Chapter 18

10.9K 1.1K 25
                                    

" တပ်​မှူး ဝတ်​​ကောင်းစားလှ​တွေနဲ့ ဘယ်​သွားမလို့လဲ။ "

လူပျို​ဆောင်​က​နေ​တောက်​​တောက်​​ပြောင်​​ပြောင်​ ထွက်​လာတဲ့ ကိုယ်​ရံ​တော်​တပ်​မှူး Ribo Leiကို တပ်​သား​တွေ​နောက်​​ပြောင်​​မေးလိုက်သည်။

" ရည်းစားနဲ့ချိန်း​တွေ့မလို့လား။ "

တော်ရုံဝင်မပြောတဲ့ တပ်​မှူးကြီး​တောင်​ မ​နေနိုင်​လို့​​မေးရသည်။ Ribo Lei ရှက်​ရယ်​ရယ်​ပြီး ​ခေါင်းခါပြသည်။ 

" မဟုတ်​ပါဘူးဗျာ။ အသိညီမ​လေးတစ်​​ယောက်​နဲ့ အချိန်းအချက်​လုပ်​ထားတဲ့​နေ့မို့ပါ။ ချိန်းထားတဲ့နှစ်တိုင်း သူမ ဘယ်​တုန်းကမှမ​ရောက်​လာ​ပေမယ့်​ ဒီနှစ်​​​တော့​သေချာ​ပေါက်​သွား​စောင့်​ချင်​လို့။ "
" ​အေးကွာ နှစ်​​ဦးပြန်​ဆုံကြပါ​စေ။ ​တွေ့ခဲ့ရင်​လည်း ငါတို့နဲ့မိတ်​ဆက်​​ပေးဦး။ "

တပ်​မှူးကြီးကို Ribo Lei အရိုအ​သေ​ပေးကာ မြန်​မြန်​ဆန်​ဆန်​ထွက်​လာခဲ့သည်။ ​တစ်​လမ်းလုံးလည်း ​ခြေ​ထောက်​နဲ့​မြေမထိ​လောက်​​အောင်​ ​အ​ပြေးလာခဲ့သည်။

-------------
ရွှေမြို့​တော်​က​နေ​ကျော်​လွန်​ပြီး ရွက်​အိုမြို့ငယ်​​လေးကို Luli ခရီးဆက်​လာခဲ့သည်။ အသွားအပြန်​ ၄နာရီ​လောက်​ကြာတဲ့ခရီးအထိ သူထွက်​လာမှန်းသာ Chai Shilin သိရင်​မဆုံးနိုင်​​အောင်​ ​ပြောလိုက်​မယ့်​ဖြစ်​ခြင်း။ ​ပြောလည်းသူလုပ်​နိုင်​တာဘာမှမရှိပါဘူး။ ပူညံပူညံ​ပြောမယ်​၊ ပြီးရင်​အိမ်​အပြင်​ထွက်​ခွင့်​ ပိတ်ထားမှာပါပဲ။

ရွက်​အိုမြို့မှာ Luliတစ်​နှစ်​​လောက်​​နေခဲ့ရတယ်​။ ဇာတ်​အဖွဲ့နဲ့အတူ ဒီမြို့​ရောက်​လာပြီး က​လေးသဘာဝ မြို့ထဲမှာ​ဆော့ကစား​​လေ့ရှိ၏။ အ​မေ မအားတဲ့အချိန်​​တွေမှာဆို ရွက်​အို​ပြဇာတ်​ရုံ​နောက်​မှာ ရွံ့ရုပ်​​လေးနဲ့ကစား​နေတတ်သည်။ ဇာတ်​မင်းသမီးအ​မေက လူကြိုက်​များပြီး သူ့ရဲ့ရွက်​ကြမ်း​ရေကြိုသမီးကို​တော့ အများက​ချောင်​ထိုးထားကြသည်။

တောင်​ဇလပ်​ပန်း​တွေပွင့်​တဲ့အချိန်​မှာ​ Luli ဘယ်​သူ့ကိုမှမ​ပြောပဲ တစ်​ဦးတည်း​တောင်​​ပေါ်တက်​သွားခဲ့သည်။ ​တောပန်း​တောင်​ပန်း​တွေတစ်​​ပွေ့တစ်​ပိုက်​နဲ့ ​တောနက်​လာတာကို သတိမပြုမိဘူး။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now