Chapter 20

10.8K 1.2K 39
                                    

Chai Shilin မျက်​စိပြန်​​ကောင်းလာတာနဲ့အမျှ လေ့ကျင့်ရင်းကွင်းဆင်းမယ်​တကဲကဲလုပ်​​နေသည်။ ဒါ​ပေမယ့်​သူ့ကိုတစ်​​ယောက်​က ဆွဲထား​နေ​လေရဲ့။

" Chai Shilin ကျွန်မကိုဘယ်​​တော့ဓား​ရေး​သင်​​ပေးမှာလဲ။ "

မျောက်​လက်​ထဲအုန်းသီးရသွားသလို Luliနဲ့ဓားအသစ်​က မခွဲလျက်​တစ်​တွဲတွဲ။ Chai Shilin သူ​ပေးတဲ့လက်​​ဆောင်​ကို အ​ဝေးဆုံးအထိ လွှင့်​ပစ်​ချင်​လာပြီ။ သူ့ဓားအမည်​ကို Gan Jiangလို့​ပေးထားတာ​ကြောင့်​ Luliဓားအမည်​က Mo Ye ဖြစ်​သွားသည်။

" Mo Yeကိုသိမ်းထားလိုက်​စမ်းပါ။ ​နေရာတကာယူမသွားနဲ့။ "

ဓားကိုခါးမှာလွယ်​ပြီး မီးဖို​ခန်းမှာအလုပ်​ဝင်​လုပ်​​နေတဲ့ Luliကို Chai Shilin ​အော်​​ငေါက်​လိုက်​သည်။

" ရှင်​​ပေးထားပြီး အခုကျစိတ်​​ပြောင်းသွားပြန်​ပြီလား။ ရှင့်​မျက်​စိပြန်​မြင်​ကတည်းက အရင်​လိုပူညံပူညံနဲ့။ "

Luli ဓားကိုထင်းပုံ​ပေါ်ပစ်​ချပြီး စိတ်​​ကောက်​လိုက်​သည်။ Chai Shilin ​နေရာတကာလိုက်​​ပြော​နေရင်​ သူသာအသက်​ထွက်​သွားမယ်​။ စစ်​သည်​​တော်​​တွေလို ရိုက်​နှက်​ပြီးပုံသွင်းလို့လည်းမဖြစ်​၊ သူ့ကို ရင့်​ကျက်​တဲ့မိန်းကလေးဖြစ်နေပြီထင်ခဲ့ပေမယ့် က​လေးဆိုးကြီးလို ရစ်​ရတာနဲ့​ကောက်​ရတာနဲ့။

" ကဲ မင်းတကယ်​ဓား​ရေးကျင့်​ချင်​လို့လား။ "

Chai Shilin တစ်​ထစ်​​လျော့လိုက်သည်။ Luli သူ့ကို​မော့ကြည့်​ပြီး စိတ်အားထက်သန်စွာပြော၏။

" အင်း။ "
" ခက်​ခဲမှာ​နော်​။ "
" ဒီထက်​ခက်​ခဲတာ​တွေ​တောင်​ လုပ်​ခဲ့တာပဲ။ ခွန်​အားမှာ​တော့ ကျွန်မကသာမန်​မိန်းက​လေး​တွေထက်​ ပိုသာတယ်​​နော်​။ "
" မင်းစကားမင်းမှတ်​ထား။ ​နောက်​မှကိုယ့်​ကိုအပြစ်​ လာမတင်​နဲ့။ "

Luli Mo Yeကို​ကောက်​ယူလိုက်​ပြီး Chai Shilinကိုသွားဖြီးပြုံးလိုက်​သည်။ သူတစ်​ခါသက်​ပြင်းချရပြန်​ပြီ​ပေါ့။

----------------
Luliရဲ့ဓား​ရေးအဆင့်​က အ​ခြေခံက​နေစတင်​ဆို​ပေမယ့်​ မြန်​မြန်​ဆန်​ဆန်​တိုးတက်​လာသည်။ အရိပ်​ပြအ​ကောင်​မြင်​တဲ့ ပါရမီရှိသူတစ်​ဦး​ပေါ့။ အစတုန်းက​တော့ Chai Shilin စိတ်​မပါပဲသင်​​ပေးသည်၊ ​နောက်​​တော့သူ့ပုံစံနဲ့ထပ်​တူကျ သင်​​ပေး​တော့တာပဲ။

My Rude Husband ( Zawgyi and Unicode )Tempat cerita menjadi hidup. Temukan sekarang