Chapter 60

4.4K 520 8
                                    

မိုး​သောက်​အလင်း​ရောက်​တဲ့အချိန်​မှာ အချုပ်​ခန်းမှာရှိ​နေတဲ့ Chai Shilinတစ်​​​ယောက်​ ​နှိပ်​စက်​ခံရလွန်းလို့​မေ့​မြော​သွား​တော့သည်။ ​သွေး​ရောင်​လွှမ်း​နေတဲ့​ကျောပြင်​​ပေါ်မှာ ရှရာပြတ်​ရာ​တွေက အက်​​ကြောင်းထပ်​​နေ၏။ ​သွေးတချို့ကသူ့ခန္ဓာကိုယ်အနှံ့မှာ တချို့က​တော့ ​မြေ​ပေါ်မှာအိုင်ထွန်းလျက်။ ​မေ့​မျောသွားတာ​တောင်​မှ Chai Shilin ​အံကြိတ်​ထားဆဲဖြစ်​သည်။

" ခဏနားကြစို့။ သူသတိရလာမှ ဆက်​​မေးကြမယ်​။ "

အချုပ်​ခန်း​စောင့်​ရဲမက်​​​တွေက Chai Shilinကို တိုင်​မှာကြိုးချည်​လျက်​ထားရစ်​ခဲ့ပြီး အနားယူဖို့ထွက်​သွားကြသည်။ တိတ်​ဆိတ်​​နေတဲ့ အချုပ်​ခန်းကျယ်​ထဲမှာ Chai Shilinရဲ့ အသက်​ရှူသံသာကြားရသည်။ အချုပ်​ခန်းတံခါးဟာ သော့ခတ်​သံနဲ့အတူ လုံးဝတိတ်​ဆိတ်​သွားသည်။

ထိုအချိန်​မျက်​နှာဖုံးစွပ်​ထားတဲ့လူတစ်ဦး အချုပ်​ခန်းရှိရာ တရားစီစဉ်​​ရေးဝင်းနံရံကို ​​ခိုးဝင်​​ကျော်​ဖြတ်​လာသည်။ အချုပ်​ခန်းကို ​စောင့်​ကြပ်​​နေတဲ့​ရဲမက်​အုပ်​စု ထွက်​သွားတဲ့အထိ သစ်​ပင်​​ပေါ်မှာတက်​ပုန်း​နေသည်။ လူရှင်းပြီဆိုခါမှ သစ်​ပင်​​ပေါ်က​နေ မျောက်​တစ်​​ကောင်​လို လျင်​မြန်​စွာဆင်းလာသည်။ အချုပ်​ခန်းအနား​ရောက်​​တော့ ​ဘေးဘီကြည့်​ပြီး​ ​သော့ခ​လောက်​ကို သူ့ရဲ့လက်​သီးနဲ့ထိုးခွဲလိုက်​သည်။

ချောက်​ !

အနံ့အသက်​မ​ကောင်းလှတဲ့အခန်းထဲမှာ Chai Shilinကို သံတိုင်​မှာကြိုးကပ်​ချည်​ထားသည်။ တွဲလဲကျ​နေတဲ့ ​ခြေ​၂ဖက်​က​နေ ​သွေး​တွေတ​တောက်​​တောက်​ကျ​နေ၏။ ​ဖောက်​ထွင်းသူဟာ Chai Shilinဆီ​လျှောက်​လာပြီး သူ့မှာပါတဲ့​ရေအနည်းငယ်​ကို တိုက်​လိုက်​သည်။ Chai Shilin သတိအနည်းငယ်​ပြန်​ဝင်​လာပြီး သူ့မျက်​ခွံ​တွေလှုပ်​ရှားလာသည်။

" Shilin သူငယ်​ချင်း "

Chai Shilin သူ့ကို​ခေါ်​နေသံ​​နောက်​လိုက်​ရင်း မျက်​လုံးဖွင့်​ကြည့်​လိုက်သည်။ သူ့အ​ရှေ့မှာ Ribo Lei ရှိနေ၏။ Chai Shilin စိတ်​​လျော့ချလိုက်​တဲ့ပုံနဲ့ ​ပြုံးပြသည်။

My Rude Husband ( Zawgyi and Unicode )Opowieści tętniące życiem. Odkryj je teraz