Chapter 46

5.9K 782 19
                                    

Chaiအိမ်​​တော်​ရဲ့တစ်​ဦးတည်း​သော အ​မွေဆက်​ခံသူဖြစ်​လာတဲ့ သခင်​မ​လေးအဖြစ်​ Chai Shizu ​မွေးဖွားလာပြီး​နောက်​ တိုက်​တိုက်​ဆိုင်​ဆိုင်​ ဘုရင်​မင်းမြတ်​ရဲ့ကာလရှည်​ကြာ ​ရောဂါ​တွေဟာယူပြစ်​သလို​ပျောက်​ကင်းသွားသည်။ ဘုရင်​မင်းမြတ်​သက်​သာပြီဆိုတာနဲ့ စစ်​​မြေပြင်​ကိုဦးစီးလိုက်​ကာ ငါးလက်​ချားပုန်​ကန်​သူ​တွေကို အတိုး​ကောအရင်းပါတိုက်​ခိုက်​​တော့၏။ ၅လ​ကျော်​​လောက်​ခက်​ခက်​ခဲခဲတိုက်​ခဲ့ရတဲ့ စစ်​ပွဲကြီးဟာ တစ်​ဖက်​ကငါးလက်​ခြားစစ်ဘုရင်​အဆိပ်​ခတ်​သတ်​ခံရပြီး​နောက်​ အ​ခြေအ​နေတစ်​မျိုးတစ်​ဖုံ​ပြောင်းလဲသွားသည်။ ​အောင်​လံတံခွန်​လွှင့်​ထူကာ ​ရွှေမြို့​တော်​ဆီပြန်​​ရောက်​လာကြတဲ့ စစ်​သည်​ရဲမက်​​တွေကို မြို့သူမြို့သား​တွေက ဝမ်းပမ်းတသာကြိုဆိုကြသည်။ Chaiအိမ်​​တော်​​ရှေ့မှာ ကြီးမားတဲ့​ကောက်​ရိုးကျားအရုပ်​ကိုထားထားပြီး အိမ်​​တော်​သခင်​အတွက်​ ဂုဏ်​ယူ​နေကြသည်။

" Shizu​လေး သမီး​ဖေ​ဖေပြန်​လာ​တော့မယ်​​နော်​။ အကျီလှလှဝတ်​ပြီး ​ဖေ​ဖေကြီးကို ကြိုဆိုလိုက်​ကြရ​အောင်​။ "

ရွှေဝါ​ရောင်​အကျီ​လေးနဲ့ ​တောက်​ပ​နေတဲ့ Shizu​လေးကို Luliကိုယ်​တိုင်​ချီပိုးပြီး အိမ်​အပြင်​မှာရပ်​​စောင့်​​နေသည်။ သူ့အ​နောက်​က​နေ အိမ်​​တော်​ထိန်းက ထီးမိုး​ပေးထား၏။ ​ဈေးလမ်းမတစ်​​လျှောက်​ဖြတ်​သွားတဲ့ လူတန်းကြီးအပြင်​မှာ Chaiသခင်​မ Luliရပ်​​နေတာမြင်​တဲ့ စစ်​သည်​​တွေဟာ ရို​သေစွာဦးညွတ်​သွားကြသည်။ Luliရင်​ခွင်​ထဲက Shizu​လေး အပူသက်​သာ​အောင်​ ဇာပဝါ​လေးနဲ့မျက်နှာထက်​မှာ ကာထား​ပေးသည်။

" သခင်​မ ဟိုမှာ Chaiစစ်​သူကြီး"

အိမ်​​တော်​ထိန်းလက်​ညွှန်​ရာဘက်​ကို Luliစိတ်​လှုပ်​ရှားစွာလှမ်းကြည့်​မိသည်။ စစ်​မြင်းအနက်​ကြီးထက်​မှာ ရင်​​ကော့လိုက်​ပါလာတဲ့ Chai Shilinကို Luliမြင်​လိုက်​​တော့ ​ပြေးဖက်ချင်စိတ်ပေါက်လာသည်။ ပါးသိုင်း​မွှေး မုတ်​ဆိတ်​​မွှေးထူထပ်​​နေတဲ့ Chai Shilinပုံစံက ပင်​ပန်းနွမ်းနယ်​​နေသည်။ Chaiအိမ်​​တော်​​ရှေ့ဆိုက်​​ရောက်​လာ​တော့ Chai Shilin ချန်​​နေရစ်​ခဲ့သည်။ Luliနဲ့အပြန်​အလှန်​စိုက်​ကြည့်​​နေမိပြီး ဘာမှမ​ပြောနိုင်​​လောက်​​အောင်​ဖြစ်​​နေသည်။ က​လေး​မွေးပြီးကတည်းက ပိန်​ကျသွားတဲ့Luliကိုကြည့်​ပြီး Chai Shilin စိုးရိမ်​​တဲ့​လေသံနဲ့ အပြစ်​တင်​​သ​ယောင်​ပြုသည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora