Chapter 17

11.2K 1.2K 55
                                    

ဖြစ်​ခဲ့တဲ့ကိစ္စအဝဝအတွက်​ အိမ်​​ရှေ့စံကအ​ဖေတစ်ယောက်အ​နေနဲ့ Luliကို​ အားနာ​နေသည်။

" Ying Qiအစား ငါမျက်​နှာမပြရဲပါဘူး။ သူ့ကိုက​လေးလို့သတ်​မှတ်​ပြီး ခွင့်​လွှတ်​​ပေးပါ။ "

Luli ဒီလို​တောင်းပန်​တာ​ကို မခံယူဝံ့ပါဘူး။ မင်းမျိုးနွယ်တွေရဲ့တောင်းပန်ခြင်းခံရတာက အခန့်​မသင့်​ရင်​ ​ခေါင်းပြတ်​မယ့်​အလုပ်​လေ။

" Ying Qi Chaiသခင်​မကို​တောင်းပန်​လိုက်​စမ်း။ "

မိဖုရား Yubi သူမသားကိုကြိမ်း​မောင်း​နေသည်။ အားလုံးထဲမှာတည်​ငြိမ်​​နေသူက Chai Shilin။ အ​စောကတည်းက သူဘာစကားမှဝင်​​မ​ပြော။ လက်​ပိုက်​ပြီး အိမ်​​ရှေ့စံ​ရှေ့မှာမရိုမ​သေ​နေလေသည်။ Luli သူ့ဘေးကလူကို တံ​တောင်​နဲ့တွတ်​လိုက်​ပြီး သတိ​ပေးလိုက်သည်။

" ကဲ ... ဒါဆိုငါတို့ပြန်​ကြရ​အောင်​။ မိဖုရား သူတို့အတွက်​လက်​​ဆောင်​​ပေးလိုက်​ပါဦး။ "

Yubi​ပေးတဲ့လက်​​ဆောင်ထုပ်​ကို Luli လက်​၂ဖက်​နဲ့လက်​ခံလိုက်​သည်။

" Chai Shilin မင်းအတွက်​ ဘုရင်​မင်းမြတ်​ကိုယ်​တိုင်​ လက်​​ဆောင်​ပါးလိုက်​တာ။ အ​ကြောင်းထူးရင်​ အ​ထောက်​​တော်​က​နေတစ်​ဆင့်​ သတင်းပို့လိုက်​​ပေါ့။ "
" ​ကောင်းပါပြီ။ "

Chai Shilin သူ့အကျီလက်​ထဲက​နေ ​​​ကျောက်​စိမ်း​သေတ္တာ​လေးတစ်​ခုထုတ်လာပြီး Yubiကို​ပေးလိုက်​သည်။

" ​မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေ အိမ်ရှေ့စံမိဖုရား။ "

အိမ်​​ရှေ့စံကဘာမှ​မဟုတ်သလိုပုံနဲ့ ဒီအတိုင်းရပ်ကြည့်နေလေသည်။ သူတို့ဆက်​ဆံ​ရေးအ​ကြောင်း သိ​နေပြီးသားဖြစ်​​နေတာ​ကြောင့်​ Yubiကိုလည်းယုံကြည်​ထားတာမို့ ​ဘေးက​နေအလိုက်​သင့်​​နေ​ပေးသည်။ Yubi ​သေတ္တာကိုဂရုတစိုက်​လက်​နဲ့ယူလိုက်​ပြီး အပြုံးလှလှ​လေးဖြစ်ပေါ်လာသည်။

" အကိုShilinက Yubi​မွေး​နေ့ကိုအမြဲသတိရ​ပေးတယ်​။ "

Chai Shilin အသိအမှတ်​ပြုတဲ့သ​ဘောနဲ့​ ​ခေါင်းငြိမ့်​လိုက်​သည်။ အိမ်​​ရှေ့စံက မိဖုရားပုခုံးကိုဖက်​လိုက်​သည်။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now