Chapter 32

8.3K 965 7
                                    

တစ်​နေ့လုံး ဘုရင်​မင်းမြတ်​ အနားမှာထပ်​ကြပ်​မကွာလိုက်​ရပြီး အိပ်​​ဆောင်​ဝင်​သွား​တော့မှ Chai Shilin တာဝန်​ပြီးဆုံးသွားသည်။ တိတ်​ဆိတ်​​နေတဲ့နန်း​တော်​ရဲ့ စင်္ကြန်​လမ်းတစ်​​လျှောက်​ Chai Shilinလမ်း​လျှောက်​ပြန်​လာသည်။ ​ညကင်းအလှည့်​ကျလူချိန်းတဲ့ အ​စောင့်​ရဲမက်​​တွေက သူ့ကိုမြင်​​တော့ဂါဝရပြုသွားကြသည်။ အစွန်​ဆုံးကျတဲ့ Chaiယာယီနန်း​ဆောင်​မှာ Luliနဲ့အိမ်​သားတစ်​သိုက်​ အိပ်​​မောကျ​နေ​လောက်​ပြီ။ Luliနဲ့တစ်​​နေကုန်​အတူမရှိ​ပေးနိုင်​​လို့ သူ့ရင်​ထဲအားနာစိတ်​ဖြစ်​နေသည်။ အ​နောက်​တံခါးက​နေ ရထားလုံးတစ်​စီးဝင်​လာ​တော့ သူ့ခြေလှမ်းတွေရပ်တန့်သွားသည်။

( အချိန်​မ​တော်​ဘယ်​သူပါလိမ့်​။ )

ရထားလုံးကသူ့အနားမ​ရောက်​ခင်​ရပ်သွားပြီး အထဲက​နေ မိဖုရားကြီး Yubiထွက်​လာသည်။ Chai Shilinကိုမြင်​​တော့ Yubiမျက်နှာတင်းမာသွားရသည်။

" Chai စစ်သူကြီး "
" မိဖုရားကြီး ဘယ်​က​နေပြန်​လာတာပါလဲ။ "

Chai Shilin တ​လေးတစား​မေးလိုက်​သည်။ Yubiက မျက်​နှာထက်​ကပဝါပါးကို ဖယ်​ရှားလိုက်​ပြီး အ​ရေးမကြီးသလိုပြန်​​ဖြေသည်။

" နတ်ဆရာမShilaဆီက​နေပြန်​လာတာ။ "
" နတ်​ကွန်းအထိသွားရ​လောက်​​အောင်​ အ​ရေးကြီးတဲ့ကိစ္စများရှိလို့ပါလား။ ဒါဆိုရင်​လည်းအ​စောင့်​တစ်​ဦးတစ်​​လေကို ​ခေါ်သွားသင့်​ပါတယ်​။ "

Yubiရဲ့တဇွတ်​ထိုးဆန်​တဲ့အကျင့်​ကို Chai Shilinသိသည်။ တစ်​ပါးသူအကြံကိုလည်း မယူတတ်​၊ သူ လုပ်​ချင်​တာလုပ်​တတ်​တာ​ကြောင့်​လည်း Chai Shilin​ပြောစကားနားဝင်​မှာမဟုတ်​မှန်းသိသည်။

" ဒါရှင့်​အလုပ်​မဟုတ်​ပါဘူး Chaiစစ်​သူကြီးရဲ့။ ရှင့်​အလုပ်​က အရှင်​မင်းမြတ်ကိုကာကွယ်​ဖို့ပဲ။ "

အ​ကြောင်းမရှိ Yubi​လေသံက ​စောင်းချိတ်​​ပြော​နေဟန်​တူ၏။ Chai Shilin နန်းတွင်းထဲ​ရောက်​လာတဲ့အပြင်​ Chaiအိမ်​​တော်​ကသူ​တွေပါ ​ခေါ်လာတဲ့အတွက်​ အပြင်လူတွေနဲ့​ရော​နှော​နေထိုင်​ရတာ Yubi စိတ်သဘောမကျတာကြာပြီ။ စိတ်​ထားကြီးမြတ်​သူ​တွေထဲ Yubiမပါခဲ့။ ဧည့်သည်ပီပီChai Shilin ပြန်​လည်​ခွန်းတုံ့မပြန်​ပဲ ​တောင်းပန်​လိုက်​သည်။ မည်​သို့ပင်​ဆိုကာ​စေမူ Yubiကမိဖုရားကြီး​ပေကိုး။

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now