Part 16(Unicode)
3K 239 7
ဆရာမစာသင်သည်ကို ခါတိုင်းအချိန်တွေလောက် စိတ်ပါဝင်စားခြင်းမရှိသော မိုးထက်ပိုင်ထူးကိုငေးရင်း...
ထူးသစ်စတစ်ယောက် အတွေးနယ်ချဲ့နေလေသည်။
ဒီကောင် ဘာဖြစ်နေတာလဲ......
စိတ်ကတစ်ခြားရောက်နေသလိုဘဲ....
ပြာရောင်လဲ့နဲ့ ရန်ဖြစ်ထားကြလို့များလား.....
ဖြစ်တော့မဖြစ်နိုင်ဘူး....သူတို့နှစ်ယောက်က.
ဒီလောက် အတွဲညီနေတာကို....ဒါမှမဟုတ်
တစ်ခြားကိစ္စရှိလို့များလား.......
မိုးထက်ကတော့ စာအုပ်ထဲမျက်နှာရောက်နေသည်ဆိုသော်ငြား....
သူ၏စိတ်တို့သည် မနေ့ညကအဖြစ်အပျက်တွင် မခွာနိုင်အောင် ဖြစ်နေလေသည်။
ရင်ထဲတစ်မျိုးကြီးခံစားနေရသည်က အခုထက်ထိမပျောက်သေး....
ဒီလိုခံစားချက်သည် ဘယ်လိုကြောင့်
ဖြစ်နေရသည်ဆိုတာကိုလည်း မိုးထက်မသိပေ....။
ပထမစာသင်ချိန် ကုန်ဆုံးပြီး၍ နောက်တစ်ချိန်သို့ ကူးပြောင်းခါနီးစပ်ကြားတွင် ထူးသစ်စသည် မိုးထက်ငြိမ်နေသည်ကို
မကြည့်နိုင်တော့၍ မေးလိုက်သည်။
"မိုးထက်.....မင်းဘာဖြစ်နေတာလဲ......
ဒီနေ့ ခါတိုင်းနဲ့မတူဘူး....တစ်မျိုးဖြစ်နေတယ်....."
ထိုစဉ်မိုးထက်သည် ထူးသစ်စဘက်သို့လှည့်လာပြီး မျက်မှန်ကိုင်းကိုပင့် နဖူးပေါ်ကျနေသော ရွှေဝါရောင် ဆံပင်စတို့ကို ခေါင်းပေါ်သပ်တင်လိုက်သည်။ ဆံပင်အောက်မှာ ပျောက်ကွယ်နေသော မျက်ခုံးထူထူနှင့် မဟာနဖူးပြင်က တစ်ခဏတော့ ပုန်းနေရာမှ ထွက်ပေါ်လာသည်။
"ငါတစ်မျိုးဖြစ်နေတာ မင်းသိတယ်နော်....
ငါလည်း ငါ့ကိုယ်ငါ တစ်ခုခုဖြစ်နေတာသိတယ်....
ဘာဖြစ်နေမှန်းတော့မသိဘူး..."
မိုးထက်ရဲ့အဖြေမဟုတ်သော အဖြေစကားကြောင့် ထူးသစ်စသည် သူ၏ဦးခေါင်းထက်မှ ဂျယ်နဲ့အသေအချာ ပြုပြင်ထားသော လှိုင်းတွန့်ဆံပင်တွေအား ဆွဲဖွလိုက်မိသည်။
"မင်းဟာကလည်း....ဘာကြီးလဲ.....
ကိုယ်ဖြစ်နေတာတောင် ကိုယ်မသိဘူးဆိုတော့....
နေပါဦး....မင်းနဲ့ပြာရောင်လဲ့...အဆင်ရောပြေရဲ့လား...."