Chapter 22

10.8K 1.1K 52
                                    

Chai Shilin စစ်​တပ်​ထဲ​ရောက်​​နေတာ တစ်​ပတ်​ကြာပြီ။ သူ့အ​တွေး​တွေ​ကြားက ရုန်းထွက်​ချင်​တာ​ကြောင့်​တစ်​​ကြောင်း Luliကိုမ​တွေ့ရဲတာကတစ်​​ကြောင်း အိမ်​မပြန်​ဖြစ်​​သေးဘူး။ ဒီကြားထဲ ရဲမက်​တစ်​​ယောက်​ တပ်ထဲမှာ သတ်​​သေမယ်​လုပ်​လို့ တားရ​သေးသည်။

" မိန်းမမရှိ​တော့တဲ့ဘဝမှာ ကျွန်​​တော်​အသက်​မရှင်​ချင်​​တော့ဘူး Chaiစစ်​သူကြီး။ ​သေခွင့်​​ပေးပါ။ "

ကြိုးကွင်း​ပေါ်တက်​မယ်​တကဲကဲလုပ်​​နေတဲ့ ရဲမက်​အ​ကြောင်းက​တော့ ....

" သူ့ဇနီးနဲ့မနှစ်​ကပဲလက်​ထပ်​ထားတာ။ ဒီ​ကောင်​က မိဘ​ပေးစားတဲ့မိန်းမဘာဖြစ်​တယ်​ညာဖြစ်​တယ်​ဆိုပြီး မိန်းမကိုပြဿနာရှာသေးတယ်။ သူတို့အဆင်​​ပြေတာသိပ်​မကြာ​သေးဘူး။ သူ့မိန်းမက ကိုယ်​ဝန်​ကြီးနဲ့ဟိုရက်​က​တောင်​ တပ်​ထဲလာသွား​သေးတယ်​။ သူတို့စကားများပြီး မိန်းမကစိတ်​​ကောက်​ပြန်​သွားတယ်။ အဲ့ညမှာပဲ မိန်းမဖြစ်သူချော်လဲလို့ကလေးရော အမေပါရုတ်တရက်ဆုံးသွားတာပဲ။ "

ရှည်​လျားတဲ့ဇာတ်​လမ်းကို Chai Shilinအားပြောပြပြီးနောက် ရဲမက်​ရဲ့သူငယ်​ချင်းက သူ့သူငယ်​ချင်းဆီပြန်​သွား​တော့သည်။ ​လေးလံကျန်​ခဲ့တာက Chai Shilin ဖြစ်​​နေ၏။ ည​နေမှာတော့ ထိုရဲမက်​ အမှန်​တကယ်​အဆိပ်​​သောက်​​သေသွားခဲ့သည်။ သူ့​သေတမ်းစာ​လေးကို တစ်​​ကြောင်းတည်း​ရေးထားလေသည်။

{ ငါ မင်းတို့သားအမိနောက် လိုက်လာခဲ့ပြီနော်။ }

သေတမ်းစာကိုအ​လောင်းမြုပ်​တဲ့အချိန်​ သူတစ်​ပါတည်းထည့်​​ပေးလိုက်​သည်။ လင်​မယား၂​ယောက်​က တစ်​ပတ်​ပဲခြားပြီး​​သေသွားကြ​ပေမယ့်​ ​မြေမြုပ်​​တော့​ဘေးချင်းကပ်​လျက်​ကျသွားသည်။ ဆွေမျိုးတွေက ရပ်ဝေးမှာရှိနေကြတာကြောင့် နာရေးအစအဆုံးကို Chai Shilin ကူညီ​ပေးလိုက်​သည်။

" ​နောင်​ဘဝမှာ​တော့ မင်းအမျိုးသမီးကိုဂရုစိုက်​လိုက်​ပါ သူငယ်​ချင်း​ရာ။ မင်းတို့​ပျော်​ရွှင်​ကြပါ​စေ။ "

ငိုသံကြီးနဲ့​မြေဖို့ရင်း​ပြော​နေတဲ့ ရဲမက်​ကိုChai Shilin ကြည့်​​နေမိသည်။ သူ့မျက်​လုံးအိမ်​က​နေ မျက်​ရည်​တစ်​စက်​ထွက်​လာသည်။ ဒီမျက်​ရည်​ကဘာ​ကြောင့်​ကျလာမှန်းမသိရ။ ​သေသွားတဲ့သူ​တွေအတွက်​လား၊ သူ​တွေးမိတဲ့အနာဂတ်​ကိုလား။ အဲဒီညက Chaiအိမ်​​တော်​ကိုသူပြန်​လာခဲ့သည်။ Luliနဲ့တည့်​တည့်​တိုး​တော့ Luli ​ရှောင်​ထွက်​သွားသည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now