Chapter 53

5.1K 611 10
                                    

ကံဆိုးခြင်း​တွေဟာ Chai Shilin အလစ်​ကို​စောင့်​ဆိုင်း​နေသလို။ တစ်​မနက်​​လောက်​ ပျက်​ကွက်​လိုက်​တာနဲ့ ဝန်​ထုပ်​ဝန်​ပိုးကြီးက သူ့အ​ပေါ်ကျ​ရောက်​လာ​တော့သည်။ လက်​ညှိုး​ပေါင်းများစွာက သူ့ကိုညွှန်​ပြကြတာ အပြစ်​ဆိုကြသည်။

" Chai စစ်​ဗျူဟာမှူးက ​ပေါ့​လျော့သူဆိုတာ မ​တွေးထားမိ​လောက်​​အောင်​ပဲ။ အရှင်​မင်းကြီးကို လုပ်​ကြံချင်​သူ​တွေရှိပါလျက်​ လူသူများတဲ့နန်းဥယျာဉ်​ကို သွား​စေခဲ့တာ မင်းအပြစ်​ပဲ။ "

အကူအညီလိုချိန်​တုန်းက နှုတ်​ပိတ်​​နေသူ​တွေဟာ အခုချိန်​မှာ​ အရှက်​မဲ့စွာ ​ပြောဆို​နေကြသည်။ မိဖုရားကြီးက​တော့ ဘုရင်​အပါးမှာထိုင်​ပြီး ငို​ကြွေး​နေ၏။ သူ့အပြစ်​လည်း မကင်းဘူးလို့ခံစား​နေရသည်။

" ကြာရိုးတံ​တွေမှာ ပြဒါးသုတ်​ထားမယ်​လို့ ဘယ်​သူထင်​မှာလဲ။ ​သေချာ​ပေါက်​လုပ်​ကြံတာပဲ။ "
" ဘုရင်​မင်းမြတ်​သာ တခုခုဖြစ်​သွားရင်​ Chaiစစ်​ဗျူဟာမှူး အပြစ်​ဒဏ်​ခံဖို့သာပြင်​ထား။ "

Chai Shilin တစ်​ခွန်းမှပြန်​မ​ပြောနိုင်​​လောက်​​အောင်​ ဘုရင်​Shuyeကို စိုးရိမ်​​နေသည်။ သမား​​တော်​အဆိုအရ ပြဒါးအဆိပ်​က ဦး​နှောက်​​အထိ​ရောက်​သွား​လောက်​​အောင်​ ပြင်းထန်​တဲ့အမျိုးအစားဖြစ်​သည်​။

" ရှင်​တို့ သူ့ကိုအပြစ်​လွှဲချ​​ရ​လောက်​​အောင်​ ရှင်​တို့မှာ​ပြောခွင့်​ရှိရဲ့လား။ အရှင့်​ကို လုပ်​ကြံသူကိုသာ ရ​အောင်​ဖမ်းစမ်းပါ။ "

မိဖုရားခေါင်Yubiက ​ခင်ပွန်းဖြစ်သူရဲ့ သောကကြားကပင်​ Chai Shilinဘက်​က​နေ ဝင်​​​ပြော​ပေးသည်။ နန်း​တော်​ထဲမှာ သူယုံကြည်​တဲ့သူတစ်​ဦးတည်းက Chai Shilinဖြစ်​​နေလို့ဆိုတဲ့ အ​တွေးတစ်​ခုတည်းသာဖြစ်​ခဲ့သည်။

" ဘယ်​လိုပဲဖြစ်​ဖြစ်​ Chaiစစ်​ဗျူဟာမှူးကို ယာယီချုပ်​ထားရမှာပဲ။ သူ့တာဝန်​ကိုမ​ကျေပွန်​တဲ့အတွက်​ ဘုရင်​မင်းမြတ်​ မသက်​သာလာမချင်း သူလည်းနန်း​တော်​ထဲက​နေ ​ခြေတစ်​လှမ်းမှမထွက်​ရဘူး။ "

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now