Chai Shilinနန်းတွင်းပြန်ရောက်လာတဲ့နေ့မှာပဲ မင်းညီလာခံတန်းတက်ရောက်ရသည်။ ဘုရင်ကိုမရိုသေတဲ့ အမတ်မင်းတွေကို ဓားမိုးပြီးခြိမ်းခြောက်လိုက်ချင်ပေမယ့် Chai Shilinကို ဘုရင်Shuyeက လုပ်ပိုင်ခွင့်မပေးဘူး။ စိတ်ကျဉ်းကျပ်စွာနဲ့ပဲ တစ်မနက်ပြီးဆုံးသွားခဲ့သည်။ အမတ်တွေအားလုံးထွက်ခွာသွားပြီးနောက်မှာတော့ ပလ္လင်ပေါ်ထိုင်နေတဲ့ ဘုရင် Shuye သက်ပြင်းချသည်။ ပလ္လင်ဘေးက လှေကားတစ်ဆင့်အနိမ့်မှာရပ်နေတဲ့ Chai Shilinနဲ့ အကြည့်ချင်းဆုံမိသည်။ Chai Shilin သိသိသာသာမျက်နှာပျက်ယွင်းနေတာမြင်တဲ့အခါ သူတခုခုဖြောင်းဖြပြောဆိုဖို့ပြင်လိုက်သည်။
" Chai Shilin မင်းဒေါသထွက်နေတယ်ဆိုတာ ငါကိုယ်တော်သိပါတယ်။ အနည်းငယ်စိတ်လျော့လိုက်ပါ။ ဒီလူတွေကြောင့် မင်းရဲ့တစ်နေ့တာကို ညစ်နွမ်းမခံနဲ့။ "
Chai Shilinက သူ့ခါးမှာချိတ်ထားတဲ့ဓားကို လက်နဲ့ထိကိုင်ရင်း ဘာမှပြန်မပြော။ ဘုရင်Shuye ဘယ်လိုစိတ်နဲ့ သူ့ကိုကလန်ကဆန်လုပ်သူတွေကို သည်းခံတတ်လဲဆိုတာ မတွေးနိုင်ပေ။
" ငါကစိတ်ထားပျော့တဲ့ဘုရင်လို့အများကခေါ်ကြတယ်၊ အဲဒီအတွက်လည်း ငါဘာသဘောမှမထားပါဘူး။ ငါ့ရဲ့သမိုင်းမှာ ငါ့လက်နဲ့လူအများ သွေးမြေကျရတာကို မရေးထိုးထားချင်စေဘူး။ မောင်မင်း နားလည်တယ်မလား။ "
Chai Shilinရဲ့လက်၂ဖက်စလုံးကတော့ သွေးရောင်လွှမ်းခဲ့ပြီးဖြစ်သည်။ သူ့လက်နဲ့သေသွားရသူတွေရဲ့ နောက်ဆုံးအကြည့်တွေ၊ သေသွားတဲ့စစ်သည်ဆွေမျိုးတွေရဲ့ကျိန်ဆဲသံက Chai Shilin ဘဝတစ်လျှောက်အရိပ်လိုလိုက်နေပြီဖြစ်သည်။
" ကျွန်တော်မျိုး သဘောထားကျဉ်းမြောင်းသွားပါတယ်။ "
" မင်းအမှားမဟုတ်ပါဘူး။ မင်းက စစ်ဗျူဟာမှူးတစ်ယောက်အမြင်က ကြည့်မိလို့ပါကွာ။ "ဘုရင်Shuye စကားပြောနေတုန်း သူ့အကြည့်က ညီလာခံဝင်ပေါက်ကို ရောက်သွားသည်။ နူးညံ့တဲ့အကြည့်နဲ့ သူ့လက်ကိုအရှေ့သို့ ဆန့်တန်းလိုက်သည်။
![](https://img.wattpad.com/cover/165064319-288-k41767.jpg)
YOU ARE READING
My Rude Husband ( Zawgyi and Unicode )
Historical Fiction✨Edit Version✨ 💡 Own Creation 💡 #Do not repost