အသံကြားတော့ BaiYi လှေဦးခန်းမှာနေရာချနေရင်းက အပြင်ကိုခေါင်းပြူထွက်လာသည်။ လာမေးမြန်းတဲ့လှေထိုးသားဆိုသူတွေလက်ထဲမှာ ဓားရှည်ကိုင်ထားတာမြင်တော့ BaiYiလက်က လှေခြေနင်းအောက်မှာ ဝှက်ထားတဲ့ဓားဆီ လက်လျိုနှိုက်ဖို့လုပ်သည်။ Meng Yaoက ချောင်းဟန့်ကာ BaiYiအပြုအမူကို တားမြစ်လိုက်သည်။ ထို့နောက် Meng Yaoက သူ့ယပ်တောင်ကိုရင်ဘတ်ထဲထည့်လိုက်ပြီး FeiFangလက်က မွေးကင်းစကလေးကို ညင်သာစွာပြောင်းချီလိုက်သည်။
" ဘာကိစ္စရှိလို့ပါလဲ ဆရာသမားတို့။ ကျွန်တော်တို့က Mingပြည်ထောင်က ကုန်သည်တွေပါပဲ။ ကျွန်တော်နဲ့အတူပါလာတာက မိသားစုတွေပါ။ "
Meng Yaoက Mingနယ်ခံစကားပြောကာ အသံဝဲလိုက်သည်။ သူ့လေယူလေသိမ်းက နယ်ခံနီးပါး ၈၀%တူ၏။ လှေထိုးသားယောင်ဆောင် ကြေးစားလူသတ်သမားတွေက Meng Yaoပြောတာကို မယုံတဝက်ယုံတစ်ဝက်နဲ့ လှေလိုက်ကာကိုဖွင့်ဖို့ပြင်သည်။ BaiYi ဆတ်ခနဲထလိုက်ပြီး သူ့အကျီလက်ကိုဆန့်တန်းကာ ကာရံလိုက်သည်။ အဖိုးအိုလေသံပေါက်အောင်ပြင်လိုက်ကာ ချောင်းတဟွတ်ဟွတ်ဆိုးပြသည်။
" အထဲမှာ မီးနေသည်နဲ့ကလေးတစ်ဦးရှိတယ်ကွဲ့။ သူတို့ကိုထိတ်လန့်စေဖို့မသင့်တော်မှန်း သိတယ်မလား။ "
ဝင်မယ်လုပ်နေသူတွေလည်း ကြောင်တောင်အန်းဖြစ်သွားပြီး တစ်ဦးကတော့ သူ့ခေါင်းကိုတိုးဝင်ကာ အမြန်ကြည့်လိုက်သည်။ စပ်ဖျဉ်းဖျဉ်းဆေးနံ့မွှန်ထူနေတဲ့အခန်းငယ်ကြောင့် သူချက်ချင်းအနောက်ဆုတ်လိုက်သည်။
" ကဲ အကိုကြီးတို့ရေ ကျွန်တော့်ဇနီးသည်က မီးဖွားပြီးနောက်နေမကောင်းတာကြောင့် သမားတော်ပြဖို့အမြန်ပြန်ရမှာ။ စိတ်မရှိရင် ကျွန်တော်တို့ကိုသွားခွင့်ပြုပါလား။ ကလေးကလည်း လူသူထူထပ်တဲ့နေရာနဲ့ အသားမကျသေးဘူး။ "
Meng Yaoက သရုပ်ဆောင်ကောင်းစွာ လှေကိုချည်ထားတဲ့ကြိုးထုံးကို သူ့ခြေနဲ့ချွတ်လိုက်သည်။ အသာအယာ လှေပေါ်တက်လိုက်ပြီး FeiFangလည်း သူ့အနောက်လိုက်လာသည်။ BaiYiက FeiFangကို ကူညီနေရာပေး၏။ ရေအလျင်နဲ့တဖြည်းဖြည်း ကမ်းကခွာလာတဲ့အချိန်မှာ Meng Yaoက သူ့လက်ထဲကကလေးကိုနေမထိအောင် လက်ဝတ်ရုံနဲ့ကာပေးလိုက်သည်။ အဲဒီအချိန်မှာပဲ အဝေးကနေပြေးလာတဲ့ရဲမက်တစ်ဦးက Meng Yaoတို့လှေဘက်ကိုလက်ညိုးထိုးကာ အော်ပြောလိုက်သည်။
ŞİMDİ OKUDUĞUN
My Rude Husband ( Zawgyi and Unicode )
Tarihi Kurgu✨Edit Version✨ 💡 Own Creation 💡 #Do not repost