Shuyeဘုရင်နတ်ရွာစံပြီးနောက် အကြံပေးအမတ်မင်းက ထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ မိဖုရားခေါင်ကြီး Yubiဟာ အကြံပေးအမတ်ရဲ့ ကြိုးကိုင်မှုကိုခံမယ့်အစား မင်းမျိုးနွယ်ကိုစွန့်လွှတ်ကာ တောင်ပေါ်သီလရှင်ကျောင်းကို ထွက်ပြေးသွားသည်။ အခက်အခဲတွေကြားထဲကနေ Ribo Leiဟာ ရာထူးအနည်းငယ်ချခံရတာမှအပ အန္တရာယ်မရောက်ခဲ့ဘူး။ ဆုံးရှုံးမှုကြီးမားလွန်းတဲ့ တစ်ခုတည်းသောအရာက Chaiအိမ်တော်ချိပ်ပိတ်ခံလိုက်ရတာဖြစ်သည်။ Moအိမ်တော်အဟောင်းနဲ့ Chaiအိမ်တော်ရှိခဲ့တဲ့ လမ်းသွယ်ဟာ ယခုတော့နေ့ဘက်တောင် ဖြတ်သွားဖြတ်လာမရှိကြတော့ဘူး။ အချိန်အားဖြင့်လည်း ၃လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်။
--------------
Mingပြည်ထောင်။Mingဧကရာဇ် Meng Yao တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့တာမို့ လနဲ့ချီနန်းတွင်းအရေးတွေကို လက်လွှတ်ခဲ့ရသည်။ နန်းတော်ထဲမှာလည်း အတင်းစကားတွေ ပျံ့နှံ့နေသည်။ အမျိုးသမီးတစ်ဦးကို ပွေ့ချီပြီးနန်းမြို့ရိုးထဲ Meng Yao ဝင်လာတဲ့မြင်ကွင်းကို အားလုံးတွေ့ခဲ့ကြတာကြောင့်။ Meng Yao သမားတော်အကျော်အမော်တွေကို ခေါ်ယူပြီး အမျိုးသမီးကိုကုသစေသည်။ အတူပါလာတဲ့ စစ်သေနာပတိနဲ့ ကလေးသေးသေးလေးကိုလည်း သီးသန့်စောင့်ရှောက်ထားစေခဲ့သည်။
" အရှင်မင်းကြီး သူတို့အကြောင်းကိုဘယ်တော့မှ ပြောဖို့တွေးထားသလဲ။ "
Meng Yao၏အစ်မတော်မင်းသမီး Nulemboက ဧကရာဇ်Meng Yaoနဲ့ တွေ့ဆုံမေးမြန်းလာသည်။ Meng Yaoကတော့ သူ့နှုတ်ကနေပြောဖို့စိတ်မပါပုံပြသည်။
" အစ်မတော် စုံစမ်းပြီးပြီမလား။ ဘာကြောင့်တကူးတက လာမေးနေရတာတုံး။ "
" မင်းနှုတ်ကနေပြောလာမှ အစ်မတော်ဖြစ်တဲ့ငါက နားလည်နိုင်မှာပဲလေ။ ဘယ်မင်းဆက်မှာများ ဒီလိုသတင်းကြားဖူးလို့လဲ။ ကလေးနဲ့အမေက Mingပြည်နယ်သားမဟုတ်တဲ့အပြင် ရာဇဝတ်ဘေးသင့်နေတဲ့သူတွေပဲ။ သူတို့ကို တစ်ဖက်ကမ်းပြန်ပို့လိုက်တော့ Meng Yao။ "
" တော်ပါတော့အစ်မတော်။ သူတို့ကိုငါခေါ်လာတာ ငါတာဝန်ယူနိုင်လို့။ အစ်မတော် မသိချင်ယောင်ဆောင်နေလိုက်။ "
ESTÁS LEYENDO
My Rude Husband ( Zawgyi and Unicode )
Ficción histórica✨Edit Version✨ 💡 Own Creation 💡 #Do not repost