Chapter 55

4.8K 596 11
                                    

တော်​ဝင်​တံဆိပ်​တုံး။ ဒီအရာသာရှိ​နေရင်​ Chai Shilin အကျယ်​ချုပ်​ကျ​နေတာကို ချက်​ချင်းလွတ်​​စေနိုင်​သည်။ Luli ယူလာရတဲ့ရည်​ရွယ်​ချက်​ကလည်း ဒီအတွက်​ပဲ။ ရန်​သူ့နယ်​​မြေထဲကို လက်​ဗလာနဲ့လာရ​အောင်​ Luliတုံးအသူမဟုတ်​။ Luli တံဆိပ်​တုံးကို လက်​ဖဝါးထက်​မှာ တင်​ထားကာ အားလုံးမြင်​​အောင်​ပြလိုက်​သည်။

" Chaiစစ်​​ဗျူဟာမှူးဆီ လမ်းပြ​ပေးနိုင်​မလား။ "

Luliစကားအထက်​မှာ တံဆိပ်​တုံးတည်​ရှိ​နေတာ​ကြောင့်​ပဲ အ​စောင့်​ရဲမက်​​တွေဟာ အကာအရံ​တွေကို ချက်​ချင်းဖယ်​​ပေးလိုက်​ကြသည်။ Luli ရထား​ပေါ်ကို အိမ်​​တော်​ထိန်းရဲ့အကူအညီနဲ့ ပြန်​တက်​သွားလိုက်​သည်။ အ​စောင့်​ထဲကတစ်​​ယောက်​က မြင်းလှည်း​မောင်းသူကို ​နေရာ​ပြောပြလိုက်သည်။ သူ​ပြောပြတဲ့​နေရာကို Luliတို့ဦးတည်​လာစဉ်​မှာပဲ နန်း​တော်ထဲမှာ သတင်းဆိုးတစ်​ခု ဖြစ်​​ပေါ်လာခဲ့ပြီဖြစ်သည်။

-------------
Chai Shilin ဟင်းလင်းပြင်​အ​ဆောင်​ထဲမှာ ဟိုဒီ​လမ်း​လျှောက်​ရင်း ​ပျင်းရိခြင်းကို​ဖြေ​ဖျောက်​​နေသည်။ သူ့ရဲ့လက်​စွဲ​တော်​ဓားလည်း အသိမ်းခံလိုက်​ရတာ​ကြောင့်​ Chai Shilin မခံမရပ်​နိုင်​​ဒေါသဖြစ်​ရသည်။ ရုတ်​တရက်​ပဲ မြင်း​ခွာသံနဲ့အတူ မြင်းလှည်းတစ်​စီးချည်းကပ်​လာသံကြားရတာ​ကြောင့်​ သိလိုစိတ်​နဲ့ သူအပြင်​ကို​လှမ်းကြည့်​မိသည်။ Chaiအိမ်​​တော်တံဆိပ်နဲ့ မြင်းလှည်းထက်​က​နေ Chaiအိမ်​​တော်​ထိန်းအရင်​ဆင်းလာတာမြင်ရ၏။ သူ့အ​နောက်​က​နေ Luli ခပ်​တည်​တည်​ဆင်းလာသည်။ ​နောက်​ဆုံးဆင်းလာသူက သမား​တော်​မ​လေး FeiFang။

" Luli ? "

( အ​စောင့်​​တွေအကုန်​လုံးကိုဖြတ်​​ကျော်​ပြီး သူမ
ဘယ်​လိုလာခဲ့တာပါလိမ့်​။ )

Chai Shilin သူ့လက်​ကို​နောက်​ပစ်​ကာ အ​ဆောင်​​လှေကား၂ထစ်​​မြောက်​မှာ ရပ်​​နေဆဲဖြစ်​သည်။ Luli သူ့အနားနီးကပ်​လာတာနဲ့ Chai Shilin မျက်​နှာထားတည်​ထားတာ ​ပြေ​လျော့လာသည်။ သူ့မျက်​နှာကို Luliကြည့်​ကာ အသံတိုးတိုး​လေးနဲ့ ​မေးရှာသည်။

My Rude Husband ( Zawgyi and Unicode )Où les histoires vivent. Découvrez maintenant