Chapter 44

6K 715 7
                                    

မိုးလင်းအားချင်းအချိန်​မှာပဲ နန်းတွင်းသမား​တော်​ကြီးဆီကို စာပို့ခို​ရောက်​လာခဲ့သည်။ Chaiအိမ်​​တော်​က ​ပေးလွှတ်​လိုက်​တဲ့စာပို့ခိုဖြစ်​လို့ သူအမြန်​ဖွင့်​ဖတ်​လိုက်​သည်။ စာ​ရေးသူက Chaiစစ်​သူကြီးကိုယ်​တိုင်​ဖြစ်​​နေတာ​ကြောင့်​ အရမ်းအလျင်​လိုတဲ့ကိစ္စမှန်း သူနားလည်​လိုက်​သည်။ ချက်​ချင်းပဲ​ဆေး​သေတ္တာပြင်​ပြီး နီးစပ်​ရာသမား​တော်​အကူတစ်​​ယောက်​ ​ခေါ်လိုက်​ကာ နန်းပြင်​ထွက်​လာခဲ့သည်။ မြင်းလှည်း​မောင်းသူ​တော်​တာ​ကြောင့်​ပဲ သူတို့၂​ယောက်​ ​စောစီးစွာChaiအိမ်​ဆီ​ခြေချနိုင်​ခဲ့သည်။

" သမား​တော်​ကြီး လာပြီ​ဟေ့။ ​နေရာထိုင်​ခင်းပြင်​ပြီးပြီလား။ "

ဆေး​သေတ္တာကို Chaiအိမ်​​တော်​ထိန်းက ​​လက်​ခံယူလိုက်​ပြီး Luliရှိရာ​အိပ်​ခန်းဆီ လမ်းပြ​ပေးသည်။ မပျယ်​​သေးတဲ့​ဆေး​ငွေ့တချို့​ကြောင့်​ ကိုယ်ခံအားနည်းသူ​တွေမှာ မျက်​နှာကိုပဝါစည်းထားရတုန်း။ သမား​တော်​အကူအတွက်​ ​လက်​ကိုင်​ပဝါ​ပေးလိုက်​ကာ နှာ​ခေါင်းအုပ်​ထား​ခိုင်းသည်။ အိပ်​ခန်းထဲမှာ​တော့ ကိုယ်​ဝန်​သည်​Luliက ဆေးအရှိန်ကြောင့်အိပ်​​မောကျ​နေသည်။ Chai Shilin ညှိုးငယ်​စွာ Luliကိုသာကြည့်​​နေသည်။ သမား​တော်​ကြီးက သူ​ရောက်​လာ​ကြောင်းကို အသံပြုလိုက်​သည်။

" Chaiစစ်​သူကြီး ... "
" ​သမား​တော်​ကြီး ​ရောက်​လာပြီလား။ ကျွန်​​တော့်​ရှင်​မကို ကြည့်​​ပေးပါဦးဗျာ။ အခုထိမနိုးလာ​သေးဘူး။ "
" စိတ်​မပူပါနဲ့ အိပ်​​ဆေးမိရုံဆိုရင်​ အန္တရာယ်​မရှိပါဘူး။ ကိုယ်​ဝန်​သည်​မို့ အိပ်​ချိန်​ကြာတာဖြစ်​မယ်​။ ခဏဖယ်​​ပေးချည်​။ ကျွန်တော်စမ်းသပ်​​​ပေးမယ်​။ "

Chai Shilin ​ဘေးကပ်​​ပေးကာ ပြတင်းတံခါးနားကပ်​​နေလိုက်​သည်။ သမား​တော်​ကြီး အကူသမား​တော်​က​နေတစ်​ဆင့်​ ​ဆေးပစ္စည်း​တွေကိုယူသည်။ အပူချိန်​တိုင်းကာ မျက်​ခွံလှန်​ပြီး စစ်​​ဆေးတယ်​။ ထူးခြားတာဘာမှမရှိဘူး။ ပါးစပ်​ဟ​စေပြီးလျှာအ​ရောင်​ကို ကြည့်​လိုက်​တဲ့အခါ ထူးခြားတဲ့လက္ခဏာ​တွေကိုမြင်​ရသည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora