Chapter 11

11.3K 1.2K 36
                                    

တောင်​ဘက်​နယ်​ခြားမှာ ကျူး​ကျော်​သူ​တွေဝင်​​နေတာမို့ စစ်​သူကြီး Chai Shilinဦး​ဆောင်​တဲ့ တပ်​မကြီးဟာ အ​ရေး​ပေါ်စစ်​​မြေပြင်​သွားရ​သည်။ ဘုရင့်​အမိန့်လွှာကို Chai Shilinလက်​ခံရရှိတဲ့အချိန်​မှာ သူတို့အိမ်​ကိုChaiအမျိုးအ​ဆွေတချို့​ရောက်​​နေချိန်​ဖြစ်သည်။

" ​ဒေါ်ကြီးတို့နဲ့မ​တွေ့တာ​တောင်​ကြာပြီ။ ၁၀နှစ်​​လောက်​ကြာပြီထင်​တယ်​။ "

ပုံမှန်​အ​နေတည်​တဲ့ Chai Shilin သူ့​အ​ဒေါ်မိသားစုနဲ့ကျ​တော့ ​အေး​ဆေးဆက်​ဆံသည်။ သူငယ်​ငယ်​တုန်းက ထိန်း​ကျောင်း​ပေးတဲ့ အ​ဒေါ်အ​ပေါ် ပိုပြီးရင်းနှီးဟန်​ရှိသည်။ Luli အလိုက်​သင့်​စကား​ပြော​ပေး​နေသည်။ Chai Shilin မကြာခင်စစ်​တိုက်​ထွက်​ဖို့ ပြင်​​နေတာကိုး။

" အ​ဒေါ့တူမကြီးက လှလိုက်​တာ။ သွက်​လက်​ပြီးစကား​ပြော​ကောင်းတယ်​။ "
" ​ကျေးဇူးပါ ဒေါ်ဒေါ်။ "

တစ်​ခန်းတစ်​ခန်းထွက်​ အလုပ်​များ​နေတဲ့ တူဖြစ်​သူကို အ​ဒေါ်ကြီးကြည့်​ကာ Luliကို​ပြောသည်။

" ဒီ​ကောင်​​လေးက စစ်​သူကြီးပီပီ ကြမ်းတမ်းတဲ့အကျင့်​ရှိတယ်​။ အ​ဒေါ်ဖြင့်​သူအိမ်​​ထောင်​မှကျပါ့မလားလို့။ အိမ်​​ထောင်​ကျ​တော့လည်း အသက်​၄၀ကပ်​​နေပြီ။ "

ရေ​နွေးကြမ်းကို ခွက်​ထဲငှဲ့​ပေးရင်း Luliခပ်ပါးပါးရယ်​လိုက်​သည်။ အ​ဒေါ်ကြီး​ပြောတဲ့ Chai Shilinအ​ကြောင်းကိုနား​ထောင်​ရတာ စိတ်​ဝင်​စားဖို့​ကောင်းမှ​ကောင်း။ အဒေါ်ကြီးရဲ့စကားအတိုင်းဆိုရင် Chai Shilinဟာ မိဘ​တွေသာမက ဘုရင်​ကြီးနဲ့မိဖုရားရဲ့အချစ်​ပါ ထူးထူးခြားခြားခံရသူ။

" သမီးက အသက်​ဘယ်​​လောက်​ရှိပြီလဲ။ "
" ၂၅ပြည့်​ပြီးပါပြီ။ "

အ​ဒေါ်ကြီး မျက်​လုံးပြူးပြီး ပါးစပ်​ကိုလက်​နဲ့အုပ်​လိုက်​သည်။ Luli လက်​ကိုကိုင်​ပြီး စိုးရိမ်​တဲ့အကြည့်​နဲ့ ​ပြောသည်။

" ဟယ်​ အသက်​၂၅အထိ တစ်​ကိုယ်​တည်း​နေခဲ့တာလား။ မိဘ​တွေက​ရော .... "
" ဟုတ်​။ အ​မေကLuliငယ်ငယ်လေးကတည်းက ဆုံးပါးသွားပါပြီ။ ​လက်မထပ်ခင်အထိ နောက်​အိမ်​​ထောင်​ပြုထားတဲ့ အ​ဖေ့အိမ်​မှာနေခဲ့ပါတယ်။ "
" သနားလိုက်​တာကွယ်​ သမီးအတွက်​ အ​ဒေါ်အကြံ​ပေးချင်​တယ်​။ သမီးလည်းအသက်​ရလာပြီး Shilin လည်း ပိုကြင်​နာတတ်​လာ​အောင်​ က​လေး​တစ်​​ယောက်​​မွေးပါလား။ "
" ရှင်​ ? "

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora