*÷* မှတ်မှတ်ရရ နောက်ဆုံးUPDATEခဲ့တဲ့
Ch-88ကို Jan31မှာတင်ခဲ့တာပါ။ နောက်တစ်နေ့ရောက်လဲရောက်ရော ငါးပါးကိုမှောက်ရော။ Ch-89တောင်ဆက်မတင်နိုင်တော့တဲ့အထိပဲ။ ကြိုရေးထားလို့သာ😓_____________________________________________
ငါးလက်ခြားပြည်နယ်။
Yaleမျိုးနွယ်တွေအစိုးရသည့်ကြမ်းတမ်းသောနယ်မြေကို ပထမဆုံးအခြေချခဲ့သူမှာ Yale Hanဖြစ်သည်။ ထို့နောက်သူ၏သား၃ယောက်ဖြစ်သော Yale Tian, Yale Guan, Yale Haoတို့ အစဉ်အတိုင်းအုပ်ချုပ်ခဲ့ပြီး ၄ယောက်မြောက်မင်းသား Yale Yeeအလှည့်မှာတော့ အလှည့်မစောင့်နိုင်တော့သည့် တူတော်မောင် Yale Tian Yuမှာ ဦးလေးကိုလုပ်ကြံပြီး ဘုရင်ဖြစ်လာခဲ့လေသည်။ Yale Tianနန်းတက်ပြီး၁၀နှစ်အကြာ ပြင်းထန်သည့်အဆုပ်ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားပြီး သားကြီးYale Hwa Yuကဘုရင်ဖြစ်လာရမည့်အစား လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် မင်းသားYale Yee၏သားဖြစ်သူYale Deeက ကြားဖြတ်နန်းတက်လာခဲ့သည်။{ဒီနားမရှင်းရင်နောက်တစ်ပိုင်းမှာပုံနဲ့ပြပေးပါမယ်။}
Yale Deeလက်ထက်မှာတော့ ငါးလက်ခြားပြည်မှာ ၃နှစ်၃မိုး မိုးခေါင်ရေရှားကာ ပြည်သူတွေငတ်ပြတ်သေကုန်ကြသည်။ ပြည်သူတွေဒုက္ခရောက်နေသည့်တိုင် နန်းတော်ခံတပ်ထဲမှာတော့ ဘုရင်Yale Deeက စားကောင်းသောက်ဖွယ်တွေဖြင့် စည်းစ်မ်ယစ်မူးနေခဲ့သည်။ ထို့ကြောင့်Yale Dee၏သား
Yale Zeeက ပြည်သူတွေကိုစည်းရုံး၍ ဖခင်အားပြန်လှန်ပုန်ကန်ကာနန်းချခဲ့ရသည်။ တစ်ဦးတည်းသော အကိုဝမ်းကွဲYale BaiYi၏အကူအညီဖြင့် ကြီးမားသောရေလှောင်ကန်ကြီးကို နန်းတော်၏ထိပ်ဖျားတွင်ဆောက်လုပ်ခဲ့သည်။ ပြည်သူတွေ၏ကယ်တင်ရှင်ဖြစ်သော Yale Zee၏ဆုံးဖြတ်ချက်တိုင်းကို ငါးလက်ခြားပြည်သူတွေ လက်ခံခဲ့ကြလေသည်။" ငါရွှေမြို့တော်ကိုသိမ်းပြီးရင် ငါ့ပြည်သူတွေကိုအဲ့မှာပြောင်းနေစေချင်တယ်။ "
" အရှင်မှားနေပါပြီ။ ကိုယ့်အတွက်နဲ့သူတစ်ပါးအသိုက်အမြုံကိုဖျက်ဆီးတာ သင့်လျော်တဲ့လုပ်ရပ်မဟုတ်ဘူး။ "BaiYiက အားမနာတမ်းပြောလိုက်သည်။ Yale Zeeကို အချိန်ကြာမြင့်စွာသိခဲ့တဲ့အတွင်းလူတစ်ယောက်အနေနဲ့ သူ့ဆုံးဖြတ်ချက်မှားယွင်းနေရင် ပြင်ဆင်ပေးဖို့ရာ BaiYiမှာတာဝန်ရှိသည်။

CZYTASZ
My Rude Husband ( Zawgyi and Unicode )
Historyczne✨Edit Version✨ 💡 Own Creation 💡 #Do not repost