးတော့ ယူလိုက်နော် ကျင်းကျင်း လက်ဆောင်ပေးတာ "ကောင်မလေးက မျက်နှာငယ်လေးနဲ့ ဆိုတော့ လုဟန် လဲ ဆဲဟွန်းကြီး မယူခင် lollipop လေးကို ဖျက်ခနဲ့ ဆွဲယူကာ ဘောင်းဘီ အိတ်ထဲ ထိုးထည့်လိုက်သည် ။" Ge ကျေးဇူးပါ ~ IG လဲ လုဟန် နံမည်နဲ့လား ရှာပြီး follow လုပ်လိုက်မယ် တာ့တာ ""မျက်လုံးကြီးလဲ ကျွတ်ကျပါဦးမယ် သွားမယ် " ဆဲဟွန်းက ဆောင့်ဆောင့်နဲ့ ကားဆီသွားလိုက်နတော့မှ နောက်က ပြေူလိုက်လာတော့သည် ။ ကားပေါ်ရောက်တော့ ဘေးနား အသာလေး ထိုင်ကာ ဘောင်းဘီအိတ်ထဲက ချိုချဉ်ကို ထုတ်ပြီး စားမယ် ပြင်တော့ ဆဲဟွန်းက ~" အဲ့ဒီချိုချဉ် ငါစားမယ် ""အွန် ~ Hyung ကို ပေးတာမှ မဟုတ်တာ ကျတော့ကိုပေးတာလေ ပြီးတော့ ခုန Candy တစ်ဘူးလုံးလဲ Hyung ယူထားပြီးတော့ ""ငါ အခု Lollipop စားချင်စိတ်ပေါက်နေလို့ ""အာ မရပါဘူး မကျွေးဘူး " ပြောရင်း ပါးစပ်ထဲ ကောက်ထည့်ပစ်လိုက်သည် ။ ဆဲဟွန်းကလဲ ပါးစပ်ထဲ ရောက်နေပြီ ဖြစ်သော Lollipop ပိုက်တံကို အတင်းဆွဲသည် ။ လုဟန် ချိုချဉ်ကို ပါးစပ်နဲ့ ကိုက်ထားသဖြင့် ချိုချဉ်က ပါးစပ်ထဲ ကျန်ခဲ့ကာ ပိုက်တံသာ ဆဲဟွန်း လက်ထဲ ပါသွားလေသည် ။"လုဟန် မင်းက ဒီလိုလား ~ အေး ငါကလဲ ရအောင် စားပြမယ် "ဆဲဟွန်းက လုဟန်ကို သူ့ဘက်ဆွဲလှည့်ကာ ပါးနှစ်ဘက်ကို လက်ဖြင့် ဆွဲညှစ်လိုက်တော့ လုဟန်ရဲ့ နှုတ်ခမ်းလေးက ထော်ထွက်ကာ ပွင့်အာသွားသည် ။ ပွင့်အာနေသော နှုတ်ခမ်းကို ဆဲဟွန်းက သူ့ နှုတ်ခမ်းဖြင့် တွေ့စုပ်ကာ လုဟန် ပါးစပ်ထဲမှ Lollipop လုံးလေးကို လျှာဖြင့် ကော်ထုတ်ယူပစ်လိုက်တော့သည် ။ကျတော် ချိုချဉ်စားချင်နေမယ်လို့တော့ ခင်များလေးတို့ မတွေးဘူး မဟုတ်လားTBC🔜🔜🔜အားဆေးတော့ တိုက်သွားပေး

A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)Where stories live. Discover now