Chapter 41

6.3K 805 17
                                    

" ဟဲ့ Luliကဝတ်​​ကောင်းစားလှ​တွေနဲ့ ​ကောင်းစား​နေတာ​နော်​။ "
" ဟုတ်​ပါ့ သူ့​ယောကျာ်းက​ နာမည်​ဆိုးထွက်​​ပေမယ့်​ သူ့ကို​တော့အ​တော်​ချစ်​မယ့်​ပုံ " 
" ဒီတစ်​ခါလာတာ ငါတို့အတွက်​လည်းလက်​​ဆောင်​မပါလာကြဘူး။ "
" ပါလာစရာလား။ ငါတို့သူ့အ​ပေါ် ပြုမူခဲ့တာ​တွေလည်း ပြန်​စဉ်းစားကြည့်​​လေ။ "

Nieသခင်​မ​လေး၂​ယောက်​ Chaiသခင်ကြီးအသုဘ​ခေါင်းတလားထားရာ ခန်းမငယ်​ထဲမှာ တီးတိုး​ပြော​နေကြသည်။ Luliကိုမနာလိုစိတ်​​တွေက အထင်းသား။ အတွင်းစိတ်မှာတော့ Chai Shilinကိုသာ သူတို့လက်​ထပ်​ခဲ့ရင်​ဆိုတဲ့ ​နောင်​တ​တွေကတစ်​ပုံတစ်​ပင်​။

" Luliကနန်းတွင်းမှာ​နေ​နေတာတဲ့။ ဘုရင်​မင်းမြတ်​နဲ့ စစ်​သူကြီးChaiကလည်း ရင်းနှီးတဲ့ဆက်​ဆံ​ရေးဆို။ "
" အခုLuliကိုပစား​ပေးထားကြသင့်​တယ်​။ ​ဒီအိမ်​မှာ အ​ဖေလည်းမရှိ​တော့ဘူး၊ အ​မေကလည်း စီးပွား​ရေးမလုပ်​တတ်​ဘူးအတွင်းပစ္စည်းကုန်​တဲ့တစ်​​နေ့ မကြာခင်​ငါတို့အားလုံး လမ်း​ဘေး​ရောက်​ကုန်​မှာ။ "

ခန်းမပြင်​ပတံခါးရွက်​အကွယ်​က​နေ Luliရပ်​​နေခဲ့သည်။ သူကူညီသင့်​လား၊ မကူညီသင့်​ဘူးလား စဉ်းစားရခက်​တယ်​။ သူလည်း လူသားထဲကလူသား​ပဲမို့ စိတ်​လွန်​ဆွဲ​နေသည်။

( ဘယ်​လိုလုပ်​​ရင်​ သူတို့၂​ယောက်​အဆင်​​ပြေမလဲ။ )

ညချမ်းအခါ​ရောက်​​တော့ Luliရှိ​နေတဲ့အခန်းအနား Nieသခင်​မ​လေး၁ ကပ်​လာသည်။ တံခါးကိုရိုကျိုးစွာ​ခေါက်​ကာ နှုတ်​ဆက်​သည်။

" Chaiသခင်​မ အိပ်​ပြီလားရှင့်​။ "

ဖ​ယောင်းတိုင်​မီးညှိကာ အိပ်​ရာထက်​က​နေ Luliထလာသည်။ တံခါးတစ်​ချပ်​ကိုဟကြည့်​တဲ့အခါ Nieသခင်​မ​လေး ၁ ​​ဖြော့​တော့စွာပြုံးသည်။

" စကားအနည်းငယ်​​ပြောလို့ရမလားဟင်​။ သခင်​မနဲ့ပဲ​ပြောချင်​တာပါ။ "

Luli ခဏ​တော့စဉ်းစားပြီး သ​ဘောတူလိုက်​သည်။ တံခါးတစ်​ဖက်​ကိုလှစ်​ဟကာ Nieသခင်​မ​လေး၁ကို အထဲဝင်​​စေသည်။

My Rude Husband ( Zawgyi and Unicode )Donde viven las historias. Descúbrelo ahora