Chapter 100 - အဖေ

944 66 1
                                    

Yale BaiYiနှင့်သံကွင်းဆက်၏တိုက်ပွဲတွင် Baiyiကမြား၃စင်းတည်းဖြင့်အနိုင်ယူလိုက်နိုင်သည်။ ပထမတစ်စင်းကသံကွင်းဆက်အား အရှိန်ကျသွားစေရန်ဟန့်တားသည့်သဘော၊ ဒုတိယတစ်စင်းက သံကွင်းဆက်အားပစ်မှတ်နေရာကိုမျှားခေါ်ဖို့ရာအတွက်နှင့် နောက်ဆုံးတစ်စင်းကတော့နှလုံးကိုထုတ်ခြင်းပေါက်သွားစေရန်သုံးခဲ့သည်။ ချွေးတစ်စက်တောင်မထွက်ပဲ သူ့ထက်ခေါင်းတစ်လုံးမြင့်သောလူသန်ကြီးအား မြေပေါ်ဒူးထောက်ကျသွားစေသည်။ Yale BaYi၏ပစ်ကွင်းထဲကျသောသားကောင်မှန်သမျှ သူ့မျက်စိအောက်ကနေလွတ်ဖူးသူမရှိခဲ့။ ပုံမှန်လူထက်နားပိုကောင်းတာကြောင့်လား၊ စွန်ရဲလိုအဝေးကတောင်တန်းတွေကိုတောင်မြင်နိုင်စွမ်းရှိသူမို့လား။

" မင်းငါ့ကိုစိန်ခေါ်ဖို့နောက်ဘ၀တောင်မဖြစ်နိုင်ဘူး။ "

ယူံကြည်ချက်အပြည့်နဲ့ခါးထောက်ကျောဆန့်ကာ လေးကိုစလွယ်သိုင်းလိုက်သည်။ သူ့ကိစ္စပြီးသွားတာနဲ့သုံးရာသီနန်းဆောင်သို့ ဦးတည်လိုက်သည်။ နန်းဆောင်လှေကားထစ်ပေါ်တက်သွားစဉ်မှာပဲ ကြိမ်နှုန်းမြင့်တုန်ခါသံကြားလိုက်ရကာ လှေကားထစ်တွေအကုန်ပေါက်ကွဲကုန်ကြသည်။ BaiYiနားစည်တွင်းအထိတုန်ခါမှုကရိုက်ခတ်သွားရာ ပြိုကျသွားသောလှေကားထစ်တွေကိုမရှောင်တိမ်းနိုင်ပဲ ဒလိမ့်ကောက်ကွေးပြုတ်ကျလေတော့သည်။ မြင့်မားလှသောလှေကားထစ်တွေပေါ်မှ ကားယားကြီးသတိလက်လွတ်ပြုတ်ကျပြီဆိုတာနဲ့ သူ့လက်၂ဖက်ကိုမထိခိုက်အောင်ရင်ဘတ်တွင်ဖိကပ်ထားလိုက်လေသည်။

( ငါတော့ခွေးကျကျပြီပဲ )

ထိုအချိန်မှာပဲ BaiYi၏ဂုတ်အားတစ်ယောက်ယောက်က အားဖြင့်လှမ်းဆွဲလိုက်သည်။ သူ့တစ်ကိုယ်လုံးလေပေါ်မြောက်တက်သွားပြီး ကြမ်းတမ်းစွာပင်အပေါ်ကိုလွှင့်ပစ်ခြင်းခံလိုက်ရလေတော့သည်။ အနည်းဆုံးတော့ တင်ပါးဆုံရိုးအောင့်သွားတာလောက်ပဲဖြစ်တာကျေးဇူးတင်ရမည်။ သူ့အားအမှိုက်ထုတ်တစ်ထုတ်လိုပစ်လိုက်ပြီး ကယ်ဆယ်လိုက်သူအားရှေ့သွားဖြင့်ပြေးခုတ်တော့မတတ်ကျေးဇူးတင်စကားပြောလိုက်သည်။

" Shin မကောင်းတဲ့ကောင် "

Shinက သူ့ရဲ့ကျဉ်းမြောင်းသောမျက်လုံးအစုံဖြင့်Yale Zeeရန်တွေ့နေတာကိုစိုက်ကြည့်ပြီးနောက် ခနဲ့သလိုရယ်သွေးလိုက်သည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora