Chapter 1 - မဂၤလာပြဲ / မင်္ဂလာပွဲ

47.6K 1.9K 27
                                    

Chai Shilinဆိုသည်မှာ Chaiအိမ်တော်၏တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။ သူ့ဘဝမှာချစ်သူတစ်ဦးတည်းသာ ထားခဲ့ဖူးသော လူပျိုကြီးတစ်ဦး။ ရွှေမြို့တော်ရဲ့ အားထားရသည့်စစ်သူကြီးတစ်ဦးဖြစ်သည့် Chai Shilinအတွက်တော့ သတို့သမီးလောင်းလျာရှာရခက်သည်မှာ ထူးခြားသည်မဟုတ်။ Chaiသခင်ကြီးမှာ Chai Shilin လူပျိုပေါက်အရွယ်ကတည်းက ကွယ်လွန်သွားသည်ဖြစ်ရာ Chaiအိမ်တော်ကို Chai Shilin အလိုအလျောက် ဆက်ခံရရှိခဲ့လေသည်။ Chaiကတော်၏ မြေးချီချင်သည့်ဆန္ဒကို Chai Shilinလျစ်လျူရှုကာ အကြမ်းတကာ့အကြမ်းဆုံးစစ်ပွဲတွေဆီ ပျော်ပွဲစားထွက်သလိုလုပ်နေတာကြောင့် အမေဖြစ်သူမှာ တစ်နေ့တစ်နေ့ ဘုံကျောင်းကိုသွားပြီး သားဖြစ်သူဘေးရန်ကင်းကင်းပြန်လာစေရန် ဆုတောင်းရသည်မှာအမော။ သူမ၏ဆုတောင်းကို နတ်မင်းတွေကနားငြီး၍ ဖြည့်ဆည်းပေးလိုက်သည်ထင်သည် Chai Shilin တစ်နေ့မှာတော့ အိမ်ကိုပြန်လာခဲ့သည်။ ထို့အပြင် သူတစ်ကြိမ်မျှ မတောင်းဆိုဖူးသောစကားကို မိခင်အားတိုးတိုးတိတ်တိတ်ပြောပြလာသည်။

" အမေ ကျွန်တော့်မှာရည်ရွယ်သူရှိတယ်။ "

နောက်ဆုံးတော့ Chaiသခင်မကြီး၏ မျှော်လင့်ချက်ရောင်ချည်သမ်းလာခဲ့ပြီဖြစ်သည်။ သူ
စိတ်လှုပ်ရှားစွာ သားဖြစ်သူအားမေးလိုက်သည်။

" ဘယ်​အိမ်​က သမီးလဲ။ အိုကွယ်​ ... ဒါအ​ရေးမကြီးပါဘူး။ အ​မေ့သား​ရွေးတာ အ​မေ့​ချွေးမ​လေးပဲ​ပေါ့။ ဒါနဲ့ဘယ်​​တော့​အိမ်​​ခေါ်လာမှာလဲ။ "

Chai Shilin သူ့အ​မေကိုကြည့်​ရင်း မျက်​​တောင်​တစ်​ဖျတ်​ဖျတ်​ခတ်​လိုက်​သည်။

" ​အချိန်​ယူရဦးမယ်​။ သူကအခုမှ၂၀ပဲရှိ​ဦးမှာ။ "
" အသက်​၂၀ ? "

အသက်၂၀ဆိုတာ မိန်းကလေးတစ်ယောက် လက်ထပ်ဖို့အတွက် သင့်တော်သောအရွယ်လေ။ ပြီးတော့ Chai Shilinလည်း အသက်၃၀ကျော်လာပြီ။ Chai သခင်မကြီးလည်း ကျန်းမာရေးသိပ်မကောင်းလှ။ အကယ်၍သူသာ တိမ်းပါးသွားခဲ့သော် Chai Shilin ဘေးမှာ ဇနီးသည်မရှိခဲ့လျင် စစ်ပွဲတွေဆီကနေ ဘယ်သောအခါမှ သူအိမ်ပြန်လာတော့မှာမဟုတ်မှန်း Chaiသခင်မကြီးသိသည်။

--------------
ရွှေမြို့​တော်​က​နေ မြို့ငယ်​ဇနပုဒ်​အထိ Chai Shilin ​နှင့်အတူ Chaiသခင်မကြီးအပြင် အိမ်တော်ထိန်းရောက်လာကြသည်။ သူတို့တတွေတည်းခိုခန်းအ​ပေါ်ထပ်​မှာ တည်းခိုကာ သတို့သမီးလောင်းလေးကို တကူးတကလာကြည့်ကြခြင်း။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now