Chapter 76

3.5K 326 6
                                    

Shin နဲ့ Luli တို့ နောက်နေ့မှာပဲ ပြန်လည်အဆင်ပြေသွားခဲ့သည်။ Luli ဘက်က တစ်ထစ်လျော့ပေးလိုက်ပြီး Shinဘက်မှာနေခြင်းဖြင့် Shinကိုကျေနပ်သွားစေသည်။ အမတ်တွေရဲ့ တိုက်တွန်းသံတွေကို လျစ်လျူရှုကာ နှစ်အနည်းငယ်အတွင်း Shin လျို့ဝှက်တဲ့အလုပ်တစ်ခုကို အမတ်တွေနောက်ကွယ်မှာဆရာLaoZiနဲ့ လုပ်ဆောင်နေခဲ့သည်။ အဲဒါကတော့ ပျောက်ဆုံးနေတဲ့ အိမ်ရှေ့စံမင်းသားကို လိုက်ရှာတာပါပဲ။ အိမ်ရှေ့စံ Ying Qi ပျောက်ဆုံးသွားတာ ၃နှစ်ကျော်လို့ ၄နှစ်ထဲရောက်နေခဲ့ပြီ။ အသက်သာရှင်နေရင် အရွယ်ရောက်နေပြီဖြစ်တဲ့ Ying Qiဟာ သေသတင်းလည်း မကြားရ ၊ ရှင်နေတယ်ဆိုတာလည်း မသိရဘူး။ နန်းကျမိဖုရားရဲ့ ဆန္ဒအရ Ying Qiကို မရရရအောင်လိုက်ရှာဖို့ Shin ဆုံးဖြတ်ထားသည်။ အကယ်၍သာ ထီးနန်းကို Ying Qi ဆက်ခံမယ့်အရည်အချင်းရှိလာတဲ့တစ်နေ့ သူကိုယ်တိုင်လွှဲပြောင်းပေးဖို့လည်း တွေးထား၏။ Shinရဲ့အလိုအပ်ဆုံးအရာက သူ့ရဲ့မိသားစုဝင်တွေပဲ။

" မင်းသမီး ShiZuနဲ့ မင်းသမီး ShiHongကို အရိုအသေပြုပါတယ်။ "

စာကြည့်ဆောင်ကိုရောက်လာတဲ့ မင်းသမီးလေး၂ယောက်ကို စာကြည့်တိုက်မှူးကြီးက အရိုအသေပေးလိုက်သည်။ သူ့ကိုShiZuက ချိုသာစွာပြုံးပြလိုက်သည်။ ShiZuကို သိမ်မွေ့တဲ့နတ်သမီးလေးလို့ နန်းတွင်းသူတွေက ခေါ်ဝေါ်ကြ၏။ သူ့ရဲ့ အေးချမ်းတဲ့မျက်နှာထား၊ ချိုသာတဲ့အပြုံးကြောင့် ShiZuဟာ လူချစ်လူခင်ပေါများလှသည်။ ShiHongကတော့ ကလေးပီပီ ခုန်ပေါက်ပြေးလွှားတဲ့အရွယ်သာရှိနေသေးသည်။ ShiHongက သူမရဲ့အစ်မနောက်ကို အမြဲလိုက်ပြီးစပ်စုသည်။ ပျင်းလာရင်တော့မယ်တော်ဆီသွားပြီးချွဲနွဲ့သည်။ ဒါပေမယ့် သူ မရင်းနှီးတာက ခမည်းတော်ဘုရင်တစ်ဦးတည်းပါပဲ။ အစ်မတော်က ခမည်းတော်ဆီ ဓားရေးကျင့်ဖို့သွားရင် ShiHongကျန်နေရစ်သည်။ သူ့ရဲ့မျက်လုံးထဲမှာမျက်နှာထားတင်းတင်း ၊ အရပ်ထောင်ထောင်မောင်းမောင်းလူကြီးကို ကြောက်ဖို့ကောင်းသည်။

" မမ ဒီနေ့လည်း ခမည်းတော်ဆီ သွားမှာလား။ "
" အင်း။ "
" Hongနဲ့ပဲ ကစားပါလားဟင်။ "
" မရဘူး။ စာကြည့်စရာရှိသေးတယ်။ "

ShiHongက နံရံကပ်စာအုပ်စင်ပေါ် တွယ်ခွတက်ရင်း ကစားနေသည်။ ဒါကလည်း သူမကိုစိတ်မကျေနပ်စေဘူး။ စာလေ့လာနေတဲ့ အစ်မတော်က သူနဲ့ကစားပေးဖို့ စိတ်အားထက်သန်နေသည်။ ဒါကြောင့် သူစာအုပ်တစ်အုပ်ကိုဆွဲပြီး အထဲကစာရွက်တွေကို ဆွဲဖြုတ်လိုက်သည်။

My Rude Husband ( Zawgyi and Unicode )Opowieści tętniące życiem. Odkryj je teraz