Chapter 98 - Yale Zee

828 72 0
                                    

Ribo Leiမျက်လုံးပွင့်နေသော်လည်းမျက်ဆန်တို့မှာမလှုပ်ရှား။ အသက်ရှူနေသော်လည်း ကြိမ်နှုန်းမမှန်။ ကိုယ်ခန္ဓာမှာပျော့ပြောင်းနေသော်လည်း လှုပ်ရှား၍မရနိုင်ပဲ သစ်ပင်လူသားလိုဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ကလည်းကျစ်လစ်ပြီး ထောင်ထောင်မောင်းမောင်းဖြစ်သောကြောင့် လူကြီး၂ယောက်မဖို့တောင်အနိုင်နိုင်ဖြစ်သည်။

" ကိုယ်ရံတော်တပ်မှူးကို သင့်တော်တဲ့တစ်နေရာမှာချန်ထားရစ်မှဖြစ်မယ်။ ဒီအခြေအနေနဲ့ရှေ့ဆက်ခေါ်သွားဖို့မဖြစ်နိုင်ဘူး။ "

Ying Qi မြင်းပေါ်ပြန်ခွတက်လိုက်ပြီး Ribo Leiကို နောက်လိုက်တွေအကူအညီဖြင့်ဆွဲတင်လိုက်သည်။ လူကြီး၂ယောက်စာသယ်ပိုးလိုက်ရသည်မို့ မြင်းကအနည်းငယ်အနောက်ကိုခြေလှမ်းယိုင်သွားသည်။ Ribo Leiစီးလာသောမြင်းအား Ying Qiနှင့်အတူပါလာသောကောင်လေး Ah Xinကိုတာဝန်ယူစေလိုက်သည်။ ချာတိတ်လေးမြင်းပေါ်လွှားခနဲခုန်တက်သွားတာကို Ying Qiသဘောကျစွာလှမ်းဆိုသည်။

" Ah Xin မြင်းကိုကောင်းကောင်းစီးတတ်တာပဲ။ "

" ဖိုးဖိုးသင်ပေးထားတာကြောင့်ပါ။ "

Ah Xinပြောနေရင်းနဲ့သွားလေသူအဘိုးကိုသတိရသွားကာမျက်နှာညှိုးငယ်သွားလေသည်။ လွန်ခဲ့သောနာရီပိုင်းတုန်းက တစ်ကြိမ်အားရပါးရငိုကြွေးခဲ့သည့်တိုင် ပြန်အမှတ်ရသွားချိန်မှာတော့မျက်လုံးနီရဲလာပြီး နှာတရှုံ့ရှုံ့ဖြစ်နေသည်။ အခုချိန်သူ့ကိုတစ်ယောက်ယောက်ကများ နှစ်သိမ့်လာပါကထပ်မံငိုလောက်သည်။ Ying Qi သူ့ဘေးကကောင်လေးငိုမဲ့မဲ့ဖြစ်နေတာကိုကြည့်ရင်း ဟိုးအရင်တုန်းကသူ့ကိုယ်သူပြန်မြင်ယောင်မိသည်။ အဲ့သည်တုန်းကလည်းမိဘတွေနဲ့သေကွဲရှင်ကွဲကွဲကွာခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဦးတည်ရာမဲ့ကာကူရာမဲ့ကယ်ရာမဲ့ လေလွင့်နေခဲ့ဖူး၏။ Ying Qiသက်ပြင်းချရုံသာတတ်နိုင်ပြီး Ying Qiအနားကပ်လာကာကျောပြင်အားလက်ဖြင့်ပွတ်သပ်ပေးရင်းပြောလိုက်သည်။

" မင်းအဘိုးကိုငါကတိပေးခဲ့တာကြောင့် မင်းအရွယ်ရောက်လာပြီးကိုယ့်အားကိုယ်ကိုးနိုင်တဲ့အချိန်အထိ ငါမင်းကိုညီသားတစ်ယောက်လိုစောင့်ရှောက်ကာကွယ်ပေးမှာမို့ အားတင်းထားစမ်းပါကွာ။ "

My Rude Husband ( Zawgyi and Unicode )Onde histórias criam vida. Descubra agora