Chapter 25

11.9K 1.1K 23
                                    

ရက်​သတ္တပတ်​အနည်းငယ်​အကြာ။

ညသန်း​ခေါင်​ကြီး Chaiအိမ်​​တော်​တံခါးကို နန်း​​တော်မှလူတစ်​စု​ရောက်​လာခဲ့သည်။ အ​စေခံတစ်​​ယောက်​က အားနာစွာနဲ့ Chai Shilinတို့ကို လာနှိုးရသည်။ သူမလာခင်​ကတည်းက Chai Shilin အိပ်​​နေရာကနိုးသွားကာ အ​ပေါ်ထပ်​အကျီဝတ်​ပြီးသားဖြစ်​သည်။ အချိန်မတော်ရောက်လာတဲ့လူတချို့ကြောင့် စိုးရိမ်​​နေတဲ့Luliကို ​စိတ်သက်သာရအောင် ခေါင်းပွတ်ပေးပြီး တံခါးအပြင်​ထွက်​သွားသည်။

အပြင်​မှာ​ Chai Shilin နဲ့ နန်းတွင်းကအထောက်တော်တို့ အခြေတင်စကားပြောနေတာကြားတော့  Luli အိပ်​မ​နေနိုင်​​တော့ဘူး။ Luli အပြင်​ထွက်​ကြည့်လိုက်တဲ့အခါ Chai Shilinနဲ့စကားပြောနေသူတွေထဲမှာ ဘုရင့်ဘေးကအကြံပေးအမတ်ပါနေသည်။

" ​ယောကျာ်း ... "

Luli Chai Shilinအနောက်မှာ ရပ်လိုက်ကာပြောလိုက်သည်။ Chai Shilin ဝမ်းနည်းတဲ့အသံနဲ့ သူ့ဘက်ကို လှည့်ပြီးပြောလိုက်​သည်။

" အရှင်မင်းကြီး နတ်​ရွာစံသွားပြီ။ "

-------------
အေးချမ်း​နေတဲ့​နေ့ရက်​​တွေကုန်​လွန်​သွားကာ နန်း​တော်​ထဲမှာ ​နေရာလုပွဲ​တွေ​ပေါ်လာခဲ့သည်။ ​တော်​ဝင်​တံဆိပ်​တုံးကိုရှာမရတာ​ကြောင့်​ အိမ်​​ရှေ့စံကိုမ​ခန့်သူ​တွေ​ပေါ်လာသည်။ Chai Shilin အိမ်​မှာ​နေလို့မရ​တော့ပဲ အိမ်​​ရှေ့စံကိုကာကွယ်​ဖို့ နန်း​တော်​ဆီအခါစားဝင်​သွားခဲ့သည်။ သူသွားတဲ့အခါ စစ်​သည်​၂​ယောက်​ကို​ Chaiအိမ်​ကို​စောင့်​​ရှောက်​ဖို့ စေလွှတ်ခဲ့သည်။

" နန်းတွင်းမှာ မင်းမျိုးမင်းနွယ်တွေအချင်းချင်း တံခါးပိတ်​လူသတ်​ပွဲ​တွေဖြစ်​​နေတယ်​။ "

မင်းက​တော်​​တွေ​ပြောစကားအရ Luli စိုးရိမ်​ထိတ်​လန့်​မိသည်။ Chai Shilinကိုစိတ်​ပူတဲ့အပြင်​ Ribo Leiအ​ခြေအ​နေကိုလည်း သိချင်​သည်။ သို့တိုင်အိမ်​မှာထိုင်​​စောင့်​​နေရုံကလွဲလို့ ဘာမှမတတ်​နိုင်​ခဲ့ဘူး။ Luliမှာဝှက်​ဖဲကြီးရှိ​တာကိုသာ အားလုံးသိသွားရင်​ Chaiအိမ်​​တော်​ဟာ ​မြေလှန်​ခံရလိမ့်​မည်။

My Rude Husband ( Zawgyi and Unicode )Où les histoires vivent. Découvrez maintenant