Chapter 79 - စစ္ပြဲစတင္ခဲ့ၿပီ / စစ်ပွဲစတင်ခဲ့ပြီ

2.7K 254 10
                                    

ခင်ပွန်းသည်စစ်တိုက်ထွက်နေချိန်မှာ ကျန်ရစ်သူဇနီးမယားအဖို့ နတ်ကွန်းကိုသွားပြီး ဝတ်ပြုဆုတောင်းရမှာတာဝန်တစ်ခုဖြစ်ပေမယ့် မိဖုရားကြီး Luliကတော့ နန်းတွင်းအင်အားတောင့်တင်းရေးကို ရှေးရှူနေလေသည်။ LaoZiရဲ့ကြီးမားတဲ့အကူအညီနဲ့ နန်းတွင်းကိစ္စတွေကို Luliနေ့ရောညပါ ရွှေမြို့တော်လုံခြုံရေးကို အားစိုက်ကာကွယ်နေတာ ၃ရက်တိုင်ရှိခဲ့ပြီဖြစ်သည်။ Nulemboကိုယ်တိုင်လည်း ရွှေမြို့တော်ကိုတစ်တပ်တစ်အား ကူညီစောင်မပေးနေခဲ့သေးသည်။

" မင်းကြီးဘေးကင်းနေသေးရဲ့လား။ "

အထောက်တော်ဟာ Luliရဲ့မေးခွန်းကို ဖြေရခက်တာမို့ ခေါင်းသာငုံ့ထားသည်။ ထိုသတင်းကိုလက်ခံရချိန်မှာ Luliဟာ သမီးတော်တွေရဲ့အဆောင်တော်မှာရှိနေတဲ့အချိန်။ သူ့အနီးမှာ ShiZu ထိုင်နေပြီး အမေရဲ့မျက်နှာအမူအရာကို မျက်တောင်မခတ်တမ်းကြည့်ရှုနေသည်။

" မင်းကြီးကဒဏ်ရာတော့မရပေမယ့် သူ့ရဲ့အမြင်အာရုံတွေဟာ ချို့ယွင်းနေတယ်လို့ကြားသိရပါတယ်။ "

Luli စိတ်မကောင်းဖြစ်သွားပြီး သူ့ပါးစပ်ကိုလက်နဲ့အုပ်လိုက်မိသည်။ Shinရဲ့အဆိပ်ဟာ ဒီအချိန်မှာပြန်ထလာတာလား။ သူ့အဖို့ ငါးလက်ခြားပြည်ဟာ အဆိပ်ပြန်ပျိုးရာနေရာဖြစ်သွားခဲ့တာလား။ Luli စိုးရိမ်လာခဲ့သည်။

" အဲဒီတော့ သူတို့တတွေ တပ်ဆုတ်လာကြပြီလား။ "
" အရှင်က အဆုံးထိတိုက်ခိုက်ဖို့အမိန့်ချထားပါတယ်။ သူ့အနေနဲ့ရွှေမြို့တော်ကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးသွားစေချင်တာပါ။ "
" တစ်ဖက်က အင်အားဘယ်လောက်ရှိသလဲ။ "
" ကျွန်တော်မျိုးတို့ထက် ၅ဆပိုများပါတယ်။ ပြီးတော့သူတို့တွေက လက်နှက်ပုန်းတွေကို ကိုင်တွယ်ထားကြသေးပါတယ်။ "

စစ်ပွဲတစ်ခုစပြီဆိုတာနဲ့ အနိုင်အရှုံးရလဒ်၂ခုသာရှိ၏။ နန်းတော်နဲ့မြို့တော်ကို ကာကွယ်ဖို့အခုချိန်မှာ Luliက တာဝန်အရှိဆုံးသူဖြစ်နေခဲ့တယ်။ သူ့ကိုယ်သူလည်း တာဝန်ရှိတယ်လို့ ခံယူထားသည်။ Shin စစ်ချီထွက်သွားကတည်းက Luli အနားမှာရှိနေသူက LaoZiတစ်ဦးတည်းသာ။ LaoZiက Luliအဖို့ အဖေတစ်ဦးလို လုံခြုံမှုကိုပေးနိုင်တယ်။ အခုလည်း LaoZiက သူ့ကိုယ်စားနန်းတော်တပ်ဖွဲ့ကို ကွပ်ကဲပေးနေသည်။

My Rude Husband ( Zawgyi and Unicode )Tempat cerita menjadi hidup. Temukan sekarang