ဒုံး ~ဒုံး ~ဒုံးခြေသံမဟုတ်ဘူးဗျ ~~ ကျတော့်ရဲ့ ရင်ခုန်သံတွေကျတော် လုဟန်လေးကို ပွေ့ချီပြီး အပေါ်ထပ်က အခန်းထိရောက်အောင် တက်လာခဲ့တာ မောမမောတော့ မသိဘူး ရင်ထဲမှာတော့ ကတုန်ကရင်တွေကို လိုက်နေပါပီရင်ခွင်ထဲက ချစ်စရာ အကောင်ပေါက်ကို ထည့်ကာ ဖက်မနမ်းမိအောင် မေးရိုးအာက်က လည်တိုင်က အကြောတွေထောင်နေအောင် ဖိကြိတ် ထိန်းသိမ်းရင်း သုံးလွှာထိ တက်ခဲ့ရလို့ထင်တယ် ချွေးတွေက စီးကျလို့ပင်နေလေသည် ။သူ့ အခန်းရှေ့ရောက်လို့ ရင်ခွင်ထဲက ကောင်လေးကို ကြည့်မိတော့ ဒင်းလေးက မျက်လုံးလေး အပြူးသားနဲ့ ကိုယ့်ကို ငေးကြည့်နေတာက အရမ်းကို အူယားစရာကောင်းလွန်းလှသည် ။ လှိုက်ခနဲ့ တက်လာသော အူယားစိတ်ကို အတင်းကြိတ်မှိတ် မြိုချရင်း ~~"လုဟန် တံခါးဖွင့်လေ ~ကြောင်တောင်တောင် လုပ်မနေနဲ့ " ငေးကောင်းကောင်းနဲ့ ငေးနေလိုက်သော ကလေးက ဆက်ခနဲ့ တုန်သွားကာ အားနေတဲ့ လက်ကလေးနဲ့ တံခါးကို တွန်းဖွင့်လိုက်သဖြင့် အခန်းထဲဝင်လိုက်သည် ။သူလေးက ကိုယ်အော်တာ များသွားလို့ ထင်တယ် နှုတ်ခမ်းလေးကို ကိုက်ကာ စူပုတ်ပုတ်လေး ဖြစ်သွားသည် ။မဖြစ်ချေဘူး ရင်ခွင်ထဲမှာ အတင်းဖြစ်ညစ်ပြီး မနမ်းမိခင် ဟန်ကိုယ့်ဖို့လုပ်ကာ"မင်းဆိုတဲ့ အကောင်က နည်းနည်းမှ အလိုက်မသိဘူး ငါ့မှာ မင်းကိုလဲ ပွေ့ထားရသေး တံခါးလဲ ဖွင့်ရမယ်ဆိုရင် ရမလား စဉ်းစားလေ ,တခါတည်း ဦးဏှောက်မှ ပါရဲ့လား သိချင်မိတယ် " ပြောလဲပြော ကုတင်ပေါ်ကို လူကို ပစ်ချလိုက်တာ အရှိန်လွန်သွားပြီး သူလေးခင်မျာ ရှုံ့မဲ့သွားလေ၏အွတ် ~~~"ဆောရီး လက်က မနိုင်တော့ဘူး " ပြောပြောဆိုဆို အခန်းထဲကနေ ပြေးထွက်ကာ တံခါးကို ဝုန်းခနဲ့ ပိတ်လိုက်လေသည် ။ အဆမတန် ခုန်နေသော ရင်ကို ဖိပြီး တံခါးကို နောက်ပြန်မှီကာ ပြုစားနိုင်လွန်းသော သမင်လေးကို တခုခု မလုပ်ပစ်မိခင် ဆင်ခြင်နိုင်မှ တော်ရုံကြပေလိမ့်မည်ဆဲဟွန်း ကုတင်ပေါ် ပစ်ချလိုက်တဲ့ အရှိန်လေး ပြင်းသွားတာ သိလို့ တော်တော်လေး စိတ်မကောင်းဖြစ်ရသည် ။ဒါပေမယ့် မင်းအပြစ်ပဲ လုဟန် မင်းက အရမ်းချစ်ဖို့ မကောင်းသင့်ဘူးဒဏ်ရာက နာနေဦးမှာ ဖြစ်လို့ မိမိအခန်းထဲက အကိုက်ခဲပျောက်ဆေးတစ်ချို့ကို ယူကာ ကလေးရဲ့ အခန်းဘက်ကို ပြန်ကူးလာခဲ့သည် ။မျက်နှာချင်းဆိုင်ပေးရင် ကိုယ့်စိတ်ကို မနိုင်လို့ တံခါးကို ဝုန်းခနဲ့ ဖွင့်ကာ ဆေးထုတ်ကို ပစ်ပေးရင်း မနည်ူပြန်ထွက်လာခဲ့သည် ။ အထဲက ကလေးကတော့ ကျောလေးကို ထုရင်း