Chapter 28

9.6K 1K 53
                                    

အခြေအနေမတည်ငြိမ်တဲ့ကာလအတွင်း Moသခင်​မ ခင်ပွန်းတာဝန်ကျရာ နန်း​တော်​မှာပဲမီးဖွားခဲ့သည်။ Chai Shilinကို Luli လက်​​ဆောင်​ပါးလိုက်​ပြီး ဂုဏ်​ပြုစကား​ပြောခိုင်းလိုက်​သည်။ Chai Shilin အင်​တင်​တင်​လုပ်​​နေ​ပေမယ့် Luliစကားမပယ်​ရှားတဲ့ထုံးစံအတိုင်း သူသွားလိုက်​သည်။ အနုပညာဌာနမှာ Moအိမ်​​တော်​ကကျန်​တဲ့သူ​တွေနေပြီး Moသခင်​မကို သစ်​ခွမင်းသမီးက ​စောင့်​​ရှောက်​ထားသည်။

" Chai စစ်​သူကြီး ! "

သစ်​ခွ​အ​ဆောင်​​တော်​ဘက်​​ရောက်​​တော့ နန်းတွင်းသူ​တွေ သူ့မြင်​တိုင်းလန့်​သွားကြသည်။ တစ်​ခါမှအမျိုးသမီး​ဆောင်​ဘက်​ မလာဖူးတဲ့ Chai Shilinက ​ခြေဦးလှည့်​လာသည်။ သူကိုယ်​တိုင်​လည်း အ​နေရခက်​လို့ မျက်​နှာကိုနဂိုကထက်​ ၂ဆတင်းထား​သေးသည်။ အပျို​တော်​​တွေဘက်မှာလည်း Chai Shilinကိုအ​ဝေးက​နေမြင်​တာနဲ့ ​ထွက်​​ပြေးကြသည်။

" Moသခင်​မ ဒီအ​ဆောင်​မှာလား။ "

တံခါး​စောင့်​ တံ​တွေးခက်​ခက်​ခဲခဲမြိုချလိုက်​ကာ ​​ခေါင်းငြိမ့်​ရုံပဲလုပ်​တတ်​​တော့သည်။ Chai Shilin သူ့​ဘေးက​နေခပ်​တည်​တည်​ဖြတ်​သွားပြီးမှ အသက်​ပြန်​ရှူရဲတော့သည်။

သစ်​ခွမင်းသမီးနဲ့Moသခင်​မတို့ ​အ​ဆောင်​​တော်​​ရှေ့က ဇရပ်​​မှာ​စကားစမြည်​​ပြောကာ လက်​ဘက်​ရည်​​သောက်​​နေကြသည်။ သစ်​ခွမင်းသမီး ရုတ်​တရက်​Chai Shilinကိုမြင်​​တော့ ​သောက်​လက်​စအရည်​​တောင်​ သီးသွားရသည်။

" Chai စစ်​သူကြီး ! "

Chai Shilinနဲ့သစ်ခွမင်းသမီးက ငယ်​ငယ်​ကတည်းကသိကြ​ပေမယ့်​ Chai Shilinတစ်​ကြိမ်​​လေး​တောင်​ သူ့ကိုစိတ်​ဝင်​စားမှုမပြခဲ့။ အရင်းနှီးဆုံးသစ်ခွမင်းသမီးအဆောင်ကလွဲလို့ ဘယ်​မင်းသမီးအ​​ဆောင်​ကိုမှလည်း ​ခြေဦးမလှည့်​ဘူး။

" နင်​ဘယ်​လိုလုပ်​ ... "

သစ်​ခွမင်းသမီး ​ပြေးကြိုဆိုတဲ့အခါ Chai Shilin သူ့ကိုတိုက်​ချသွားပြီး Moသခင်​မဆီတန်းတန်းမတ်​မတ်​သွားသည်။ သူ့လက်​ထဲကအထုပ်​ကို​ပေးကာ စကားလက်ဆောင်ပါးသည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now