Chapter 42

6.4K 774 21
                                    

Nieအိမ်​​တော်​ရဲ့ မနက်​ခင်းဟာ Chai Shilin ရုတ်​တရက်​​ရောက်​လာတာ​ကြောင့်​ ရုတ်​ရုတ်​သဲသဲဖြစ်​သွားရသည်။ Nieသခင်​ကြီးထက်​ ဂုဏ်​ကျက်​သ​ရေကြီးမားသူ Chaiစစ်​သူကြီးဆီမှာသာ ခစား​နေကြသည်။ ဘယ်​လိုပဲခစားကြပါ​စေ Chai Shilinက အိမ်​ပြန်​မယ်​ချည်းပဲ​ပြော၏။ ​နေ့လည်​​ခင်းမှာ​တော့ Chaiအိမ်​​တော်​က မြင်းလှည်း​ရောက်​လာသည်။

" စိတ်​မပူနဲ့ ညီမ Fang ။ အထုပ်​အပိုးသာကြိုပြင်​ထား​တော့။ နန်း​တော်​​ရောက်​ရင်​ စာပို့လိုက်​မယ်​။ "

Nie Fang Chi ဒူး​ထောက်​ကာ​ကျေးဇူးတင်​​ချင်​​ပေ​သော်​ငြား အ​မေဖြစ်​သူကို​ကြောက်​ရ​သေးသည်။ အသိအမှတ်​ပြုတဲ့အ​နေနဲ့ ​ခေါင်းညိမ့်​လိုက်​သည်။

" ​ကျေးဇူးတင်ပါတယ်​ Chaiသခင်​မ ဒီ​ကျေးဇူးမ​မေ့ပါဘူး။ "

မြင်းလှည်း​ပေါ် Chai Shilinအရင်​တက်​ကာ Luliကိုလက်​ကမ်း​ပေးသည်။ Luliရဲ့ခါးကိုလက်​နဲ့ပင့်​တင်​​ပေးပြီးကာမှ မြင်းလှည်းတံခါးပိတ်​လိုက်​သည်။ Nieအိမ်​​တော်​ကို ဒီတစ်​ကြိမ်​​နောက်​ဆုံး​လာတာဖြစ်သည်။ ​နောက်​ထပ်​​တွေ့ဆုံဖို့ ​ရေစက်​မရှိ​လေ​တော့ဘူး။

----------
သူငယ်​ချင်းကြီး Chai Shilinရဲ့ ​မဆုံးနိုင်​တဲ့​မေတ္တာတရား​တွေ​ကြောင့်​ Ribo Lei တစ်​ညလုံးခါးချိ​နေ​အောင်​ အလုပ်​လုပ်​လိုက်​ရသည်။ ဘုရင့်​စာကြည့်​​ဆောင်​မှာ အလုပ်​တစ်​ဝက်​လုပ်​ပြီး ညဘက်​မှာ​တော့ ဘုရင့်​အိပ်​​ဆောင်​မှာ အမိန့်​​တော်​ပြန်​တမ်း​တွေ​ရေး​နေရလို့ အိပ်​​​ပျော်​သွားတဲ့အထိပဲ။ ဘုရင်​မင်းမြတ်​နဲ့ ၃​ပေအကွာက စားပွဲခုံ​​ဘေးမှာလှဲအိပ်​​ပျော်​သွားတာ Goကုန်းကုန်းလာနှိုးမှနိုးလာသည်။ တစ်​လက်​စတည်း မနက်​စာကိုပါ ဘုရင်​မင်းမြတ်​က​ကျွေးလိုက်​သည်။

" ​​မောင်​မင်း​​ကြောင့်​ ကိုယ်​​တော့်​အလုပ်​​တွေပြီးပြတ်​သွားပြီ။ ခွင့်​တစ်​ရက်​ယူပြီး ပြန်​နားနှင့်​ပါ။ "

ဘုရင်Shuye မ​ပြောလည်း Ribo Leiနားမှာပါပဲ။ စား​ကောင်း​သောက်​ဖွယ်​​တွေစားကာ အိပ်​​ဆောင်​က​နေထွက်​လာ​တော့ ​လှေကားထိပ်​မှာတင်​ မိဖုရား​ခေါင်​နဲ့ထိပ်​တိုက်​ဆုံသည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora