Chapter 67

4.5K 528 13
                                    

Luli မနက်​ကတည်းက စိတ်​​ပျော်​ရွှင်​​နေတာ တစ်​​နေ့လုံး အငြိမ်​မ​နေလှုပ်​ရွ​နေသည်။ နန်းတွင်းသူ​တွေနဲ့လည်း စကားအများကြီး​ပြော​သည်။ သမီးငယ်​ကို ​ရင်​ခွင်​မှာ​ပွေ့ချီလျက်​ အ​ဆောင်​ပတ်​ဝန်းကျင်​မှာ ခေါက်တုံ့ခေါက်ပြန် လမ်း​လျှောက်​​နေသည်။ စင်္ကြန်​လမ်းတစ်​​လျှောက်​ သွပ်အမိုးကာထားတာ​ကြောင့်​ ​နေအပူဒဏ်​လုံးဝမခံစားရဘူး။ တဖြည်းဖြည်းနဲ့ ShiHong​က သူ့အ​ဖေ Chai Shilinနဲ့ ဆင်​တူလာတာသိသာလွန်းသည်။ သမီး၂​ယောက်​​မွေးထားတာ ၂​ယောက်​စလုံးက အ​ဖေတူဖြစ်​​နေတာ Luli မနာလိုမိပါရဲ့။ သမီးငယ်​ကိုကြည့်​ရင်​ သမီးအကြီးကို သတိရလာပြီး သူဘေးကင်း​စေရန်​သာ ​ဆု​တောင်း​နေမိသည်။ ​ရွှေမြို့​တော်​မှာက​လေးတို့အ​ဖေ တိုက်​ပွဲ​အောင်​မြင်​ခဲ့ပြီး ထီးနန်းတက်​တဲ့သတင်းကြားခဲ့ရသည်။ ​မင်္ဂလာရှိသည့်နေ့ထူး​နေ့မြတ်​မှာ Luli ​ပျော်​ရွှင်​​နေသင့်သည်မဟုတ်လား။

( Shilin ရှင်​ကျွန်မတို့ကို အမြန်​လာ​ခေါ်ပါ​တော့။ ကျွန်မ ရှင့်​ကိုလွမ်းတယ်​။ သမီး​လေးကိုလည်း ရှင့်​ကိုမြင်​​စေချင်​တယ်​။ သမီးကြီးကိုလည်း ကျွန်မတို့အတူလိုက်​ရှာကြရအောင်။ )

--------------
ရွှေမြို့​တော်​။
Shin ညီလာခံပြီးတာနဲ့ အမတ်​​တွေကိုအပြင်​ထွက်​​စေလိုက်​ပြီး သူနဲ့LaoZiသာ​နေ​ရစ်​ခဲ့သည်။ Shin LaoZiကိုတာဝန်ပေးဖို့ရာ စာတစ်​​စောင်​​ရေးလိုက်​သည်။

" ဆရာLaoZi မနက်​ဖြန်​ Luliတို့ကိုသွားရောက်ခေါ်လို့ရပြီ။လိုအပ်​သ​လောက်​ စစ်​အင်​အား​တွေယူသွားလို့ရတယ်​။ ပြီးရင်​ ShiZuသတင်းအမြန်ဆုံးစုံစမ်းရှာဖွေမယ့် နန်းတွင်းစုံထောက်တစ်ဖွဲ့ ဖွဲ့စည်းစေ။ "
" အမိန့်​အတိုင်းပါ။ "

LaoZi ဦးညွတ်​အရိုအ​သေပြုပြီး​နောက်​ ညီလာခံခန်းမမှထွက်​လာသည်။ အပြင်​ဘက်​မှာ Ribo Leiက လက်​ပိုက်​ရပ်​​နေပြီး LaoZiကို လက်​တားလိုက်​သည်။

" ဆရာLaoZi ဆရာ့ကို​မေးစရာအနည်းငယ်​ရှိတယ်​။ "

LaoZiက Ribo Leiကို​​မော့ကြည့်​လိုက်​သည်။

" ဘာ​ပြောမလို့လဲ ​မောင်​ရင်​Ribo။ "
" ဆရာက Luliရဲ့အ​ဖေအရင်းလို့ကြားတယ်​။ ဘာလို့ အခုမှ​ဖွင့်​​ပြောရတာလဲ။ "
" ​မောင်​ရင်​က ကျွန်​​တော့်​ကိုအထင်​လွဲ​နေဟန်​တူတယ်​။ ​မောင်​ရင်​လည်းသိမှာပါ။ ဒီနယ်​​မြေရဲ့ဥ​ပ​ဒေအရ အပြစ်​သားမျိုးနွယ်​​တွေက ထီးနန်းကိုပိုင်​ဆိုင်​ခွင့်​မရဘူး။ ဘုရင်​မင်းမြတ်​ Shinက ​တော်​ဝင်​မျိုးနွယ်​မို့လို့ နန်းတက်​ခွင့်​ရ​ပေမယ့်​ Luliကို Yale​သွေးစပ်​တယ်​ဆိုတဲ့အချက်​​နဲ့ အမတ်​​တွေက ကန့်​ကွက်​လို့ရတယ်​။ Luliကို ​ဘေးမဖြစ်​​စေချင်​တဲ့ ကျွန်​​တော့်​ရဲ့​စေတနာကို နားလည်​​ပေး​စေချင်​ပါတယ်​။ "

My Rude Husband ( Zawgyi and Unicode )Where stories live. Discover now