Chapter 26

10.2K 1.1K 35
                                    

ဘုရင်​Shuyeနန်းတက်​ပြီး​ ​နောက်​ပိုင်းကာလ​တွေမှာ​တော့ နယ်​စပ်​ကကျူးကျော်​မှု​တွေ အဆမတန်​ကြီးထွားလာခဲ့သည်။ နယ်​နီးစပ်​ချုပ်​ကမြို့ငယ်​​လေး​တွေမှာ ခိုးဆိုးလုယက်​မှု​တွေ အကြမ်းဖက်​မှု​တွေ​ပေါ်လာခဲ့ပြီး ​ရွှေမြို့​တော်​မှာလည်း မင်းဆွေမင်းမျိုးတွေ​ရဲ့ ယှဉ်ပြိုင်မှုတွေပေါ်လာသည်။ မင်းနေပြည်တော်အပြင်က အိမ်တော်တွေဟာလည်း ရှေ့ရေးကိုကြိုတွေးကာ ဘက်တူသူခြင်းမဟာမိတ်ဖွဲ့လိုက်ကြသည်။ Moအိမ်​​တော်​ဟာအ​မျှော်​အမြင်​ရှိစွာ Chaiနဲ့Diyuအိမ်​​တော်​ကို ပူး​ပေါင်းလိုက်​ခဲ့လိုက်နိုင်သည်။ Chai Shilinက Ribo Leiကို Luliအားကြည့်​ရှု​စေပြီး သူက​တော့ဘုရင်​ထံမှာ သစ္စာ​စောင့်​သိ​နေသည်။ ​တော်​ဝင်​တံဆိပ်​တုံးကိုသာ Luliထုတ်​ပြလိုက်​ရင်​ Chai Shilinက အလိုအ​လျောက်​ဘုရင်​ဖြစ်​သွားခဲ့မည်။ ဒါ​ပေမယ့်​ အရှင်​မင်းမြတ်​ကိုသစ္စာ​စောင့်​သိတဲ့ Chai Shilin​ကြောင့်​ Luli ငြိမ်​​နေခဲ့သည်။

ထိုနှစ်​ထဲမှာပဲ အ​နောက်​ဘက်​ကနယ်​တချို့ဟာ ပုန်​ကန်​သူ​တွေလက်​ထဲကျ​ရောက်​သွားသည်။ အင်​အားနည်းအမတ်​​တွေက ဘုရင်​ကိုပုန်​ကန်​ချင်​လာကြပြန်သည်။ နယ်စပ်ကျူးကျော်မှုတွေကိုChai Shilin ဦးဆောင်တဲ့တပ်မကြီးက တားဆီးနေစဉ်မှာပဲ ​ရွှေမြို့​တော်​ကြီးမှာ ကံကြမ္မာဆိုးစဝင်​လာခဲ့သည်။

" သခင်​မ .. သခင်​မ အမြန်​​​ရှောင်​တိမ်းပါ​တော့။ "

မနက်​​ဝေလီ​ဝေလင်းမှာ Luliကို အ​စေခံတစ်​​ယောက်​ အ​ရေးတကြီးလာနှိုးသည်။

" ဘာဖြစ်​တာလဲ Xiao Shun "

အိမ်​တံခါးမကြီးအပြင်​မှာ တိုက်​ခိုက်​သံကြား​နေရပြီး Moအိမ်​​တော်​ဘက်​မှာလည်း အလားတူ။

" ပုန်​ကန်​သူ​တွေ ကျွန်တော်မျိုးမတို့ကိုလာတိုက်​ခိုက်​​နေပါတယ်​။ လွတ်ရာထွက်​​ပြေးပါ​တော့။ "

Luli ချက်​ချင်းကိုပဲ ​မွေးဖွားခါနီးMoသခင်​မကို စိုးရိမ်​သွားရသည်။ အိပ်​ရာ​ခေါင်းရင်းက လက်​စွဲ​တော်​ဓားMo Yeကို ​ပြေးယူကာအ​နောက်​တံခါးဘက်​ ​ပြေးထွက်​သွားသည်။ အ​စေခံကိုလည်း အမိန့်​​ပေးလိုက်​သည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now