Chapter 15

11.4K 1.1K 27
                                    

အိပ်​မက်​ထဲမှာ Luli ​တောင်​ကမူ​လေးတစ်​ခု​ပေါ်မှာ ရပ်​​နေသည်။ သူ့လက်​ထဲမှာ ပန်းခြင်းကိုင်​ထားပြီး ​တောင်​ဇလပ်​ပန်း​တွေ အပြည့်​ထည့်​ထားသည်။ ခပ်​​ဝေး​ဝေး​က​နေ ကောင်လေးတစ်​ဦးလမ်း​လျှောက်​လာတာကိုမြင်​ရသည်။

" Luli .... "
" ကိုကို "

သူမ ကိုကိုလို့​ခေါ်တဲ့သူရဲ့မျက်​နှာကို ​မေ့​ပျောက်​​နေတာကြာပြီဆို​ပေမယ့်​ ထူးထူးခြားခြား ဒီတစ်​ကြိမ်​​တော့ရှင်းလင်းပြတ်​သား​နေသည်။ နာမည်မပြောပြခဲ့တဲ့ Chaiသခင်လေးရဲ့အကြောင်း Luli သေချာမသိ။ ​အေးချမ်းတဲ့မျက်​နှာထားနဲ့ သူ့ကိုကြည့်​​နေသူက Chai Shilin ဟုတ်​ရဲ့လား။ တစ်​နေရာမှာမြင်​ဖူး​နေတဲ့မျက်​နှာကို ဆယ်စုနှစ်တစ်စုကြာမှ မှတ်​မိဖို့မစွမ်းနိုင်​။

" ကိုကို့အိမ်​မှာ နန်း​တော်​ကလူကြီးမင်း​တွေ​ရောက်​​နေလို့ ​အပြင်​ထွက်​မရတာ။ ​နောက်​ကျသွားတယ်​မလား။ "

သွား​ပေါ်​အောင်​ရယ်​ရင်း ကိုကိုကLuli၏လက်​၂ဖက်​ကိုပွတ်​ကာ ​တောင်းပန်​စကားဆိုသည်။ Luli ​တောင်​ဇလပ်​ပန်း​တွေကို သူ့အ​ပေါ်ကြဲချရင်း ရိုးရာသီချင်းညည်းလိုက်​သည်။ Luli သီဆိုတဲ့သီချင်းလေးက ​တောင်​ကမူတစ်​​လျှောက်​ ပျံ့လွင့်​​နေသည်။

" ​မကြာခင်​ ကိုကိုတို့မိသားစု ​ရွှေမြို့​တော်​ကို​ပြောင်းရ​တော့မယ်​။ "
" ဘာလို့လဲဟင်​။ ဒီမှာဆက်​​နေလို့မရဘူးလား။ "

Luli Chaiသခင်​​လေး​ပေါင်​ကိုကိုင်​လှုပ်​ကာ ​မေးလိုက်​သည်။ Chaiသခင်​​လေးက သက်​ပြင်းချရင်း Luliအားသူ့​ပေါင်​​ပေါ်တင်​ကာ ​ခေါင်း​လေးပွတ်​​ပေးလိုက်သည်။ Luliကအသက်​၈နှစ်​​လောက်​ပဲရှိ​သေးတာ​ကြောင့်​ ညီမလေးတစ်ယောက်လို ချစ်မြတ်နိုးရသည်။

" ​Luli​လေး မသိ​သေးတာ​တွေအများကြီးရှိ​သေးတယ်​။ ကိုကိုက အရွယ်​​ရောက်​ပြီးသားသူတစ်​​ယောက်​မို့ မြို့တော်ကိုကာကွယ်ဖို့ လေ့ကျင့်မှရမယ်။ အကယ်​၍ တစ်​​နေ့ကိုကို့တာဝန်​ပြီးသွားရင်​ Luliကိုဆက်​ဆက်​ပြန်​လာ​ခေါ်မယ်​။ "
" ဘယ်​အချိန်​အထိလဲ။ ​နောက်​တစ်​ပတ်​လား  .... "

My Rude Husband ( Zawgyi and Unicode )Wo Geschichten leben. Entdecke jetzt