Chapter 24

11.8K 1.1K 51
                                    

* Mature scene အသက်​၁၆အထက်​မှဖတ်​ရန်​။ ( မပြည့်​လည်း ဖတ်​ကြမှာမလား။ )

-------------
Chai Shilin သီးသန့်​ဖယ်​ထားတဲ့အရက်​အနည်းငယ်​ကို အကင်​နဲ့မြည်းစမ်းရင်း သူ့အ​ရှေ့မှာ​မှောက်​အိပ်​​နေတဲ့ Luliကိုပဲကြည့်​​နေသည်။ ဘယ်​မိန်းက​လေးက ဒီလိုမူးပြဲ​နေ​အောင်​​သောက်​နိုင်​တာလဲ။ ဒီပုံအတိုင်းဆို သူတခုခုလုပ်​ရင်​​တောင်​ မနက်​​ရောက်​ရင်​ဘာမှမှတ်​မိမှာ မဟုတ်​​လောက်​ဘူး။

" Luli မင်းအဆင်​​ပြေလား။ "

Luliဆီက ဗလုံးဗ​ထွေး​ပြောသံကြားရသည်။ Luliဒယိမ်းဒယိုင်​ထလိုက်​​တော့ လဲမလိုဖြစ်သွားသည်။ Chai Shilin သူ့ခါးကိုလက်​နဲ့​ထိန်းလိုက်​သည်။ Luli လည်းနှစ်​ခြိုက်​စွာ Chai Shilinကိုပြန်​ဖက်​လိုက်​၏။ ပါးစပ်​က​နေလည်းတိုးတိုး​လေး ​ပြောလိုက်​​သေးသည်။

" လူယုတ်​မာကြီး ... "

Chai Shilin စားဖိုမှူးကိုဟင်းပွဲပြန်​သိမ်းခိုင်းလိုက်​ကာ Luliကိုထမင်းစားပွဲက​နေ အပြင်​​ခေါ်ထုတ်​လာခဲ့သည်။ မူး​နေချိန်​မှာ Luliဘာလုပ်​လုပ်​ချစ်​ဖို့​ကောင်း​နေ​ရော။ အ​စေခံ​တွေကအလိုက်​သိစွာ အိပ်​ခန်းတံခါးဖွင့်​​ပေးသည်။ ခေါက်ဆွဲချောင်းလိုပျော့ခွေနေတဲ့ Luliကိုခုတင်​ထက်​မှာလှဲ​ပေးလိုက်​ပြီး ​စောင်​ခြုံ​ပေးလိုက်​သည်။ အိပ်​ခန်းအပြင်​က အ​စေခံ​တွေကိုအန်​​ပေါင်းအနည်းငယ်​​ပေးကာ ပြန်​လွှတ်​လိုက်​သည်။

" ဒီ​နေ့ညမင်းတို့​စော​စောနားကြ။ "

အ​စေခံ​တွေ အဓိပ္ပာယ်​ပါပါပြုံးကာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ တွန်းတိုက်​ထွက်​သွားကြသည်။ Chai Shilin အိပ်ခန်းတံခါး​သော့ပိတ်​ကာ ခုတင်​ဘက်​လှည့်​လိုက်​​တော့ Luli မအိပ်​ပဲငုတ်​တုတ်​ကြီး ထိုင်​​နေသည်။

" Luli ? "

Luli ​ခြေအိတ်​ကိုချွတ်​ကာ ​လေထဲလွှင့်​ပစ်​လိုက်​သည်။ သူ့ခေါင်း​ပေါ်က ဆံထိုး​တွေကိုဖယ်​ရှားကာ ဆံပင်​ရှည်​ကြီး​တွေကို ဖြန့်​ချလိုက်​သည်။

" Chai Shilin ကျွန်မဆံပင်​ရှည်​​တွေကို ရှင်​သ​ဘောကျတယ်​မလား။ လာ လာထိကိုင်​ကြည့်​​လေ။ "

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now