Part 34(Unicode)
2.5K 200 1
ခွဲခွာရတဲ့အချိန်တွေသည် ဝမ်းနည်းဖွယ်ကောင်းလွန်းလှသည်။
ခဏတာပဲဖြစ်ဖြစ်၊ ရက်ပေါင်းများစွာပဲကြာကြာ၊ နှစ်ပေါင်းများစွာ ကုန်လွန်ခြင်းတို့ဖြစ်စေကာမူ နှုတ်ဆက်ရသည့် အချိန်တွေသည်
ပျော်ရွှင်ခြင်းထက်....ဝမ်းနည်းစိတ်တို့သာ ပိုစေသည်။
ခြံရှေ့အကွယ်နေရာတွင် လွင်သစ်သွေးတို့သုံးယောက် မတ်တပ်ရပ်နေကြသည်။ လွင်သစ်သွေးသည် မျက်နှာချင်းဆိုင် အနေအထားဖြင့် ဧက၏ပခုံးစွန်းနှစ်ဖက်ကို ဆုပ်ကိုင်၍.....
"ဧက....စာမေးပွဲက ဘယ်လောက်မှ မလိုတော့ဘူး....
ပိုကြိုးစားရမယ်ဆိုတာသိတယ်မလား...စာကျက်နေတဲ့အချိန်
ဘာကိုမှမတွေးနဲ့...အဲ့ဒီ့အတွေးတွေက ကိုယ့်ကို ဒုက္ခပေးလိမ့်မယ်....
ကိုကိုမှာတာတွေ မှတ်ထားနော်....
ဧက က တော်ပြီးသားဆိုတော့....
တခြားထပ်မှာစရာတော့ မရှိဘူး....
တစ်ခုပဲ.....ကျန်းမာရေးကို ဂရုစိုက်...
မဖျားစေနဲ့..ညဉ့်နက်တဲ့ထိလည်း စာမကျက်နဲ့...
စောစောအိပ်...အဓိကကတော့...နေမကောင်းမဖြစ်ဖို့ပဲ..."
စကားအဆုံးတွင် ဧကဆံပင်လေးတွေအား ဖြည်းဖြည်းချင်းပွတ်သပ်ပေးလိုက်သည်။ စိတ်မချခြင်းတွေသည် သူ့ရှေ့တွင် ရပ်နေသော ဖြူဖြူသေးသေးကောင်လေးထံမှ လာသည်။ ဖြစ်နိုင်ရင် စာမေးပွဲပြီးတဲ့ထိ အနားမှာ သေချာရှိနေပေးချင်ပေမဲ့ မဖြစ်နိုင်....။
.
.
.
"ကိုကိုနဲ့ ဘယ်တော့ထပ်တွေ့ရမလဲဟင်......"
"အခြေအနေပေးတဲ့ တစ်နေ့ပေါ့...ဧကရယ်...
ဥပမာ...ဒီနေ့လိုမျိုးပေါ့....."
လွင်သစ်သွေးသည် မိုးထက်အား ကျေးဇူးတင်သည့်အမူအရာနှင့် ပြုံး၍ လှမ်းကြည့်လိုက်သေးသည်။ အမှန်တော့ ဧကတို့အိမ်ရှေ့သို့
သူနေ့တိုင်းရောက်ခဲ့သည်။တစ်နေရာမှာ ပုန်းကွယ်ရင်း အိမ်ထဲသို့ ချောင်းကြည့်သည်။ဧကအား တစ်ခါတရံ ဝရန်တာမှာ...၊ တခါတရံ ခြံထဲကဒန်းပေါ်မှာ တွေ့ရတတ်ပေမဲ့ မခေါ်ဖြစ်..၊ တိတ်တိတ်လေး ကြည့်ပြီး အိမ်သို့လှည့်ပြန်ခဲ့ရတာပင်....။ အဆင်ပြေနေသည်ကို တွေ့့ရရင် သူကျေနပ်သည်။