Extra 1 - Chai Shilin ရဲ့ အိမ်​​ထောင်​ဖက်​​တွေ့ဆုံခန်း ၁

5.6K 552 18
                                    

Chaiအိမ်​​တော်​မှာ ဆည်းလည်းသံမကြားရတာ အနှစ်​၃၀ရှိပြီ။ Chai သခင်​ကြီးကွယ်​လွန်​သွားပြီး​နောက်​ သားဖြစ်​သူ လူပျိုသိုးကြီး Chai Shilinက ဆက်​ခံခဲ့သည်။ ရဲစွမ်းသတ္တိနဲ့ပြည့်​စုံလှတဲ့ Chai Shilinဟာ ​ယောကျာ်းတကာထက်​သာတဲ့ ၁၉၀စင်​တီမီတာရှိ​သောအရပ်​၊ ဓား​ရေးအရာမှာလည်း ထိပ်​တန်းအဆင့်​ရှိသူ၊ ​လေး​ထောင့်​ကျတဲ့ မျက်​နှာပုံပန်းမှာ တည်​ကြည်​ခြင်းကအခန့်​သားရှိ​နေသည်။

" မ​နေ့တုန်းက Ribo Danရဲ့ချွေးမ က​လေးမီးဖွားတယ်​တဲ့။ ကလေးကသား​ယောကျာ်း​လေး .... "

Chaiသခင်​မကြီး က​တော်​​တွေ​တွေ့ဆုံပွဲမှ ပြန်​လာတာနဲ့ Chai Shilinရှိရာ စာဖတ်​ခန်းနားမှာ တမင်​ကြား​အောင်​​ပြောလိုက်​သည်။ Chai Shilin မကြားဟန်​ပြုကာစစ်​​မြေပုံကိုပဲ ဆက်​​လေ့လာ​နေသည်။၊

" ဟုတ်​လား သခင်​မကြီး။ ဒါဆိုတပ်​မှူးချုပ်​​အရမ်း​ပျော်​​နေမှာပဲ​နော်​။ အသက်​ကြီးမှရတဲ့က​လေးဆို​တော့ လူအို​နောက်​ကျသား​လေးဖြစ်​မယ်​။ "

အိမ်​​တော်ထိန်းက စကားလမ်း​ကြောင်းလုပ်​​ပေးသည်။ Chaiသခင်​မကြီး စာကြည့်​ခန်းတံခါးမှာ ​ရှေ့​လျှောက်​​နောက်​​လျှောက်​ဆက်​လုပ်​ဆဲ။

" ​အေး​ကွယ်​။ ငါ့​တူ​အိမ်​​ထောင်​ကျ​တော့ အသက်​၃၂ဖြစ်​​နေပြီ​လေ။ သူယူတဲ့မိန်းက​လေးက ၄ ၊ ၅ နှစ်​​တော့ငယ်​မယ်​ထင်​ပါရဲ့။ သူ့ဇနီးကမဖြစ်​နိုင်​​လောက်​​အောင်​ကိုပဲ ၁နှစ်​အတွင်းက​လေး​မွေး​လိုက်​တာ။ "

အိမ်​​တော်​ထိန်းက အားကျ​သော​လေသံဖြင့်​ ' ဝါး ' ဟု တစ်​ခွန်းတည်း​ပြောလာသည်။ အထဲမှာစာဖတ်​​နေတဲ့ Chai Shilinကို ​နှောင့်​ယှက်​ဖို့ သူတို့၂​ယောက်​ ဘာမဆိုကြိုးစားမည်​ဖြစ်​သည်။ Chaiသခင်​မက ဆက်​လက်​ပြီး​ပြောသည်။

" သူတို့၂​ယောက်​က ကြင်ဖက်​​တွေ့ပွဲမှာဆုံခဲ့တာ​ဆို။ တမြန်​နှစ်​တုန်းက သတို့သမီးငယ်​၄၀​လောက်​လာကြတာမို့ တူ​တော်​​မောင်​လည်း ကံတိုက်​ဆိုင်​လို့​ပေါင်းဖက်​ကြတာဖြစ်​မှာ​ပေါ့။ "
" ဒီနှစ်​လည်း လုပ်​ဦးမှာ​လေ။ ဘယ်​​ပြောမလဲ သတို့သမီး​တွေအထဲကတစ်​​ယောက်​က Chaiသခင်​မ​လေးဖြစ်​လာမလားလို့။ "
" ​အေးကွယ်​။ ငါလည်းချွေးမ​လောင်းကို​မျှော်​မှန်းရင်း သချိုင်း​မြေကိုမျက်​​စောင်း၃ချက်​ထိုးတဲ့အရွယ်​​ရောက်​​နေပြီ။ ​မြေးဦးချီချင်​တဲ့ သွား​လေသူသခင်​ကြီးလည်း ဆန္ဒမပြည့်​သွားရှာဘူး။ "

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now