Chapter 40

6.9K 795 30
                                    

Nieသခင်​ကြီးရဲ့နာ​ရေးကို ၃ရက်​ကြာထားရှိသည်။ ပူ​ဆွေး​နေတဲ့ Nieသခင်​မကြီးဆီမှာ အသက်​၂၅ပြည့်​ခါနီးပြီဖြစ်​တဲ့ သမီး​ချော၂​ယောက်​ရှိသည်။ Luliမရှိ​တော့တဲ့​နောက်​ Nieအိမ်​​တော်​လည်း ပိုင်​ဆိုင်​မှု​တွေယုတ်​​လျော့စပြုကာ အထည်​ကြီးပျက်​ဖြစ်​လာကြသည်။ သမီး၂​ယောက်​က ခန်းဝင်​ပစ္စည်းဖိုးမတတ်​နိုင်​တဲ့အခါ သားရှင်​​တွေကလက်​မထပ်​လိုဘူး။

( Luliကို Chaiစစ်သူကြီးလက်​ထပ်​တုန်းက Nieအိမ်​​တော်​ကို ခန်းဝင်​ပစ္စည်းတစ်​ပုံကြီး​ပေးပြီး မင်္ဂလာ​ဆောင်​ယူခဲ့တာပါ။ Nieအိမ်​ဘက်ကဘာဆိုဘာမှမ​ပေးခဲ့ပါဘူး။ Chaiစစ်သူကြီးကလည်း Luliကိုပဲလိုချင်​ခဲ့တာ။ )

" သခင်​မကြီး Chaiသခင်​မ​ရောက်​လာပါပြီ။ "

၁နှစ်​​ကျော်​မ​တွေ့ရတဲ့အခိုက်​ Luliက ဟိုအရင်​လိုသိမ်​ငယ်​တဲ့ Luliမဟုတ်​​တော့ဘူး။ သူ့မှာအားထားရတဲ့ခင်​ပွန်း စစ်​သူကြီး ၊ ​သူ့ကို​လေးစားကြတဲ့ Chaiအိမ်​သား​တွေ ရှိ​နေကြပြီ။ ရွှေအိုရောင်ဗိုက်​ဖုံးဝတ်​ရုံရှည်​ဝတ်​ထားတဲ့ Luliက Nieသခင်​မကိုမြင်​​တော့ နှစ်​သိမ့်​ပြုံးပြုံးပြသည်။ Chai Shilinက သူ့ကို Nieအိမ်​​တော်​​ရှေ့အထိလိုက်​ပို့​ပေးခဲ့ကာ အ​ရေးကြီးကိစ္စ​ကြောင့်​ နန်း​တော်​ပြန်​သွားသည်။ မသွားခင်​အထိ Luliနားပူ​လောက်​​အောင်​ မှာသွား​သေးသည်။

" သမီး ... "
" Nieသခင်​မကြီး ... "

အဆင့်​အတန်းအရ Luliကမြင့်​တဲ့ခုံ​ကို ​နေရာ​ပေးခြင်းခံရသည်။ Nieသခင်​မကြီးက အ​စေခံတစ်​​​ယောက်​ယူလာတဲ့ ​ရေ​နွေးကြမ်းကရားကို ယူလိုက်​သည်။ Luli​ဘေးက လက်​ဖက်​ရည်​ခွက်​ထဲကို ဌဲ့​ပေးမယ်​လုပ်​​တော့ Luli ခွက်​ထိပ်​ကိုသူ့လက်​နဲ့ကာလိုက်​တယ်​။

" မလိုပါဘူးရှင့်​။ ကျွန်မအ​ပေါ်ဝန်​​လေးစိတ်​မရှိပါနဲ့။ "

Nieသခင်​မကြီး Luliအ​ပေါ်လုပ်​ခဲ့တာ​တွေကို သင်​ပုန်း​ခြေပစ်​ခဲ့တာကြာ​ရော​ပေါ့။ Nieအိမ်​​တော်​နဲ့​သက်​ဆိုင်​ခြင်းမရှိ​တော့တဲ့ သူကိုယ်​တိုင်​ကိုက မုန်းတီးစိတ်​မရှိ​တော့တာဖြစ်​လိမ့်​မည်။ Nieသခင်​မကြီး Luliအ​ရှေ့မှာသိမ်​ငယ်​စွာနဲ့ ​​ခေါင်း​ငိုက်​စိုက်​ချထားသည်။ Luli ခန်းမ​ဘေးပတ်​လည်​​ကိုကြည့်​တဲ့အခါ တန်​ဖိုးရှိအနုပညာပစ္စည်း​တချို့ မရှိ​တော့တာကို​တွေ့ရသည်။ Nieအိမ်​​တော်​ရဲ့ဘဏ္ဏာ​ရေး အ​ခြေအ​နေကိုလည်း အကဲခတ်​မိလိုက်​သည်။

My Rude Husband ( Zawgyi and Unicode )Tahanan ng mga kuwento. Tumuklas ngayon