Chapter 51

5.5K 707 14
                                    

ညစာစားပြီး အိပ်​ရာဝင်​တဲ့အထိ Chai Shilin အိပ်​မ​ပျော်​​သေး။ ပြတင်း​ပေါက်​မှတစ်​ဆင့်​ ကျ​နေတဲ့အလင်း​ရောင်​​သေး​သေး​လေးကို သူအိပ်​လျက်​ကြည့်​​နေည်။ သူ့လက်​​မောင်းထက်​မှာ Luliအိပ်​စက်​​နေတာမို့ အသက်​ရှူသံညှင်းညှင်း​တောင်​ ကြား​နေမိသည်။ ညတိုင်း Luliအိပ်​​ပျော်​သွားပြီဆိုမှ သူအိပ်​ဖြစ်​သည်။ အိပ်​​ပျော်​​နေတဲ့အချိန်​​တွေမှာ Luliရဲ့ပါးပြင်​နဲ့နှုတ်​ခမ်း​ပေါ် အနမ်း​ခြွေ​လေ့ရှိတာ Luli မသိခဲ့။ တစ်​ခါတစ်​လ Luliအိပ်​မက်​ဆိုးမက်​ပြီး လန့်​နိုးတဲ့အခါ Chai Shilin ရင်​ခွင်​ထဲတိုး​ဝှေ့လာတတ်သည်။ အဲဒီအခါ Chai Shilinက Luli​ကျောပြင်​ကို က​လေးတစ်​​ယောက်​သိပ်​သလို လက်​နဲ့ပွတ်​​ပေးလိုက်​၏။ သူနှစ်​နှစ်​ခြိုက်​ခြိုက်​ပြန်​အိပ်​သွားတဲ့အထိ​ပေါ့။

( ကိုယ်​မရှိရင်​ မင်းတို့သားအမိ​တွေ အဆင်​​ပြေပါ့မလား )

ရှေ့​ရေး​တွေးပူမိတိုင်း Chai Shilin အိပ်​လို့မရ။ ရှင်​ဘုရင်​အနား ခစားရတာဟာ ကမ်းပါးသစ်​ပင်​လို ယိုင်​တိယိုင်​တိုင်နဲ့။ Chaiအိမ်​​တော်​ရဲ့ ဂုဏ်​သတင်းမပျက်​ဖို့အ​ရေး သစစာ​စောင့်​သိ​နေရတာကို သူငြီး​ငွေ့လာသည်။ သာမန်​ဘဝနဲ့ မိသားစု​တွေအတူရှိချင်​မိတာ သူ့ရဲ့အ​တွေးဆန္ဒတစ်​ခုပါပဲ။

-------------
ဘုရင်​မင်းမြတ်​ထံကို ညအိပ်​ချိန်​​ရောက်​မှ မိဖုရားကြီးYubi​ရောက်​ချလာသည်။ လှပစွာဆင်​ယင်​ထားတဲ့ Yubiဟာ ငယ်​ရွယ်​​နေတုန်း။ အိပ်​​ဆောင်​​ရှေ့မှာ အချိန်​အနည်းငယ်​ရပ်​​စောင့်လိုက်​ပြီး ဘုရင့်​ဆီ​လျှောက်​တင်​ပြီးမှသာ အထဲဝင်​ခွင့်​ရခဲ့သည်။

" ​မောင်​​တော်​ ဒီအချိန်​အထိမနား​သေးဘူးလား။ "

ကြမ်းပြင်​မှာပြန့်​ကျဲ​နေတဲ့ ​ပေစာလိပ်​​တွေကို Yubi ​ရှောင်​တိမ်းကာ ဘုရင့်​အနားကပ်ထိုင်​လိုက်​သည်။

" မိဖုရား​ကြီး မ​ရောက်​လာစဖူး ကိစ္စရှိလို့လား။ "
" ​ကိစ္စရှိမှလာစရာလား ​မောင်​​တော်​ရယ်​။ အိမ်​​ရှေ့စံ​လောင်း ပညာသင်​ထွက်​သွားကတည်းက ကျွန်မ အထီးကျန်​​နေတာ။ ​မောင်​​တော်​ကလည်း ကျွန်မကိုအ​ရေးမစိုက်​​တော့ ... "

My Rude Husband ( Zawgyi and Unicode )Wo Geschichten leben. Entdecke jetzt