Chapter 73

3.5K 357 9
                                    

ဘုရင့်မွေးနေ့ပွဲဆိုတော့ လာရောက်ဆက်သတဲ့အထဲမှာ သမီးကညာပျိုတွေလည်းပါသည်။ အားလုံးက အရွယ်ကောင်းလေးတွေချည်း။ အချောအလှလေးတွေကို လာရောက်ဆက်သတဲ့အခါ Shinမျက်နှာမကောင်း။ သူ့ဘေးက မိဖုရားခေါင်ကြီး Luliရဲ့မျက်နှာအနေအထားကိုလည်း အကဲခတ်နေရသေးသည်။ ပုံမှန်လည်း မျက်နှာထားချိုတဲ့Luliဟာ ဒီနေ့လည်းသာမန်အတိုင်း ချိုသာစမြဲပါပဲ။ Shin သူ့စိတ်တင်းကြပ်နေတာကိုပြေပျောက်ဖို့ သေရည်ခွက်ကိုမော့သောက်လိုက်သည်။ မင်းသမီးလေး ShiZuကို Shinအနားမှာခေါ်ထားသည်။ ကလေးမပျင်းရအောင် ရံရွေတော်တွေက ကစားစရာအရုပ်တွေ ပို့ပေးလာပေမယ့် ShiZuက အရွယ်ရောက်ပြီးသားမိန်းကလေးလို တည်တည်တံ့တံ့ထိုင်နေသည်။ Luliက Shinရဲ့လက်မောင်းကိုကိုင်လိုက်သည်။ ပြီးတော့ ဘေးကိုမျက်စပစ်ပြသည်။

{ ကလေးကိုဂရုစိုက်ပါဦး။ }

Luliသတိပေးတဲ့အခါမှ Shinလည်း ShiZuကိုစကားစမြည်ပြောဖို့သတိရသည်။

" ShiZu အရမ်းကြီးအနေမကျပ်ပါနဲ့။ သမီး သွားချင်တဲ့နေရာသွားလို့ရတယ်။ စားချင်တာရှိရင် ခမည်းတော်ကိုပြော။ ချက်ချင်း စားဖိုမှူးတွေကို ချက်ခိုင်းလိုက်မယ်။ "
" ShiZu အဆင်ပြေပါတယ်ခမည်းတော်။ "
" အော် .... အင်း။ "

ShiZu တစ်ခွန်းတည်းပြောလိုက်တာ Shin ဘာမှဆက်မပြောနိုင်အောင်ပါပဲ။ ShiZuအနောက်မှာထိုင်နေတဲ့ LaoZi တွေးနေမိတာက ShiZuနဲ့Shinက အကျင့်စရိုက်အတော်တူတဲ့ သားအဖတွေပဲလို့။ တစ်တိုင်းပြည်လုံးကြောက်ရတဲ့ ဘုရင်မင်းမြတ်လည်း သမီးတွေရဲ့စကားဆိုအလေးထားသည်။ Shinတစ်ယောက်တည်းဘာဆက်ပြောရမှန်းမသိတာကောကြာင့်ငိုင်နေတုန်း Luliက ကိုယ်ကိုဘေးစောင်းကာ တိုးတိုးလေးမေးလာသည်။

" မင်းကြီး ကျွန်မတစ်ခုလောက်မေးစရာရှိတယ်။ "
" အင်း။ "
" ဒီနေ့လာဆက်သတဲ့မိန်းကလေးတွေထဲက တချို့ကိုမောင်းမဆောင်ပို့မယ့်အစား သင့်တော်မယ့်တစ်ယောက်လောက်တော်ကောက်လို့မရဘူးလား။ ဘုရင်တစ်ယောက်ဖြစ်လာရင် မိဖုရားတစ်ပါးတည်း ထားလို့မဖြစ်ဘူးလေ။ ထီးနန်းစည်းမျဉ်းနဲ့လည်း မကိုက်ညီဘူးမဟုတ်လား။ "
" Luli .... "

Shin မျက်နှာကြီးညိုမည်းသွားပြီး Luliကို စိုက်ကြည့်လိုက်သည်။ ပြီးတော့ ဘာမပြောညာမပြော ထိုင်နေရာကထပြီး အတွင်းဆောင်ထဲဝင်သွားသည်။ ထိုအခါမှ Luliပြောမိလိုက်တဲ့စကားကြောင့် Shin စိတ်ဆိုးသွားတယ်ဆိုတာ သိလိုက်သည်။ Shinအနောက်လိုက်သွားမှာမို့ ရင်ခွင်ထဲကShiHongကိုအထိန်းတော်ဆီ အပ်ထားခဲ့ပြီး ShiZuကိုLaoZiထံစောင့်ကြည့်စေသည်။ လေးလံတဲ့ဆံထုံးကိုလက်နဲ့ပင့်တင်ပြီး Luliလည်း ပွဲနေရာကနေထွက်လာခဲ့သည်။ Shin ရှိလောက်မယ့်နေရာကို မှန်းဆရင်းLuli ပွဲနဲ့ဝေးရာနေရာကိုရောက်လာသည်။ ရှေ့ဆက်လျှောက်လာလေ အလင်းရောင်တချို့ကို မြင်လာရလေဖြစ်သည်။ အလင်းရောင်ရှိနေတဲ့နေရာက လမင်းဥယျာဉ်ဘက်ဖြစ်သည်။ လမင်းမိဖုရားသီးသန့်ဆောင်မှာနေထိုင်ကတည်းက ပိတ်ထားတဲ့ဥယျာဉ်ကို ဘယ်သူရောက်နေတာလဲ။ Luli ဥယျာဉ်တံခါးကို တွန်းဖွင့်လိုက်သည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now