Chapter 8 - နောက်ကြောင်း / နောက်ကြောင်း

11.3K 1.2K 8
                                    

Luliရဲ့ငယ်​ဘဝတစ်​​လျောက်​လုံးက နယ်​တကာလှည့်​ခဲ့ရတာချည်းဖြစ်​သည်။ ဇာတ်​အဖွဲ့ကမင်းသမီးဖြစ်​တဲ့အ​မေနဲ့အတူ က​လေးဘဝကတည်းက လိုက်​ပါခဲ့ရသည်။ လှပပြီး​သိမ်​​မွေ့သည့်Luliအ​မေကို ဇာတ်​​​ခေါင်း​ဆောင်​က အမြဲတမ်းအီစီကလီလုပ်​သည်။ မထိတထိကိုင်တွယ်သည်။ ​​ဒါတောင်ထမင်းငတ်​မှာ​ကြောက်​တဲ့ Luliတို့သားအမိ စိတ်ဆင်းရဲခံပြီးဇာတ်​အဖွဲ့က​နေရုန်းမထွက်​နိုင်ပေ။ Luliကို​တော့ ရုပ်​မ​ချောတဲ့ရွက်​ကြမ်း​ရေကြို ကလေးသာသာမို့ လက်​တိုလက်​​တောင်းပဲခိုင်းကြတယ်​။

ခွမ်း ! !

တစ်​ညမှာ​တော့ ဖန်​ခွက်​ကျကွဲသံ​ကြောင့်​ Luliအိပ်​ရာက​နေလန့်​နိုးလာသည်။ သားအမိ၂​ယောက်​ပဲအိပ်​တဲ့ ဂို​ဒေါင်​ငယ်​​လေးမှာ ​ခပ်ဝဝယောကျာ်းတစ်​​ယောက်​ရောက်နေသည်။

" အ​မေ ... "

Luliသူ့အ​မေကို လှုပ်​နိုး​နေတုန်း အဲ့လူရိပ်​မိသွားပြီး သူ့လည်​ပင်းကိုလာညှစ်​သည်။

" အ ... အ​မေ ကယ်​ပါဦး။ "

Luliအော်ဟစ်ရုန်းကန်​​​နေတာကြောင့်​ သူ့အ​မေနိုးလာသည်။ ဖြတ်​ခနဲထကြည့်​လိုက်​ပြီး ​ဘေးမှာအသင့်​ရှိတဲ့မီးအိမ်​ကို မီးစာထွန်းလိုက်​သည်။

" အားး ! ရှင်​ကျွန်မတို့အခန်းကိုဘယ်​လိုရာက်​လာတာလဲ။ ကျွန်မသမီးကိုလွှတ်​ ! "

ဇာတ်​​ခေါင်း​ဆောင်​က အဆီဝင်း​နေတဲ့မျက်​နှာနဲ့ Luliအ​မေကို ရမ္မက်​​ဝေစွာကြည့်​​နေသည်။ သူ့လက်​၂ဖက်​ကလည်း Luliလည်​ပင်းကိုညှစ်​ထားသည်။

" မင့်​ရဲ့သမီးကို မ​သေ​စေချင်​ရင်​ ငါလိုချင်​တာဖြည့်​ဆည်း​ပေး။ "
" ကျွန်မမှာသက်​ဆိုင်​သူရှိတယ်​။ ရှင်​မယုတ်​မာနဲ့။ "
" ဒါဆိုရင်​လည်း ဒီ​ကောင်​မကိုသတ်​လိုက်​ရုံပဲ​ပေါ့။ "

ပြင်းထန်​တဲ့ပစ်​ချက်​​ကြောင့်​ Luli လွင့်​စင်​ကာနံရံနဲ့တိုက်​မိသွားသည်။ တစ်​ကိုယ်​လုံးကအရိုး​တွေ ​ကျေမွသွားသလိုပဲ။ သူမအမြင်​မသဲမကွဲမှာ ဇာတ်​​ခေါင်း​ဆောင်​သူမအ​မေနား ကပ်​သွားတာမြင်​ရသည်။

My Rude Husband ( Zawgyi and Unicode )Hikayelerin yaşadığı yer. Şimdi keşfedin