Part 10
6.5K 488 70
နံရံထောင့်တစ်နေရာရှိ အိပ်ယာသေးသေးလေးထက်တွင် ချယ်ရီလေးမှာ ငြိမ်သက်စွာ လှဲလျောင်းနေသည်။ ဧကအနားသို့သွားပြီး ပွတ်သပ်ကာ နာမည်ခေါ်နေသည့်တိုင်အောင်
အမြှီးလေးနှံ့ပြီး ချွဲနွဲ့ခြင်းမပြုနိုင်တော့....။
ဧကတစ်ယောက် ဘာစကားမှမပြော...။ ချယ်ရီလေးအား
ငုတ်တုတ်ထိုင်ပြီး ကြည့်နေရင်း မျက်လုံးတို့ဝေဝါးလာပြီး မျက်ရည်တွေ တရဟော စီးကျလာခဲ့သည်။ အသံထွက်ရှိုက်ငိုခြင်းတို့လည်း မရှိ။ အကြားအလပ်မရှိ စီးကျနေဆဲဖြစ်သော မျက်ရည်တွေက ဧကဘယ်လောက် ဝမ်းနည်းနေလဲဆိုတာ ဖော်ပြနေသည်ကတော့ အသေအချာပင်....။
"ဘယ်လိုဖြစ်တာလဲ ဒေါ်လုံး....
အကောင်းကြီးကနေ....."
"မသိပါဘူး....သားရယ်....
မနက်ကလေ ထမင်းကျွေးဖို့လုပ်တဲ့ထိအကောင်း....
ထမင်းစားပြီး ခဏကြာတော့ သူအန်တယ်....
အဲ့တာနဲ့ ဒေါ်လုံးလည်း အစာမကြေဖြစ်တယ်ထင်လို့....
ဆေးရည်တိုက်လိုက်ပြီး သူ့အိပ်ရာပေါ် ထားထားပေးတာ....
အိမ်အလုပ်လုပ်တွေလုပ်ပြီး လာပြန်ကြည့်တော့ ဒီပုံစံလေး
အတိုင်းဘဲ လှုပ်လည်းမလှုပ်တော့ဘူး...."
ဒေါ်လုံးစကားဆုံးတော့ ပြည့်စုံထွန်းလင်းက
ဧကဘေးနားထိုင်ကာ ပခုံးလေးကို ဖက်ထားပေးသည်။
ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပေးလိုက်သော်လည်း
ချက်ချင်းပင် ပြန်၍စိုစွတ်သွားပြန်သည်။
"ခေါင်းတွေကိုက်မယ်လေညီလေးရယ်....
ကိုကိုကြီးတို့လည်း ဘယ်တတ်နိုင်မလဲ...မငိုနဲ့တော့နော်...
မိုးမချုပ်ခင် ချယ်ရီလေးကို မြေမြှုပ်ရမယ်လေ....
သူလည်းကိုကိုကြီးတို့နဲ့ နေလာခဲ့တာကြာပြီဘဲ...
ညီလေးကလည်းသူ့ကိုအရမ်းချစ်တယ်...သူဒီမှာနေခဲ့ရတာ
ကံကောင်းပါတယ်ကွာ...ပြီးတော့ အခုလိုဖြစ်တာလည်း...
သူဒီဘဝထက်ပိုကောင်းတဲ့နေရာ သွားရဖို့အချိန်ရောက်ပြီဘဲ
မှတ်လိုက်ပါ...နော်....မငိုနဲ့....တိတ်တော့...."
မျက်ရည်ထွက်မှ ဝမ်းနည်းသည်မဟုတ်ဘဲ...
မျက်ရည်မထွက်သော ပြည့်စုံထွန်းလင်းသည်လည်း ဧကထပ်တူ ဝမ်းနည်းနေသည်မှာ အသေအချာပင်...။
သူသည်က အမြဲတမ်း
ချုပ်ထိန်းနေရသူဖြစ်၍ ဝမ်းနည်းသည့်စိတ်ကို ထိန်းချုပ်ထားနိုင်သည်။ ဧကကိုနှစ်သိမ့်နိုင်ဖို့...သူကိုယ်တိုင်က
အားငယ်နေ၍မရ....။