Chapter 5

12.4K 1.2K 23
                                    

အလှပ​ဂေး​တွေအလယ်​မှာ ဗျိုင်းမ​လေးLuliတစ်​​ယောက်​ မျက်​လုံးကလယ်​ကလယ်​နဲ့ သူတို့​ပြောသမျှစကား​တွေကို နား​ထောင်​​နေရသည်။ Yubiက သာမန်​မင်းသမီးမဟုတ်​ပဲ အိမ်​​ရှေ့စံမိဖုရားဖြစ်​မှန်း စကား​ပြော​နေရင်းသိလာ၏။ ငယ်​ရွယ်​နုပျိုတဲ့အမျိုးသမီး​လေးက ထီးနန်းလျာမင်းသားတစ်​​ပါး​တောင်​ ​မွေးဖွားထား​ပေမယ့်​ အရွယ်​တင်​​နေတုန်းပဲဖြစ်သည်။ အိမ်ရှေ့စံမိဖုရားက စကား​ပြောဆိုတာလည်း အချက်​အလက်​ကျသည်။ တိုင်းပြည်​တစ်​ခုရဲ့ မျက်​နှာဖုံးအိမ်​​ရှေ့စံမိဖုရားဂုဏ်​ပုဒ်​က လွယ်​လွယ်​နဲ့ရထားတာမဟုတ်​​။

" Chaiစစ်​သူကြီးကို အိမ်​​ထောင်​​ကောပြုဦးမှာလားလို့ ​တွေးထင်​​နေတာ။ တကယ်​တမ်း​လက်​ထပ်​လိုက်​​တော့လည်း ဗြုန်းဆိုင်းကြီး။ "

ဘုရင့်​သမီး​တော်​ ​​​သစ်​ခွမင်းသမီးက ရယ်​​မောရင်း​ပြောသည်။ Yubi ပါးစပ်​ကိုလက်​နဲ့ကွယ်​ပြီး အိ​နြေရရရယ်​​နေတာ ကြည့်​​နေသူ​တောင်​​အသည်းယား​လိုက်​တာ။ မျက်​နှာတစ်​ခြမ်းကို ဇာပဝါပါးနဲ့ဖုံးထားတာ​တောင်​ အလှပ​ဂေးတစ်​​ယောက်​အသွင်​မြင်​​နေရသည်။ စကားဝိုင်းမှာLuliကအဓိကမကျ​ပေမယ့်​ အားလုံးကသူမကို ဂုဏ်​သ​ရေရှိရှိဆက်​ဆံကြသည်။ ကြိုက်​သည်​မကြိုက်​သည်​ဖြစ်​​စေ နန်းတွင်းမာယာ​တွေနဲ့ သူအသားမကျ​သေးတာအမှန်​။

" ကဲ ညီလာခံလည်းပြီးလု​တော့မယ်​။ အိမ်​ဦးနတ်​​တွေကိုကြိုဆိုဖို့ ကိုယ့်​အ​ဆောင်​ကိုယ်​ပြန်​ကြရ​အောင်​။ "

သစ်​ခွမင်းသမီး သတိ​မူမိလိုက်​​တော့မှ မင်းသမီး ၊ သခင်​မ​တွေလည်း စကားစဖြတ်​ကာ အသီးသီးလမ်းခွဲလိုက်​ကြ​တော့သည်။ Yubiနဲ့Luliတို့က တစ်​လမ်းတည်းပြန်​ရမှာမို့ အတူတူပြန်​လာလိုက်​ကြသည်။ Yubiနဲ့​ခြေ၂လှမ်းအကွာ​လျှောက်​ရင်း ​နေပူထဲလမ်း​လျှောက်​လာ၏။ Luli ပူအိုက်​​နေတာမြင်​​တော့ အပျို​တော်​တစ်​​ယောက်​က ထီးတစ်​လက်​လာ​ပေးသည်။

" ​ကျေးဇူး "

Luli ​ကျေးဇူးတင်​စိတ်​နဲ့ ရိုးရိုးသားသားပြုံးပြ​တော့ အပျို​တော်​​လေးလည်းဝမ်းသာသွားသည်။ အိမ်​​ရှေ့စံနန်း​ဆောင်​နား​ရောက်​မှ အ​နောက်​ကိုYubiလှည့်​ကြည့်​လိုက်သည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now