တအံတသြ ကျန်နေခဲ့လေရဲ့" ဒီအကိုက်ခဲပျောက်ဆေး သောက်ထားလိုက် မသက်သာရင်ညနေကြ ဆေးခန်းသွားမယ် "ဆေးအရှိန်ကြောင့် ထင်ပါရဲ့ အခန်းတခါးလေး ခဏ ခဏ သွားဖွင့်ကြည့်ပေမယ့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသော ကောင်လေးကို မနှိုးရက်စွာနဲ့ပဲ ကြည့်ပြီး ပြန်ပြန်လှည့်ခဲ့ရသည် ။ ခြေထောက်ကလေးကလဲ သိသာစွာ ဖောင်းနေတာတော့ တော်တော်လေး စိတ်မကောင်းပေ ။ ညနေပိုင်းမှာတော့ နေမကောင်းမှာ စိုးလို့ အိမ်က ထမင်းချက် အဒေါ်ကြီးကို သွားနှိုးခိုင်းကာ လုဟန့်အတွက် ညစာကို အခန်းထဲထိ ပို့ပေးရန် စီစဉ်ပေးကာ ခြေမကိုလဲ သန့်ရှင်းရေးလုပ်ပြီး ပတ်တီးအသစ်ပြန် စည်းပေးရန် စေခိုင်းလိုက်သည် ။ Hyung တွေနဲ့ ဘီယာလေး နည်းနည်း သောက်ထားမိလို့ ကလေးအနား မသွားချင်ခဲ့စိတ်ကတော့ တချိန်လုံး ဒီကလေးဆီမှာပဲ ရောက်နေသည် ။"ဆဲဟွန်း ဒီနေ့ သိပ်မသောက်နိုင်ပါလား "သတိထားမိသော Baekhyung Hyung က ဆိုလေတော့ ခေ့င်းနည်းနည်းကိုက်နေသည် ဟု အကြောင်းပြရင်း တခါတည်ူ အိမ်ပေါ်တက်လာခဲ့သည် ။ ကလေး အခန်းနားရောက်တော့ အခြေနေလေး သိချင်တာကြောင့် ချီတုန်ချတုန်ဖြင့် တံခါးကို ဖွင့်လိုက်သည် ။ ကလေးက လကြည့်ရင်း အိပ်ပျော်သွားပုံရသည် ။ ပြတင်းပေါက်လေးဖွင့်လျက်သား သူ့ကို ကျောပေးလျှက် အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေလေရဲ့ ။ အိပ်လဲ အိပ်နိုင်လွန်းတဲ့ ကလေးပါပဲ"ဒီကောင်လေးကတော့ အိပ်တာကို သေချာမအိပ်ဘူး ~~ဟုပြောဆိုပြီး လုဟန့်ကိုယ်ပေါ်သို့ စောင်ကို ဆွဲခြုံသွားပေးလိုက်သည် ။ ထို့နောက် ပြတင်းပေါက်မှ လိုက်ကာအား ချပြီး အခန်းမီးကိုမှိတ်ကာ ညလင်းမီးကို ထွန်းပြီး ပြန်ထွက်လာလိုက်သည် ။ကလေးတစ်ယောက် စိတ်အေးချမ်းစွာ အိပ်စက်နိင်ပါစေ ဆုတောင်းရင်းလုဟန်ရေ~~ ကိုယ်တော့ မင်းလေး ပြုစားလို့ နှလုံးရောဂါရပြီး သေတော့မယ် ထင်တယ်TBC 🔜🔜🔜တနေ့လုံး တစ်စက်မှ မအားပေမယ့် ခင်ညားလေးတို့ ပေးတဲ့ ကွန်းမန့်လေးတွေကို ဖတ်ပြီး ကျေနပ်အားရ ပီတိဖြစ်စွာနဲ့ တစ်လုံးရရ နှစ်လုံးရရ ရေးပြီး Update ပေးထားပါကြောင်း ~~~
YOU ARE READING
A Lovely Myth ( ချစ်ခြင်းဖွဲ့ဒဏ္ဍာရီ)
FanfictionLuhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိတ်ရာ မင်းငယ်ပါသေးတယ် ~~မင်းပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာတောင် သိရလောက်အောင် ရိုးသားလွန်းတယ်