Chapter 43

6.4K 829 25
                                    

Luliအတွက်​​တော့ Chaiအိမ်​တော်​ရဲ့ညချမ်းအချိန်​အခါသည်​သာ အ​အေးချမ်းဆုံးဖြစ်သည်။ နန်း​တော်​ထဲက အ​ဆောင်​အ​ယောင်​​တွေနဲ့ မတူကွဲပြားစွာ ​နေထိုင်​ရတာကအစ လွတ်​လပ်​သည်။ ခြံဝင်းထဲမှာဓား​ရေးကျင့်​​နေတဲ့ ခင်​ပွန်းကိုခပ်​လှမ်းလှမ်းက​နေ ​ငေးကြည့်​ပြီး​ကြွေ​နေသည်။ ​တောင့်​တင်းတဲ့ခန္ဓာကိုယ်​၊ တုတ်​ခိုင်​ပြီးထန်းပင်​ကို​တောင်​ ချိုးပစ်​နိုင်​တဲ့​လက်​​​တွေ၊ ရှိရင်းစွဲအသက်​အရွယ်​ထက်​​တောင်​ ပိုရင့်​ကျက်​​နေ​ပေမယ့်​ တကယ်​တမ်းက​လေးဆိုးကြီးဆိုတာ Luliအသိဆုံး​။

" ​ယောကျာ်း ... "
" အင်း။ ​ပြော​လေ "
" ကျွန်မတို့ နန်း​တော်​ထဲပြန်​မသွားကြလို့ရလား။ Chaiအိမ်​တော်ပြန်နေလို့ဖြစ်​​ပါပြီ။ "
" ဘုရင်​မင်းမြတ်​ ကျန်းမာ​ရေးပြန်​​ကောင်းမွန်​လာတဲ့အထိ​တော့ ကိုယ်​ဆက်​​နေရမှာ။ မင်းတစ်​​ယောက်​တည်း ထားခဲ့ဖို့ရာလည်း စိတ်​မချဘူး။ "

Moအိမ်​ပြဿနာတည်းက Luliကိုစိတ်​မချ​တော့တာ Chai Shilinရဲ့စိတ်​ဒုက္ခတစ်မျိုးဖြစ်​လာသည်။ စစ်​သူကြီးပီပီ ရန်​သူ​ပေါများတာ​ကြောင့်​ လက်​ထပ်​မယ့်​ဇနီးကို​တောင်​ အမျိုးမျိုး​တွေးဆပြီး အချိန်​ယူစဉ်းစားခဲ့သည်။ Luliလို စိတ်​ဓာတ်​မာတဲ့မိန်းက​လေးမျိုးကို လက်​ထပ်​လိုက်​ရင်​ သူ့စိတ်​​ပေါ့ပါးသွားမယ်​ထင်​ခဲ့သည်။ ဒါ​ပေမယ့်​ Luliသတ္တိက သူ့ထက်​မပိုရင်​​တောင်​ သူ့​​အောက်​မကျ​။ လက်​ရဲဇက်​ရဲဇနီး​ကြောင့်​ သူ၂စိုးရိမ်​​နေရတာ ​နေ့​ကောညပါဖြစ်သည်။

" ကျွန်မက ရန်​သူ​တွေလာရင်​​တောင်​ ထိပ်​တိုက်​ရင်​ဆိုင်​ပစ်​မှာပါ။ ကျွန်မမှာ ကိုယ်​ပိုင်​ဓားလည်းရှိတယ်​။ "
" အဲဒီဓား က​လေးမ​မွေး​​ခင်​အထိ ကိုယ်​ပြန်​သိမ်းထားမယ်​။ "

Luli ခပ်​​ဝေး​ဝေးက​နေ သူ့ကိုအဝတ်​​တွေနဲ့ပစ်​​ပေါက်​ကာ စိတ်​အကြီးအကျယ်​​ကောက်​သွားပါပြီ။ တစ်​ညလုံး Chai Shilin ​​ဘေးမှာအိပ်​​နေ​ပေမယ့်​ တစ်​ချက်​​​တောင်​လှည့်​မကြည့်​​တော့ဘူး။ အကယ်​၍သာ ဓားကိုတကယ်​သိမ်းလိုက်​ရင်​ သူ့အနား​တောင်​ကပ်​​တော့ပါ့မလားမသိ။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now